All News China Watch Local News

မြစ်ဆုံကို အကြောင်းပြု၍ တရုတ်- မြန်မာ ဆက်ဆံရေး ပျက်ပြားစေရန် လုပ်ဆောင်လျှင် အောင်မြင်မဟုတ်ဟု တရုတ်အသံအမတ်ပြော

ရန်ကုန်၊ မေ ၂၂

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့သော မြစ်ဆုံစီမံကိန်းကို အကြောင်းပြု၍ တရုတ်-မြန်မာ ရင်းနှီးမှုပျက်ပြားအောင် လုပ်ဆောင်မည်ဆိုပါက အောင်မြင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်က ပြောဆိုသည်။

တရုတ်အသံမတ်နေအိမ်တွင် မေလ ၂၁ ရက်နေ့ မြန်မာမီဒီယာများနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

‘‘ မြစ်ဆုံကိစ္စကို အကြောင်းပြု ပြီး တရုတ်-မြန်မာ ရင်းနှီးမှုပျက် အောင်လုပ်ရင် အောင်မြင်မှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်’’ဟု တရုတ်သံအမတ်ကြီး ဟုန်လျန်က ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အ ကူးအပြောင်းတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံရပြီး တရုတ်ကုမ္ပဏီ များ စီးပွားရေးအရ နစ်နာမှုများရှိ ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုှပ်နှံသည့် နိုင်ငံခြားကုမ္ပဏီတစ်ခုကို ဥပဒေ အရ အကွယ်ပေးရမည်ဖြစ် ကြောင်း၊မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် သတင်းအမှား ထုတ်ပြန်နေသည်များရှိနေပြီး မြန်မာ နိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးပြုပြင်ပြောင်းလဲရေးကို နှောင့် ယှက်မှုများရှိနေကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံရေးကိုလည်း ထိခိုက် အောင် ဆောင်ရွက်နေကြောင်း တရုတ်သံအမတ်က ပြောဆိုသည်။

လတ်တလော အနေအထားတွင် တရုတ်အစိုးရနှင့် မြန်မာအစိုးရသည် မြစ်ဆုံစီမံကိန်းဆိုင်ရာ ကော်မရှင်၏ အစီရင်ခံစာကို စောင့်ဆိုင်းနေကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုသွားသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်။ Photo Credit – Chinese Embassy

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts