Local News Peace political news

ရသေ့တောင်တွင် အစိုးရစစ်တပ်က ဖမ်းဆီးစစ်ဆေးခံနေရသူ ကျောက်တန်းရွာသား ၂၇၅ ဦးအနက်မှ ၇ ဦးသေဆုံး၊ အများအပြား အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ မေ ၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာတွင် အစိုးရစစ်တပ်က AA တပ်ဖွဲ့နှင့် ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးနေသူ ၂၇၅ ဦးအနက်မှ ၇ ဦးသေဆုံးပြီး အများအပြား အပြင်းအထန် ဒဏ်ရာရရှိသဖြင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ အသက် ၁၅ နှစ်မှက် ၁၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာအမျိုးသား ၂၇၅ ဦးအား တွေ့ရှိခဲ့သဖြင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တထိန်းသိမ်းထားရှိပြီး တရားဥပဒေအရအရေးယူနိုင်ရေး အတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း အစိုးရစစ်တပ်က သတင်းထုတ်ပြန်ပြီးနောက် ၇ ဦးသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဒီလိုပဲ ရှေ့မှာ လက္ကာကျေးရွာမှာလည်း စစ်ဆေးရင်းနဲ့ပဲ သေတာ ၃ ဦး၊ ရှေ့မှာလည်း သေတာ ၁ ဦး။ အခု ကျောက်တန်းရွာမှာ သေတာက ၇ ဦး ။ ဒဏ်ရာရတာလည်းကလည်း အများကြီးပဲ။ သေတဲ့သူ အရေအတွက် ထပ်တိုးနိုင်တယ်” ဟု အမတ် ဦးခင်မောင်လတ်က ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

ဓာတ်ပုံ- ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင် အစိုးရစစ်တပ်၏ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးခံနေရသော ကျေးရွာသားများ။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com