All News Peace

ရခိုင်တွင် မြန်မာစစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု ရပ်ဆိုင်းရေး အမေရိကန်ရောက် ရခိုင်များ ဆန္ဒပြ

ရန်ကုန်၊ မေ ၁၄

ရခိုင်တွင် မြန်မာစစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရပ်ဆိုင်းရေး အမေရိကန်ပြည်ထောင်စုရောက် ရခိုင်လူမှု အဖွဲ့အစည်း(AAC)က ဦးဆောင်၍ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့တွင် မေလ ၁၃ ရက်နေ့က ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနှင့်ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ မတရား သတ်ဖြတ်ခံရသူများ အမျှဝေပွဲ တစ်ရပ်ကို ကျင်းပခဲ့ပြီး သံဃာတော်တစ်ပါး ကြွရောက်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်ရောက် ရခိုင်လူမျိုးများက ရခိုင်ပြည်နယ်တွင် စစ်တပ်က အရပ်သားများအား မတရားဖမ်း ဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က မတရားဖမ်းဆီးထားသော အရပ်သားများအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်၊ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ် ကျူးလွန်ခဲ့သော ကျူးလွန်နေသော ရာဇာဝတ်မှုများအတွက် တာဝန်ရှိ သူများအား အရေးယူအပြစ်ပေးရန်၊ ရခိုင်ပြည်နယ်အတွင်းရှိစစ်ဘေး ဒုက္ခသည်များအတွက် လိုအပ်သည့်အကူအညီများအား အစိုးရက တာဝန်ယူ လုပ်ဆောင် ပေးရန်နှင့် ပြည်တွင်းနှင့် နိုင်ငံတကာလူမှုကယ်ဆယ်ရေး စစ်ပြေးဒုက္ခသည်များကို လွှတ်လပ်စွာ ကူညီခွင့်ပြုရန်၊ ရခိုင်ပြည်နယ်တွင် မတရားဖမ်းဆီးချုပ်နှောင်းပြီး သတ်ဖြတ်ခြင်း ခံလိုက်ရသူ အရပ်သား ရခိုင်ပြည်သူ များနှင့်စပ်လျဉ်း၍ လွတ်လပ်ပြီးဘက်မှုကင်းသော တရားခုံရုံးဖြင့် စစ်ဆေးကြားနာရန် ဟူသော အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts