Local News Peace political news

ရခိုင်မှာ ဖမ်းဆီးစစ်ကြောရင်း သေဆုံးနေတဲ့ အရပ်သားတွေနဲ့ပတ်သက်လို့ တပ်မတော်က ဘာပြောလဲ

ရန်ကုန်၊ မေ ၄

ရခိုင်ပြည်နယ်တွင် AA တပ်ဖွဲ့ နှင့်ဆက်စပ်သည်ဟုဆိုကာ တပ်မတော်က ကျောက်တန်းကျေးရွာသား ၂၇၅ ဦး ကို ဖမ်းဆီးခဲ့ပြီး ယခင်ကလည်း လက္ကာကျေးရွာသား ၂၇ ဦး ကို ဖမ်းဆီးစစ်ကြောခဲ့သည်။

တပ်မတော်၏ စစ်ကြောရေးကာလအတွင်း ကျောက်တန်းကျေးရွာသား ၂၇၅ ဦးအနက်တွင် ၆ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရရှိကာ ၄ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ လက္ကာကျေးရွာသား ၃ ဦးမှာလည်း ဖမ်းဆီးစစ်ကြောနေရင်း ရောဂါများကြောင့် သေဆုံးသွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖမ်းဆီးစစ်ကြောရင်း သေဆုံးသွားကြသည့် ကျေးရွာသားများနှင့်ပတ်သက်ပြီး မေလ ၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်များကို ပြန်လည် ကောက်နုတ် တင်ပြလိုက်ပါသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

ကျောက်တန်းရွာသား ဘယ်နှစ်ဦး ပြန်လွှတ်လိုက်လဲ

” မီဒီယာတွေ ကျနော်ကို မေးမြန်းပါတယ်။ ကျောက်တန်းကျေးရွာမှာ ဖြစ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။ နောက်တစ်ခုက ကျောက်တန်းကျေးရွာမှာ ၂၇၅ ယောက်ကို စစ်ဆေးနေတာ ရှိတယ်။ ဒီနေ့မနက်မှ ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ရှင်းရှင်းလင်းလင်း သံသယကင်းတဲ့ ၁၂၆ ယောက်ကို ပြန်လွှတ်ပြီ ဖြစ်ပါတယ်။

သေဆုံးကျောက်တန်းရွာသား ၆ ဦး အသုဘ ကိစ္စ

” ပြီးတော့ သေဆုံးခဲ့တဲ့ သူတွေရှိတယ်။မီဒီယာများမေးမြန်းနေတဲ့ သေဆုံးခဲ့ရတဲ့ ၆ ဦးရဲ့ အလောင်းကို မိသားစုတွေကို မပေးဘူး ဆိုတဲ့ သတင်း အဲ့သတင်းမဟုတ်ပါဘူး။ မှားပါတယ်။ ကျနော်တို့ မနက် ၉ နာရီတိတိမှာ မိသားစုတွေလက်ထဲကို အဲ့ ၆ ဦးရဲ့ ရုပ်အလောင်းများကို အပ်နှံပြီး ဖြစ်ပါတယ်။ တပ်က ကိုယ်တိုင်အပ်နှံခဲ့တဲ့အပြင် ၊ သက်ဆိုင်ရာ ဆရာတော်တွေကို ပင့်ဖိတ်ခေါ်ပြီး သရဏဂုံ လုပ်ခဲ့ပါတယ်။ ၁၂ နာရီအထိ အလောင်းတွေ မြေကျတဲ့အထိ တပ်ကနေ အစစအရာရာ ဝိုင်းဝန်းပြီး ရပ်မိရပ်ဖများရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

ကျန်ရှိ ကျောက်တန်းရွာသားတွေကို ဘယ်လို ဆက်လုပ်မလဲ

” ကျန်တဲ့လူတွေ ဘယ်လို လုပ်မလဲဆိုတော့ ကျန်တဲ့ လူတွေနဲ့ ပတ်သက်ပြီး ပထမစစ်ကြောချက်အရ AA တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ သုံးမျိုး သုံးစား ရှိပါတယ်။ AA တပ်ဖွဲ့ဝင် တွေ ၊ AA နှင့် ပတ်သက်တဲ့သူတွေ ပါတယ်။ ကျနော်တု့ိ လုပ်ထုံးလုပ်နည်းအတိုင်း ရဲမှာ အမှုဖွင့်ပါမယ်။ တရားရုံးမှာ စွဲတင်လိုရတဲ့အမှုများ စွဲတင်ပါမယ်။ သံသယကင်းတယ်။ မပတ်သက်ဘူးဆိုရင် ထပ်မံထွက်ပေါ်လာတဲ့သူအရ ကျနော်တို့ လုပ်ထုံးလုပ်နည်းအရ လွှတ်ပေးမှာ ဖြစ်ပါတယ်”

သံသယရှိတဲ့သူကို ခွဲထုတ်တဲ့အခါ ခုနဲ့က အဝေးကို လူကို ကျနော်တို့က ပြန်ပြီး စစ်ကြည့်တာ သိပ်ပြီး စစ်စရာ မရှိဘူး။ AA ဆိုတာ ပေါ်လွင်တဲ့သူတွေလည်း ပေါ်လွင်ပါတယ် ၊ ကြားထဲမှာ ခွဲရခက်တာက အလယ်မှာ ရှိတဲ့သူတွေက အားပေးထောက်ခံတဲ့သူ လား ၊ အားပေးမထောက်ခံသူလား ၊အဲ့တော့ ကျနေ်ာပြောတာက ကျန်ခဲ့တဲ့ သူတွေမှာ ကျနော်တို့ဖော်ထုတ်ရတဲ့အထဲမှာ AA လို့ ပြောနိုင်တဲ့သူတွေ ရှိပါတယ်။ ကျနော်အရေအတွက်ပြောလို့မရသေးပါဘူး။ ရှိတယ်လို့ ခိုင်ခိုင်မာမာ ပြောလို တယ်။ အားပေးထောက်ခံသူ တွေ ၊ အမာခံလို ခိုင်ခိုင်မာမာ ပြောလိုရတဲ့သူတွေ လည်း ရှိပါတယ်။ သံသယစာရင်းနဲ့လည်း ရှိပါတယ်။ အဲ့တော့ ကျနော်တို့ ဆက်လုပ်သွားမယ် လုပ်ငန်းတွေက AA ဖြစ်ခဲ့တယ်။ AA အမာခံ ဖြစ်ခဲ့တယ်ဆိုရင် ကျနော်တို့ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမှာပါ ။ ရဲအရေးပိုင်တဲ့အမှု ရှိတယ်။ ရဲအရေးမပိုင်တဲ့ အမှု ရှိတယ်။ ရဲအရေးပိုင်တဲ့ အမှု ဆိုရင် ကျနော်တို့ လုပ်ထုံးလုပ်နည်း အတိုင်း ရဲမှာ အမှုဖွင့်ထားတာတွေ ရှိမယ်။ တရားရုံးမှာ အမှုတိုင်ကြားပြီး အမှုဖွင့်တာတွေ ရှိမယ်။ သံသယမရှိတဲ့လူတွေ ၊ ကင်းစင်တဲ့လူတွေ ပြန်လွှတ်ပေးဖို့ရှိပါတယ်။

လက္ကာကျေးရွာသား ၂၇ ဦး ကိစ္စ

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၇ ယောက်ကိစ္စမှာ ကျနော်တို့က သံသယရှိသူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ရှင်းလင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အပ်ပြီးပြီ ။ ဒါက စစ်တွေမှာ ရောက်ရှိပြီးဖြစ်ပါတယ်။ စစ်တွေရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဖြစ်ပါတယ်။ တပ်ကချုပ်နှောင်တာတွေ လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်။ အဲ့ထဲမှာ ကျနော်ပြောချင်တာက ကျနော်တို့ ပမာဏ စစ်ကြောချက်အရ ၁၈ ယောက်သည် AA တပ်ဖွဲ့ဝင်များ ဖြစ်ပါတယ်။ ၁၈ ယောက်သည် အမှတ် ( ၃၁ ) ရဲတပ်ဖွဲ့ ၊ မြောက်ဦးမှာ ရှိတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်တဲ့နေရာမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ခဲ့သူများ ဖြစ်ပါတယ်။ ၅ ယောက်သည် အမာခံများ ဖြစ်ပါတယ်။ ကျန်တဲ့ ၄ ဦးသည် သံသယစာရင်း ဖြစ်ပါတယ်။ အဲ့ဒီလို ကျနော်တို့ ဖော်ထုတ်ရရှိတာ ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုက ရဲလက်ထဲ အပ် ထားပြီ ။
ရဲလက်ထဲအပ်ထားပေးမဲ့ ကျနော်တို့ စစ်ကြောချက်တွေ ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့က အမှုဖွင့်တဲ့အခါ တရားရုံးကို ပေးမှာ ။ တရားရုံးကလည်း အမှုဖွင့် ပြီး သူအမှုအတိုင်းပဲ ၊ သူစွဲချက်ပုဒ်မအတိုင်း ရင်ဆိုင်မယ်။ ရင်ဆိုင်ပြီးတဲ့အခါ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာက တပ်မတော်အနေနဲ့ ဘယ်လိုပဲ သံသယရှိလို ဖမ်းဆီးထားတဲ့သူပဲ ဖြစ်ဖြစ် ၊ တိုက်ပွဲအတွင်းမှာပဲ မိခဲ့တဲ့သူပဲ ဖြစ်ဖြစ် ၊ ကျနော်တို့က စစ်သုံပန်း ဖြစ်လိုရှိရင် စစ်သုံပန်းအတိုင်းပဲ ဆောင်ရွက်လျက်ရှိတယ်။

စစ်သုံပန်းအတိုင်း စည်းမျဉ်းစည်းကမ်းနှင့် ေ ဆာင်ရွက်လျက်ရှိတယ်။ သောင်းကျန်းသူ ၊ အမာခံတွေ ဆိုရင်လည်း ကျနော်တို့ တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်လေ့ရှိတယ်။ ကျနော်တို့မှာက ဒါကို ဖော်ထုတ်ပေးရမယ်။ စစ်ဆေးမယ်။ ဖော်ထုတ်မယ်။ တွေ့ရှိတဲ့အကြောင်းအရာတွေကို အမှုဖွင့်မယ်။ တရားရုံးကို အပ်မယ်။ တရားဥပဒေ ဘောင် အတိုင်းပဲ သွားဖို့ရှိပါတယ်။

လက္ကာကျေးရွာသား ၃ ဦး သေဆုံးမှုက နှိပ်စက်တာမဟုတ်

” စစ်ဆေးတာ အခါ လက်လွန် သေဆုံးတာ မရှိပါဘူး။ ကျနော်တို့ လက္ကားကျေးရွာမှာဖြစ်တဲ့ ၃ ယောက် ကိစ္စဆိုရင် သေဆုံးတာနဲ့ သတင်းအချိန်မီ ထုတ်ပြန်ပါတယ်။ ဒါနဲ့ ပတ်သက်လို သံသယကင်းအောင် ကျနော်တို့ တပ်မတော်ဘက်က မလုပ်ဘဲ ရင်ခွဲစစ်ဆေးချက်ကိုလည်း စစ်တွေမှာ ရှိတဲ့ ပြည်သူဆေးရုံမှာပဲ လုပ်ခိုင်းတယ်။ ရင်ခွဲစစ်ဆေးချက်ဆိုတာ ဘာမှ ပြင်လိုမရဘူး။ ဘယ်ဆရာဝန်မှာ ရင်ခွဲစစ်ဆေးတာနဲ့ ပတ်သက်ပြီး မလုပ်ဘူး။ မလိမ်ဘူး။

သူရဲ့ ဂုဏ်သိက္ခာနဲ့ ၊ ရင်ခွဲစစ်ဆေးတဲ့အခါ တွေ့ရင် ရင်ခွဲ့စစ်ဆေးချက်မှာ တွေ့ပါလိမ့်မယ်။ သူလည်း လိမ်လိုမရဘူး။ ကျနော်တို့လည်း လိမ်လိုမရဘူး။ တပ်မတော်အနေနဲ့ ဒီဟာတွေသည် သက်သေခံဥပဒေထဲမှာ ရှိပါတယ်။ သက်သေခံဥပဒေထဲမှာ အခိုင်အမာဆုံး အထောက်အထားတွေသည် ဒါတွေပဲ။ ပညာရှင်များရဲ့ တွေ့ရှိချက် ၊ ပညာရှင်များရဲ့ စစ်ဆေးချက် ၊ ကျွမ်းကျင် သူများရဲ့ တွေ့ရှိချက် ၊ လက်ဗွေပညာရှင် ၊သွေးပညာရှင် ၊ ဆရာဝန်တွေရဲ့ သက်သေခံတွေဟာ ဘယ်သူမှ ငြင်းလိုမရပါဘူး ။ ကျန်တဲ့ အထောက်အထားတွေ ဘယ်လိုပဲဖြေဖြေ ဒါတွေကို ငြင်းလိုမရဘူး ။ဒီသက်သေခံတွေသည်တော်တော်ခိုင်လုံတဲ့ သက်သေတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအထဲမှာ တစ်ခုခု အမှားအယွင်းပါရင် တပ်မတော်အနေနဲ့ အမြဲတမ်းထုတ်ပြန် မှာပါ။ တပ်မတော်အနေနဲ့ လုံးဝ ပြစ်မှုကျူးလွန်သူများ ခွင့်လွှတ်ပေးတမ်း မရှိပါဘူး”

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts