All News Local News

ရန်ကုန်တွင် Alpha ဘိလပ်မြေ စက်ရုံ ဖျက်သိမ်းရေး ဦးဆောင်သူ ၂ ဦး ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခံရပြီး အာမခံရရှိ

ရန်ကုန်၊ မေ ၂၂

ရန်ကုန်မြို့တွင် Alpha ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူ ၂ ဦးကို ကျောက်တံတားမြို့နယ်ရဲစခန်းက ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးပြီး အာမခံပေးကာ ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဒဟပ်တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး မေလ ၁၉ရက်နေ့က ရန်ကုန်မြို့ ဗန္ဓုလပန်းခြံရှေ့ တွင်ဆန္ဒဖော်ထုတ်ခဲ့ပြီး ယင်းဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သူ ကိုဌေးအောင်၊ကိုနောင်နောင်၊တို့ကို ကျောက်တံတားရဲစခန်းက ယနေ့ မေလ ၂၂ရက်နေ့ ည နေပိုင်းတွင် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ၊ ယင်းနောက် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ပြီး အာမခံပေးကာ ပြန်လွှတ်လိုက်ကြောင်း ကာယကံရှင်ကိုဌေးအောင်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ဖျက်သိမ်းပေးရန် ဖမ်းဆီးခံကျေးရွာသားများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြတဲ့ အောင်သပြေ ဒေသခံများကိုမေလ ၁၅ ရက်နေ့ ၊ နံနက် ၄ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးပြီး ရာဘာကျည်များဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့ပြီး ကျေးရွာသားများနှင့် သတင်းထောက်တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး အရေးယူထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts