All News

ရန်ကုန်တိုင်းအစိုးရခွင့်ပြုထားသည့် အစ္စလမ်ဘာသာ ဥပုဒ်လ ဝတ်ပြုနေရာကို လူ ၂၀၀ ဖြင့်ဝိုင်း၍ ပိတ်ခိုင်း

ရန်ကုန်၊ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အစ္စလမ်ဘာသာဝင်များ၏ ဥပုဒ်လအတွက် တရားဝင် ဝတ်ပြုခွင့်ပြုထားသော ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရှိ ယောက်ကော် ဝတ်ပြု အဆောက်အအုံတစ်ခုကို မေလ ၁၄ ရက်နေ့ ညပိုင်းက လူ ၂၀၀ ခန့်က လူအုပ်စုဖြင့် ဝိုင်းဝန်းပြီး ဖိအားပေးသဖြင့် ဝတ်ပြုခွင့် ပိတ်ပင်ခံရ ကြောင်း သိရှိရသည်။

အစ္စလမ်ဘာသာရေးအတွက် ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဝတ်ပြုခွင့် ၁၆ နေရာ တောင်းခံ တင်ပြခဲ့သော်လည်း ရန်ကုန်တိုင်းအစိုးရက ၃ နေရာကိုသာ တရားဝင် ဝတ်ပြုခွင့် နေရာအဖြစ် ခွင့်ပြုခဲ့ကြောင်း၊ တိုင်းအစိုးရ တရားဝင် ခွင့်ပြုပေးသော ဝတ်ပြုနေရာ ၃ ခုတွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရှိ နေရာလည်း အပါအဝင်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ညပိုင်း လူ ၂၀၀ ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရုံးကို လာရောက်ဝိုင်းပြီး အစ္စလမ်ဘာသာဝင်များ ဝတ်ပြုနေရာကို ဝတ်ပြုခွင့် မပြုရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

“ကျနော်တို့ တောင်ဒဂုံမှာ ကျနော်တို့ ဥပုဒ်လ အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ၃ နေရာ သတ်မှတ်ပေးတယ်။ ကျနော်တို့ တင်ထားတာ တောင်ဒဂုံမြို့နယ်မှာ ၁၆ နေရာ တင်ထားတာ ၃ နေရာ ဘဲ ခွင့်ပြုချက်ပေးတယ်။ ၃ နေရာထဲ ညကဖြစ်တဲ့ ယောက်ဂေါ နေရာ ပါတယ်။ အဲ့နေရာမှ တိုင်းဒေသအစိုးရအဖွဲ့ကနေ ဒီနေရာမှ ဥပုဒ်လ မှာ တရားဝင် ဝတ်ပြုဆုတောင်းခွင့်ပေးတယ်။ ဘုရားရှစ်ခိုးခွင့်ပေးတယ်။ မနေ့ညက ဘယ်မှာနေထိုင်မှန်းမသိတဲ့လူတွေက လာပြီးတော့ ဒီဟာကို ဝတ်ပြုလိုမရဘူး ၊ ပိတ်ပါ ၊ ပြုပါလို အင်အား ၂၀၀ လောက် လာလုပ်တယ်။ ကျနော်တို့ကို တရားဝင် စာနဲ့ ခွင့်ပြုထားပြီးတော့ တရားမဝင် နုတ်မိန့် နဲ့ ဝတ်ပြုလို့မရဘူး ။ ကန့်ကွက်တဲ့သူတွေ ရှိတယ်ဆိုပြီး မနေ့ညက လာတားတယ်” ဟု မြန်မာနိုင်ငံအစ္စလမ်ဘာသာရေးအဖွဲ့မှ ဦးဇော်မင်းလတ်က ပြောသည်။

ရန်ကုန်တိုင်းအစိုးရက တရားဝင်စာဖြင့် ခွင့်ပြုထားသော ဝတ်ပြုနေရာကို ရပ်ကွက်ဥက္ကဋ္ဌက နုတ်မိန့်ဖြင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်လဝတ်ပြုပါ ဆိုပြီး တရားဝင် ထုတ်ပြန်ပေးထားတယ်။ အခုမှ အစိုးရမဟုတ်သော အဖွဲ့တစ်ဖွဲ့က ဒီနေရာကို လာပြီး ဝတ်ပြုတာ မရဘူး ၊ ဆိုရင် ညကလူတွေက အစိုးရထက် ကြီးတဲ့လူတွေလား ။ ဝတ်ပြုကိုးကွယ်ခွင့်က မနေညကတည်း ရပ်ကွက် ဥက္ကဋ္ဌက နှုတ်မိန့်နဲ့ လာပိတ်သွားပြီ ။ နုတ်မိန့်နဲ့ ပိတ်သွားတယ်။ တိုင်းဒေသကြီး အစိုးရက တရားဝင်ခွင့်ပြုချက်ပေးတယ်။ ဒီနေရာမှာ ဝတ်ပြုပါ ။ ခွင့်ပြုချက်ပေးတဲ့နေရာကို အစိုးရထက် ကြီးတဲ့ အဖွဲ့တစ်ခုက လာပြောလိုလား ၊ ရပ်ကွက်ဥက္ကဋ္ဌက နုတ်မိန့် နဲ့ ဝတ်မပြုနဲ့တော့ ၊ ပိတ်ပါလို နုတ်မိန့် နဲ့ လာတားသွားတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မကြာသေးကပဲ ပြောတယ်။ နှုတ်မိန့်နဲ့ မည်သူကိစ္စမှ တားလို မရဘူး ပြောသွားတဲ့ စကား ကြားမိမှာပါ။ သို့သော် နုတ်မိန့် နဲ့ ဘယ်သူကိစ္စမှ တားလို မရဘူး ဆိုတာက ကျနော်ထင်တာက အစ္စလာမ် ဘာသာဝင်မှ အပ လို့ ထင်တယ်” ဟု ဦးဇော်မင်းလတ်က ဆိုသည်။

ဓာတ်ပုံ- လူ ၂၀၀ ခန့်က ရပ်ကွက်ရုံးကို ဝိုင်း၍ အစ္စလမ်ဘာသာဝင်များ ဝတ်ပြုနေရာကို ပိတ်ပင်ခိုင်းခဲ့ကြသည်။

Photo Credit – မင်းရိုးယာဉ် Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com