All News

မေဒေးနေ့တွင် မန္တလေး၌ အလုပ်သမား(၂၀၀)နီးပါး တောင်းဆိုချက် (၆)ချက်ဖြင့် ဆန္ဒထုတ်ဖော်

Photo – Kaung Zaw Hein / MPA
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့က ဦးဆောင်ပြီး
မန္တလေးတွင် အလုပ်သမား (၂၀၀)နီးပါး ခန့်ကတောင်းဆို ဆန္ဒပြခဲ့ကြပါသည်။
အဆိုပါအလုပ်သမားများသည် လုပ်ခလစာကို တစ်နှစ်လျှင် တစ်ကြိမ်သုံးသပ်ပြင်ဆင်ပေးရေး…. ဒို့အရေး၊
ILO ပြဌာန်းချက် အမှတ် (၉၈) ကို အစိုးရမှ လက်မှတ်ရေးထိုးပေးရေး….……. ဒို့အရေး၊
အလုပ်သမား တရားရုံး အမြန်ဆုံးပေါ်ပေါက်ရေး…..ဒို့အရေး၊ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေကို
အမြန်ပြန်လည်ပြင်ဆင်ပေးရေး….. ဒို့အရေး၊
သမဂ္ဂ ဖြိုခွဲမှုများကို ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး နှင့်
(၆) အလုပ်သမားဥပဒေများကို ပြင်ဆင်ရေးဆွဲရာတွင် အလုပ်သမားများ၏
သဘောဆန္ဒကို ထည့်သွင်းရေး ဒို့အရေး တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ပါသည်။
အဆိုပါ အလုပ်သမားများသည် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ
အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထက်ဗမာပြည်ရုံးရှိရာ လမ်း(၆၀) ကျန်စစ်သားလမ်းမှ မန္တလေး စက်မှုဇုန်
ကနောင်မင်းသားကြီး လမ်းအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး အဆိုပါ ခန်းမတွင
် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts