All News Local News Peace

မိုးသက်လေပြင်းကျ၍ မြောက်ဦး စစ်ဘေးရှာင်စခန်းတွင် တဲများ ပျက်စီး၊ အကူအညီလိုအပ်နေ

ရန်ကုန်၊ မေ ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး စစ်ဘေးရှောင်စခန်းများရှိ ယာယီလူနေတဲများ ပျက်စီးသွားကာ အကူအညီလိုအပ်နေကြောင်း သိရှိရသည်။

မေလ ၁၅ ရက်နေ့ ၊ နေလည် ၂ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် ၊ လေးမြို့မြစ်ကမ်းနားအနီး ရှိ စစ်ဘေးရှောင့်ဒုက္ခသည် စခန်းအချို့ မှ ယာယီလူနေတဲအိမ်များ ပျက်စီးမှုများ ရှိခြင်းကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ယာယီကယ်ဆယ်ရေးစခန်းများ မိုးရာသီအတွင်း အမိုးအကာဖြင့် လုံ့ခြုံစွာ နေထိုင်နိုင်ရန် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပေးရန် လိုအပ်နေကြော်ငး ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများက ဆိုသည်။

“ ကျနော်တို့က မိုးရာသီအတွက် တချို့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှု ရှိနေတယ်။ အဲဒါတွေကို ကျနော်တို့ ကယ်ဆယ်ရေးစခန်းတွေကို အဖွဲ့အစည်းတွေက ကူညီပေးဖို့ ၊ နေရာအသီးသီးကနေ တာဝန်ယူပြီး နေရာချပေးစေချင်တယ်။ ကျနော်တို့ကလေး သူငယ်တွေရဲ့ ပညာရေး ၊ ဒီနှစ် ကျောင်း ကို ဘယ်မှ သွားတက်ရမလဲ မသိဘူး ဖြစ်နေတယ်။ ကျန်းမာရေး ဆိုရင် အချိန်မတော်ထဖြစ်ရင် ဆေးရုံဆေးခန်းကဝေး တော့ ၊ ဆရာဝန်တွေ ကို ကယ်ဆယ်ရေးမှာ ထားပေးစေချင်တယ်။ လက်ရှိတော့ ရွေ့ပြောင်းမယ့်နေရာအတိအကျမသိရတော့ ဘာမှ မလုပ်ဆောင်ရသေးဘူး “ ဟု စင်ဘောကိုင်း ကယ်ဆယ်ရေး စခန်း မှ ဦးမောင်ဝင်းတင်က ပြောသည်။

မြောက်ဦးမြို့နယ် နှင့် ၁၀ မိုင်အကွာတွင် တည်ရှိသည့် စင်ဘောကိုင်း စစ်ဘေးရှောင့် ဒုက္ခသည် ကယ်ဆယ်ရေးစခန်းသည် အိမ်ထောင်စု ၃၀၀ ကျော်နေထိုင်နေပြီး လေးမြို့မြစ်ကမ်း သဲသောင်ပြင်တွင် ပြုလုပ်ထားခြင်းကြောင့် မိုးရာသီအတွင်း ရေတက်လာနိုင်၍ ပြန်လည်နေရာရွေ့ပြောင်း တည်ဆောက် ပေးသင့်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

“ မနေ့က နေလည် ၂ နာရီလောက် လေက ဆက်တိုက်တော့ တဲက ပြိုတော့ တဲအိမ် ၃၅ ဆောင် ၊ အခုတော့ တဲတွေကို အမိုးအကာတွေနဲ့ ပြန်ပြင်နေတယ်။ ကျနော်တို့က မိုးတွင်းကျရင် ဒီမှာ နေလို့မရဘူးလေ။ ဆရာတော်ကတော့ နေဖို့မြေကွက်တွေကို တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်။ လက်ရှိနေရာက နောက်၁၅ ရက်လောက်ဆိုရင် နေလို မသင့်တော့ဘူး။ တဲတွေကို တာလပတ် ၊ ဝါးတွေနဲ့ပဲ ပြင်ဆင်ထားတယ်။ ကျန်းမာရေးအခြေအနေကတော့ ကလေးသူငယ်တွေက တအား စိုးရိမ်ရတယ်။ ကလေးတွေက အရမ်းပူရင် မခံနိုင် ၊ တဲစုတ်ထဲမှာ ဝင်နေ ၊ လူကြီးတွေက ဖျားနာတော့ နည်းနည်းရှိတယ်” ဟု စင်ဘောကိုင်း ကယ်ဆယ်ရေး စခန်း မှ ဦးမောင်ဝင်းတင်က ပြောသည်။

အလားတူ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြတန်ဆောင်းကျောင်းတိုက်ဝင်းရှိ စစ်ဘေးရှောင် စခန်းအတွင်း ယာယီဆောက်လုပ်ထားသည့် တန်းလျားဆောင်များလည်း ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း မြတန်ဆောင်ဆရာတော်က မိန့်သည်။

“ မနေ့က လေပြင်းတိုက်လိုက်တာ စစ်ဘေးရှောင်စခန်းတွေ အကုန်ပြိုသွားတယ်။ အမိုးတွေ ပြုတ်ထွက်သွားတယ်။ အကာတွေလည်း ပြိုသွားတယ်။ ဖြစ်တာက မနေ့က နေလည် ၂ နာရီလောက်မှာ ဖြစ်တာ ။ မိုးပြီးတော့ ပြင်လို့ရတာ ပြင်ပြီး အဲ့မှာပဲ ထပ်နေကြတယ်။ ပြင်လို မရဘဲ ပျက်သွားတာက အဆောင် ၃၅ ဆောင် ၊ အဲဒါတာင် ဒီနေ့မှ လုပ်ရမယ်။ ဦးဇင်းတို့ အဆောင်တွေက အိမ်လုံးချင်း မဟုတ်ဘူး။ တန်းလျား ဆွဲထားတာ။ တန်းလျား ဆွဲထားတာ ၄ ခုရှိတယ်။ ၄ ခုလုံးမှာ ၂ ခု ပျက်သွားတယ် “ ဟု မြတန်ဆောင်ဆရာတော်က မိန့်သည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၄၀၀၀၀ နီးပါးရှိလာနေပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com