All News Peace

ပလက်ဝနှင့်ကျောက်တော်တွင် တိုက်ပွဲ ပြင်းထန်၊ AA အလောင်း ၃ လောင်းကို လက်နက်များနှင့်အတူ သိမ်းဆည်းရမိဟုဆို

ရန်ကုန်၊ မေ ၁၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် ယမန်နေ့က တပ်မတော် နှင့် ရခိုင်တပ်မတော် AA တို့အကြာ းတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး AA အလောင်း ၃ လောင်းကို လက်နက်များနှင့်အတူ သိမ်းဆည်းရမိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“ မနေ့က အနောက်တောင် ၊ ဂင်နား ဝန်းကျင်တစ်ဝိုက်နားမှာ ကျနော်တို့ တပ်မတော် နှင့် AA တပ်ဖွဲ့ ထိတွေ့မှု ဖြစ်တယ်။ ဒဏ်ရာ ရတဲ့ အခြေအနေကတော့ AA ဘက်ကတော့ အလောင်း ၃ လောင်းရတယ်။ လက်နက်လည်း ရတယ်။ ကျနော်ဘက်ကတော့ အနည်းအကျဉ်းလေးပဲ ထိခိုက်ဒဏ်ရာ ရတာ ရှိပါတယ် “ ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦး ကပြောသည်။

AA နှင့်တပ်မတော်အကြား တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှုများလည်းရှိနေပြီး အမျိုးသမီးကြီးတစ်ဦးမှာ ပေါင်တွင် ကျည်ဆန်ထိမှန်၍ ဆေးရုံတက်ကုသမှု ခံယူနေရသည်။

ရခိုင်တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကို တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်ပြီး သိရှိလို၍ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts