All News Local News

ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေ ဘာကြောင့်လမ်းပေါ် ထွက်လာကြလဲ

By နန္ဒစစ်အောင်

၁။အဂတိလိုက်စားမှုတိုက်ဖျက်ရေး

ဆရာ၊ဆရာမများအပါအဝင်ပညာရေးဝန်ထမ်းအများစုဟာ အဂတိလိုက်စားမှုကိုပူးပေါင်းတိုက်ဖျက်လိုကြတယ်။ပညာရေးဝန်ထမ်းတွေကိုမည်သည့်ငွေကြေးမှအလှူမခံရ၊ငွေကြေးမကောက်ခံရ။အရေးယူမယ်လို့အမိန့်ညှွန်ကြားချက်ထုတ်ပြန်လာပါတယ်။

အကြမ်းဖျဉ်းအားဖြင့်ကြည့်မယ်ဆိုရင် ဒါကောင်းမွန်တဲ့ညှွန်ကြားချက်ဖြစ်ပါတယ်။ကြိုဆိုကြရမှာပါ။
အမိန့်ညှွန်ကြားချက်အတိုင်းစစ်ဆေးမှုတွေရှိလာပါတယ်။အရေးယူမှုတွေရှိလာပါတယ်။ပုံမှန်ဆို ပညာရေးလောကကြားမှာရိုးသားကြိုးစားတဲ့ဆရာ၊ ဆရာမတွေပျော်လာရမှာပါ။

လက်တွေ့ကျတော့ အများစုထိတ်လန့်ကြောက်ရွံ့လာကြပါတယ်။ဘာကြောင့်လဲ။ပညာရေးလောကမှာပိုက်ဆံတွေမလွှဲသာမရှောင်သာကောက်ခံနေကြရလို့ပါပဲ။

(က)ပင်စင်စားနဲ့သာရေးနာရေးကောက်ခံငွေ

ဆယ်စုနှစ်များစွာတည်းကအဲ့ဒါတွေနဲ့ပတ်သက်ပြီး တချို့ဒေသတွေမှာရုံးမှ၊တချို့ဒေသတွေမှာပညာရေးကူညီထောက်ပံ့ရေးအဖွဲ့တွေဖွဲ့ပြီးလစဉ်ပင်စင်ယူမယ့်ပညာရေးဝန်ထမ်းတွေအတွက်(တစ်ချို့မြို့နယ်တွေက ၁၀၀၀ကျပ်၊တချို့က၂၀၀၀ကျပ်စသည်ဖြင့်သတ်မှတ်ပုံခြင်းတော့မြို့နယ်အလိုက်ကွဲပြားခြားနားကြပါတယ်)ငွေကြေးကောက်ခံပြီး လစဉ်ထောက်ပံ့ခဲ့ကြတာအစဉ်လာဖြစ်နေကြပါတယ်။တနိုင်ငံလုံးသုံးနေတဲ့စနစ်ဖြစ်နေတာပါ။

ငွေကြေးမကောက်ခံရအမိန့်ညှွန်ကြားချက်လည်းထွက်လာရော အဲ့ပင်စင်ထောက်ပံ့ရေးအစီစဉ်ကပိတ်မိနေရော။အရင်ကတာဝန်ယူကောက်ခံကြရတဲ့သူတွေဟာ ငွေကြေးကောက်ခံလို့အလိုလိုနေရင်းပြစ်မှုကျူ းလွန်သူတွေဖြစ်သွားရော။အဲ့စနစ်ကိုရပ်ပစ်လိုက်ရင်လည်း လစဉ်ကူညီထည့်ဝင်လာကြတဲ့ပညာရေးဝန်ထမ်းတွေဟာနစ်နာကြရပြန်ရော။ဒါဟာပညာရေးလောကမှာ တနိုင်ငံလုံးကြုံနေရတဲ့ ခေတ်ရဲ့သားကောင်အဖြစ်ပိတ်မိနေမှုပါ။ဒီစနစ်အရဆို ပင်စင်ယူတဲ့ပညာရေးဝန်ထမ်းတွေဟာသိန်း ၂၀ နီးပါး လောက်ပင်စင်ယူတဲ့လမှာအထောက်အပံ့ရကြရပါတယ်။

(ခ)ရုံးဖြတ်ငွေကိစ္စ

တနိုင်ငံလုံးနီးပါး လစဉ်၂၀၀၊ ၃၀၀၊ ၄၀၀ကျပ်စသည်ဖြင့်ကောက်ခံကြပါတယ်။ဌာနက အစိုးရဘတ်ဂျက်မကျခင်ကြိုသုံးရတာတွေအတွက်သုံးကြရတယ်။အစိုးရလုပ်ငန်းသဘာဝက လုပ်ငန်းအရင်အောင်မြင်လုပ်ပြီးမှ ဘတ်ဂျက်ကိုတင်တောင်းရတယ်။အဲ့ကျမှအစိုးရဘတ်ဂျက်ကကျတယ်။အဲ့တော့
အလုပ်လုပ်ရချိန်မှာ ကြိုသုံးဖို့ငွေလိုနေတယ်။

အဲ့ငွေမရှာနိုင်ရင်အလုပ်လုပ်လို့မရဘူး။အဲ့ကိစ္စက အစိုးရဘတ်ဂျက်က အလုပ်နောက်လိုက်တဲ့အတွက် ဖြစ်လာတဲ့ပြသနာပါ။ခက်တာက အဲ့ပြသနာက အစိုးရဘတ်ဂျက်ကျလာတော့ အငြင်းပွားဖွယ်ပြသနာပ်ကြုံလာရတယ်။ကောက်ခံထားတဲ့ငွေကြေးကိုရုံးကဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ရုံးနဲ့ဆရာ၊ဆရာမတွေကြားပဋိပက္ခတချို့ရှိကြတယ်။ ရုံးဘက်ကကိုယ်ကျိုးသုံးစွဲမှုတွေရှိတယ်လို့ ဆရာ\ဆရာမတွေဘက်စွပ်စွဲမှုတချို့လည်း တကယ်ရှိနေကြပါတယ်။

ရုံးဘက်မှာလည်း အစိုးရဘတ်ဂျက်လိုင်းမှာမပါတဲ့မဖြစ်မနေသုံးစွဲနေရတဲ့ငွေပြန်တောင်းလို့မရတဲ့သုံးစွဲမှုတစ်ချိူ့လည်းရှိနေရပါတယ်။(ဥပမာ..ဝန်ထမ်းတစ်ယောက်သွားရတယ်ဆိုပါစို့၊ကားခအသွားအပြန်တောင်းလို့ရမယ်။နေ့တွက်စားရိတ်တောင်းလို့မယ်။တည်းခိုစားရိတ်၊နေပြည်တော်မြို့တွင်းသွားလာစားရိတ်အဲ့ဒါတွေတောင်းလို့မရဘူး)မြို့နယ်ကိုယ်စားပြု၊ခရိုင်ကိုယ်စားပြု၊တိုင်းကိုယ်စားပြု ထူးချွန်ဆရာ ပြိုင်ပွဲတွေ၊ကျောင်းသား\သူပြိုင်ပွဲ၊နိုငိငံတကာပြိုင်ပွဲ၊ဘက်စုံထူးချွန်ပြိုင်ပွဲတွေမှာအဲ့ရုံးဖြတ်ငွေထဲကသုံးကြတာတွေရှိတယ်။

ဒီအပိုင်းမှာက ကြိုငွေသုံးစွဲပြသနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ ဘတ်ဂျက်လိုင်းပြသနာက
စိန်ခေါ်ခံနေတာပါ။အဂတိရှိနိုင်တဲ့အပိုင်းဖြစ်ပြီး အဂတိကိုရှာဖို့ကလည်းငွေကောက်တာကိုအဂတိပြောရင်လည်းအကုန်ညိကုန်မယ့်သဘော။ငွေမကောက်ရင် လုပ်ငန်းဘယ်လိုအကောင်အထည်ဖော်မလဲစိန်ခေါ်မှုကအသင့်စောင့်နေပြီး စီမံခန့်ခွဲမှုညံ့တယ်ဆိုတဲ့မှတ်ချက်ကအသင့်စောင့်နေပုံရပါတယ်။

(ဂ)လတ်တလောG3,G6 သင်တန်းအသုံးစရိတ်

လတ်တလောမှာ G3 ၊ G6 ဆရာ၊ဆရာမသင်တန်းတွေ မြို့နယ်၊ခရိုင်သင်တန်းတွေလုပ်နေပါတယ်။မြို့နယ်မှူး၊ခရိုင်မှူးတွေတာဝန်ခံပြီးလုပ်ရပါတယ်။ဝန်ထမ်းအားလုံးစုတက်ရတာပါ။တစ်စုတစ်စုကိုထောင်နဲ့ချီပြီးရှိတယ်။

အပေါ်ကပြောသလိုပဲ ကြိုသုံးငွေနဲ့ဘတ်ဂျက်လိုင်းမပါတဲ့ပြသနာတွေကြုံရတာပါပဲ။လူဦးရေများတော့ပိုခက်ကြပါတယ်။တချို့မြို့နယ်မှူး၊ခရိုင်မှူးတွေကစိုက်ပြီးသုံးထားပါတယ်။မရှိတဲ့သူတွေကတော့ သင်တန်းအခန်းအလိုက်သင်တန်းသူသင်တန်းသားတွေငွေကြေးစုပြီးဖြေရှင်းကြရတယ်။

ဘတ်ဂျက်လိုင်းမပါတဲ့ကိစ္စတွေဆို ဥပမာ..လပွတ္တာဆိုပါစို့။ချိုးရေ၊သုံးရေး၊သောက်ရေခက်ခဲပြသနာရှိတဲ့မြို့။သင်တန်းသား၂၆၀၀ဝန်းကျင်လောက်ရှိတယ်။သင်တန်းကာလက၂ပတ်၊အဲ့တော့ငွေကြေးကောက်ခံမှုကိစ္စကပါလာကြရပြီ။အဲ့လိုပိတ်မိနေကြတာ။အစိုးရဘတ်ဂျက်လိုင်း၊ကြိုသုံးငွေနဲ့ပညာရေးလုပ်ငန်းအကောင်အထည်ဖော်မှုက ဂျာအေးသူ့အမေရိုက်လိုအဲ့လိုပိတ်မိနေကြတာ။

ငွေကောက်တာကိုသာ အရေးယူရင်ငြိကုန်ကြပြန်ရော။အမှန်တကယ်အဂတိလုပ်တဲ့သူတွေလည်းအဲ့ထဲမှာခိုနေနိုင်ပါတယ်။ဘယ်လိုရှာမလဲ။ငွေကောက်တာကိုသာအဂတိဖြစ်ရင်တော့ပညာရေးဝန်ထမ်းတွေဟာ ခေတ်စနစ်ရဲ့သားကောင်တွေဖြစ်နေရပါတယ်။

(ဃ) ကျောင်းတွေကကျောင်းသားမိဘတွေ၊ကျောင်းအကျိုးတော်ဆောင်တွေဆီကငွေကြေးကောက်ခံတဲ့ကိစ္စ

ဆရာ၊ဆရာမတွေက ပညာရေးပြက္ခဒိန်ပါလုပ်ငန်းစဉ်တွေကိုအကောင်ထည်ဖော်ကြရပါတယ်။ ဝါဆို သင်္ဃန်း ကပ်တာ၊ကထိန်သင်္ဃန်းကပ်တာ၊ဘက်စုံထူးခွှန်၊အားကစားပြိုင်ပွဲ၊စုံညီပွဲတော်စသည့်ဖြင့် ပေါ့။ဥပမာစုံညီပွဲဆိုပါတော့ မူလတန်းဆိုအစိုးရက၁သိန်းခွဲလောက်ချပေးတယ်။ဆုပေးတာ၊ အခမ်းနားပြင်တာတွေအတွက်ဘတ်ဂျက်။ ပြိုင်ပွဲတစ်ခုကို၅ဆုထားပြိုင်ပွဲအမျိုးစား ၅၊ ၆၊ ၇မျိုးလောက် လုပ်ရတယ်။ဆုပေးရမယ်။

ဘယ်လောက်တွေပေးကြရမလဲ။ဧည့်ခံကျွေးမွေးရေးစားရိတ်တွေလိုလာမယ်။အဲ့တော့ငွေကောက်ကြရတာကြုံလာရော။ကျောင်းသားဦးရေနဲ့စာသင်ခုံမလောက်တဲ့ကိစ္စတွေ၊အဆောက်ဦးအသေးစားပြင်ဆင်စားရိတ်တွေအဲ့ဒါတွေမှာ လည်းကောက်ခံရတွေရှိနေကြတယ်။ဘတ်ဂျက်မကျသေးတဲ့ပြင်ဆင်စားရိတ်တွေအတွက်ငွေကြေးကောက်ခံသုံးစွဲရတာတွေရှိနေကြရတယ်။ကိုယ်ကျိုးသုံးစွဲသူတွေကတော့ရှိနိုင်ပေမယ့်ငွေကြေးကောက်ခံမှုကိုအဂတိလို့ပြောရင်တော့အကုန်ညိနေကြရပြန်ပါပြီ။ပညာရေး လုပ်ငန်းတွေမလုပ်မှသာမညိနိုင်တော့မယ်အကျပ်အတည်းကြုံနေကြရပါတယ်။

အပါ်မှာပြောတဲ့အခက်ခဲတွေကြောင့် ပညာရေးလုပ်ငန်းစဉ်တွေအကောင်ထည်ကောင်ထည်
ဖော်မှုတွေဟာ ဘတ်ဂျက်လိုင်းလိုအပ်မှု၊မလုံလောက်မှု၊ကြိုတင်ငွေကြေးသုံးစွဲရမှုတွေကိုသာဖြေရှင်းမပေးရင် ပညာရေးဝန်ထမ်းတွေဟာအပြစ်ပေးခံကြရမယ့်အခြေနေထဲရောက်နေပါတယ်။
အဲ့လိုကြုံနေရတော့ မလုပ်မှသာ လွတ်ရတော့မယ့်အခြေနေထဲမှာ ထပ်ပြီးမီးထိုးလိုက်တဲ့နှုတ်မိန့်
ြါပသနာထပ်ပေါ်လာပြန်ပါတယ်။အဲ့ဒါကပစ်စာ စစ်ဆေးအရေးယူမှုကိစ္စပါပဲ။

၂။ပစ်စာစစ်ဆေးအရေးယူမှု

တိုင်ကြားစာမဟုတ်ပဲ တိုင်းကြားသူအမည်၊နေရပ်လိပ်စာမပါတဲ့ ပစ်စာတွေကို စစ်ဆေးမှုလုပ်တယ်။ဟုတ်ရင်အရေးယူတယ်။ဒီမှာပြသာနာ၂ခုရှိလာတယ်။တိုင်ကြားစစ်ဆေးမှုဟာမဟုတ်ခဲ့ရင်
ဆရာ၊ဆရာမတွေရဲ့ဂုဏ်သိက္ခာထိခိုက်နစ်နာမှုအတွက်ဘယ်လိုအကာအကွယ်ပေးမလဲ။
ဌာနကဘယ်လိုဆောင်ရွက်ပေးမလဲ၊အဲ့လိုသာဆိုရင်ပစ်စာတွေအတွက်တိုင်ကြားသူရဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ တိုင့်ကြားခံရသူရဲ့နစ်နာထိခိုက်မှုမှာ တိုင်ကြားခံရသူပညာရေးဝန်ထမ်းတွေအတွက်အကာကွယ်မဲ့ရတဲ့အခြေနေပါ။

ဟုတ်ပြီ။ ပစ်စာရေးတိုင်တဲ့သူက ငွေကြေးကောက်ခံမှုရှိတယ်လို့သာရေးတိုင်ရင်ရော အပေါ်က
ငွေကြေးကောက်ခံတဲ့ပြသနာကြားပိတ်မိနေသလိုဖြစ်တဲ့အတွက်အတိုင်ခံရသူ ပညာရေးဝန်ထမ်းဟာ အရေးယူခံရမယ့်ခြေနေပါ။

ခြုံပြောရရင်တော့ ကောင်းမွန်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါ အောက်ခြေမှာကြုံတွေ့နေကြရတဲ့အခက်ခဲတွေကို ဆွေးနွေးလေ့လာပြီးအစားထိုးသင့်တဲ့စနစ်တွေရှိရင်အစားထိုးပေးပြီးစနစ်တကျ ပြုပြင်ပြောင်းလဲဖို့၊လက်တွေ့ပြသနာတွေကိုဖြေရှင်းပေးနိုင်ဖို့လိုပါတယ်။

အခုက ပညာရေးဝန်ထမ်းတွေဟာ အပေါ်မှာဖေါ်ပြထားသလို ပြုပြင်ပြောင်းလဲမှုမှာ အားသွန်
ခွန်စိုက်လိုက်ပါလိုသော်လည်း ခေတ်စနစ်ရဲ့သားကောင်အပြစ်ရှိသူတွေလိုပိတ်မိနေကြရလို့လမ်းပေါ်ထွက်ဆန္ဒထုတ်ဖေါ်ပြီး မိမိတို့ရဲ့ဒုက္ခအခက်ခဲကိုအစိုးရသိအောင်ဖော်ပြနေတာဖြစ်ပါတယ်။

ဒါဟာလက်တွေ့ကျတဲ့ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့အတွက်၊ အစိုးရမှပေါ်လစီတွေရှာဖွေ အကောင်ထည်ဖော်နိုင်ဖို့အတွက်၊ပညာရေးဝန်ထမ်းတွေရဲ့လက်ရှိလည်ပတ်နေတဲ့ကျင့်သုံးမှုစနစ်ကိုဖွင့်ချ ပူးပေါင်းပါဝင်တာလို့ရှုမြင်သင့်ကြောင်းပါခင်ဗျာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com