ရခိုင်ရဲတပ်ဖွဲ့က ပုဒ်မ ၁၇ ( ၂) ဖြင့် အမှုဖွင့်ထားမှုအပေါ် DMG အယ်ဒီတာချုပ်က MPC ထံ အကူအညီတောင်းခံ့

ရန်ကုန်၊ မေ ၈
ရခိုင်ပြည်နယ် အခြေစိုက် Development Media Group ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးအောင်မင်းဦးကို ရခိုင်ရဲတပ်ဖွဲ့က မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၂) ဖြင့် အမှုဖွင့်ထားမှုအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC) က လိုအပ်သလို ကူညီဆောင်ရွက်ပေးရန် DMG အယ်ဒီတာချုပ်က စာတစ်စောင် ရေးသားပေးပို့ တောင်းဆိုလိုက်သည်။


မည်သည့်အတွက်ကြောင့် ယင်းသို့ အမှုဖွင့်ထားသည်ကို မသိရှိရသည့်အပြင် DMG သတင်းဌာနသည် သတင်းမီဒီယာဥပဒေ ကျင့်ဝတ်များနှင့်အညီ သတင်းများကို ထုတ်လုပ်နေကြောင်း၊ ၎င်းကို ဖမ်းဆီးရန် အသည်းအသန်ရှာဖွေနေသည့်အပြင် ဇနီးမယားနှင့် ညီအကိုများကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ၎င်း ရေးသားပေးပို့သည့် စာတွင် ဖော်ပြထားသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ