All News

ဖားကန့်တွင် ကျောက်ကမ်းပါးယံပြိုကျပြီး ၂ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဖားကန့်၊ မေ ၅(သတင်းတမန်)

ဖားကန့်တွင် ကျောက်ကမ်းပါးယံပြိုကျပြီး ၂ ဦးသေ ၂ ဦးဒဏ်ရာရမှု ယမန်နေ့ ညနေ ပိုင်းကဖြစ်ပွားခဲ့သည်။

မေ ၄ ရက်နေ့ ညနေ ၅နာရီခန့်က ဖားကန့်မြို့နယ် တောင်းကော့ကျေးရွာအနီး ဇာဗွေ ၁၆ သက်တမ်းကုန်လုပ်ကွက်ဟောင်းအနီးဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အမြင့်ပေ ၃၀၀ ခန့်ရှိသည့် ကျောက်ကမ်းပါးယံတွင် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦး သည် လက်လုပ်ကျင်းတူး၍ ရေမဆေးကျောက်ရှာနေစဉ် ၎င်းတို့ အပေါ်ဘက်ရှိ အမြင့်ပေ ၅၀၀ ခန့်ရှိ ကမ်းပါးယံပြိုကျ၍ မြေစာများနှင့်အတူမျှောပါခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ၎င်းတို့ ၄ ဦးထဲမှ ကိုကျော်ရဲနိုင်အပါအဝင် ရေမဆေးရှာဖွေသူ ၂ ဦး သည် ဦးခေါင်းကြေပွပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ရေမဆေးသမား ကိုဇော်ဟိန်း မှာ နှာခေါင်းနှင့်ပါးစပ်မှသွေးထွက်ဒဏ်ရာ၊ ယာဘက်ပေါင်ကျိုးဒဏ်ရာတို့ဖြင့် ဆေးရုံရောက်ရှိခဲ့ကြောင်း၊ နောက်တစ်ဦးဖြစ်သည့် ကိုထွန်းထွန်းဝင်းမှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပေါင်ကျိုးဒဏ်ရာဖြင့် ဆေးရုံရောက်ရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။

၎င်းတိ့ု ၂ ဦးထဲမှ ၁ ဦးသည် စိုးရိမ်ရအခြေအနေရှိကြောင်းသိရသည်။

သေဆုံးသူ ၂ဦးကို ဖားကန့်မြို့မရဲစခန်းတွင် သေမှုသေခင်း (၁၃/၂၀၁၉)ဖြင့် စစ်ဆေးထားကြောင်းသိရသည်။

Y(သတင်းတမန်)

Photo- NawngLatt JangMaw

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com