Local News political news

ရန်ကုန်တွင် သြဝါဒခံယူရန် ရောက်နေသည့် ဦးဝီရသူကို ဖမ်းဆီးရေး မည်သို့မည်ပုံ ဆောင်ရွက်မည်ကို မသိသေးဟု ရဲတပ်ဖွဲ့ ပြော၊ ဖမ်းဝရမ်းရရှိပြီဟုဆို

ရန်ကုန်တွင် သြဝါဒခံယူရန် ရောက်နေသည့် ဦးဝီရသူကို ဖမ်းဆီးရေး မည်သို့မည်ပုံ ဆောင်ရွက်မည်ကို မသိသေးဟု ရဲတပ်ဖွဲ့ ပြော၊ ဖမ်းဝရမ်းရရှိပြီဟုဆို

ရန်ကုန်၊ မေ ၂၉

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဦးဝီရသူကို ဖမ်းဆီးရန် ဖမ်းဝရမ်းရရှိပြီဖြစ်သော်လည်း ရန်ကုန်တွင် တိုင်းသံဃနာယကအဖွဲ့၏ သြဝါဒ ခံယူရန် ရောက်ရှိနေသည်ဆိုသော ဦးဝီရသူကို ဖမ်းဆီးရေး မည်သို့ မည်ပုံ ဆောင်ရွက်မည်ကို မသိသေးဟု ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲမှူးကြီးမျိုးသူစိုးက ပြောသည်။

ယနေ့နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဝရမ်းရရှိပြီး ဖမ်းဝရမ်းအတိုင်း ဖမ်းဆီးနိုင်ရေး ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဦးဝီရသူ ရန်ကုန်ရောက်ရှိနေသည်ကိုမူ မသိရှိကြောင်း၊ ဖမ်းဝရမ်းကို မဟာအောင်မြေမြို့နယ်သို့ ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖမ်းဝရမ်းရပြီခင်ဗျ။ လွန်ခဲ့တဲ့ စောစောက မှ ရတာ။ မိနစ်ပိုင်းကပဲ။ ကျနော်တို့ရတယ်။ ဖမ်းဝရမ်းကို အတည်ပြုဖို့အတွက် ဆက်လက်ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ သံဃနာယကအဖွဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ သူရောက်နေတာ ကျနော်မသိဘူးဗျ။ ရန်ကုန်ရောက်နေတာ ကျနော်မသိသေးဘူးဗျ။ မသိဘူးခင်ဗျ။ ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို ပြန်တော့ မေးကြည့်ရဦးမယ်။ ကျနော် အဲဒါ မသိသေးဘူး။ ဖမ်းဝရမ်းကတော့ မဟာအောင်မြေ ရဲတပ်ဖွဲ့ကို ပို့ရမှာပါ။ ဖမ်းဝရမ်းအတည်ပြုတာလည်း မန္တလေးတိုင်းရဲတပ်ဖွဲ့က အတည်ပြုတာပါ။ ရန်ကုန်ရောက်နေ တယ်ဆိုရင်တော့ ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ရဲမှူးကြီးမျိုးသူစိုးက ဆိုသည်။

ဦးဝီရသူကို ရန်ကုန်တွင် ကျင်းပခဲ့သော အခြေခံဥပဒေ မပြင်ဆင်ရေး ထောက်ခံပွဲ ဟောပြောမှု နှင့်ပတ်သက်ပြီး ပုဒ်မ ၁၂၄ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင်တရားရုံးတွင် ဦးတိုက်လျှောက် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts