All News China Watch Local News

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်အပြီး အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ လာရောက်

ရန်ကုန်၊ မေ ၅

ဒေါ်အောင်ဆ်းစုကြည်၏ တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အပြီးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. David Hale သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မေလ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ရခိုင် ပြည်နယ်အရေးကိစ္စအပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည် ဧပြီလ ၂၆ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com