interview political news

ထောင်ဆူပူမှုတွေ ရဲ့ နောက်ကွယ်က အကြောင်းတရားက ဘာလဲ

By သာလွန်ဇောင်းထက်/ ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဆက်သွယ်မေးမြန်းချက်

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုပြီးနောက် အကျဉ်းထောင်များတွင် ဆူပူမှုများဖြစ်ပွားနေရာ ယင်းဆူပူမှုများ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ထောင်ဆူပူမှုတွေမှာ လူ့အခွင့်ရေးကော်မရှင်နဲ့တွေ့ခွင့်ရရေးဆိုတာ တောင်းဆိုနေကြတယ် အဲဒီတော့ ဘယ်လို စီစဉ်ထားပါလဲ။

ဖြေ ။ ။ ဒေသအာဏာပိုင်တွေ သူတို့တွေ့နေကြပီထင်တယ်။ ဖြစ်တဲ့ထောင်တွေဆီကို သွားဖို့ ဗြုန်းခနဲဒိုင်းခနဲ စီစဉ်ဖို့ကြတော့ ခက်တယ်လေ။ပထမတစ်ခေါက်တုန်းကဆိုတာ ဟိုတလောကပြဿနာတက်တာက မုပ္ပလင်ထောင်။ အခုထောင်တွေက ၊ ကျွန်တော်ကလည်း မေ ၁၃ ၊ ၁၄ ၊၁၅၊ ၁၆၊၁၇ က မန္တလေးရယ် ထုံးဖိုရယ် နောက်ပြီးတော့ ကျော်ဆည်ဘက်က ဘဲလင်း ၁ ၊ ၂ ပေါ့အဲ့ဘက်ကအကျဉ်းစခန်းတွေကိုသွားစစ်ဖို့ အစီစဉ်ကလည်း စွဲထားပြီးသားဖြစ်နေတယ်။ စွဲထားပြီးသားဆိုတော့ အဲ့ဒီဘက်ကလည်း မသွားမဖြစ်သွားရမယ်ဆိုတဲ့ ကိစ္စတွေဖြစ်တော့ အစီစဉ်ကစွဲထားပြီးသားလေ ၊ အဲ့တော့ ဗြုန်းကနဲဒါကြီးကထဖြစ်တော့ ခက်သွားတာပေါ့နော်။

မေး ။ ။ အင်းစိန်ထောင်ရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ။ လောလောဆယ်တော့ခုနကပြောတဲ့ အစီစဉ်က ၁၃-၁၇ ကအစီစဉ်စွဲထားပြီးသားဆိုတော့ မရဘူးလေ။ အဲ့တော့ ၂၀ လောက်တော့ အင်းစိန်ထောင်သွားမလားလို့ကျွန်တော်မှန်းထား တာပေါ့ သွားမယ်ဆိုတာက ဘာမှပြဿနာမဖြစ်ခင်သွားလိုက်ရင်တော့ ပိုကောင်းတာပေါ့။ ကလေးထောင်လိုဖြစ်ပြီးမှ သွားတာ သိပ်မကောင်းဘူးလေ။နောက်ပြီး ကလေးကျလူကနည်းတယ် အင်းစိန်ထောင်ကျ လူကများတယ် ၊ မန္တလေးတို့ အင်းစိန်ထောင်တို့ကျလူကများတယ်လေ။ လူများတော့အဲ့ဒီထောင်တွေကတော့ ဘာမှဖြစ်ဖြ စ်မဖြစ်ဖြစ်သွားလိုက်တာပိုကောင်းမယ်လို့ထင်တာပဲလေ။

ဘာမှပြဿနာမဖြစ်ခင် ကူညီတဲ့အနေနဲ့ပါပဲ အကျဉ်းသားလည်း ကျေနပ်သွားအောင်ပေါ့ဗျာ သူတို့ရဲ့ဒုက္ခသုက္ခတွေကို နားထောင်ပြီးတော့ ကူညီပေးလိုက်တော့ သူတို့လည်း အဆင်ပြေသွားတာပေါ့နော်။

မေး ။ ။ ထောင်ဆူပူမှုလုပ်တဲ့သူတွေအကုန်လုံးက လွတ်ချင်တာလား ဘယ်လိုကြောင့်လဲ။

ဖြေ ။ ။ မဟုတ်ဘူး သူကဒီလိုဗျ သူတို့ကတော့ ကျွန်တော် သိသလောက်ကတော့ ဒီလိုလေ ဘယ်လိုခေ ါ်မလဲဆိုတော့ မုပ္ပလင် ကတော့လုံးဝ ကျွန်တော်ကြေငြာချက်ထုတ်လိုက်တာ တွေ့လားမသိဘူးနော် ၊ အဓိကကတော့ မူးရစ်ဆေးဝါးသုံးစွဲတဲ့ အမှုတွေက ဒီခေတ်မှာအရေးမယူတော့ဘူးလေ၊ သုံးစွဲတဲ့သူက ဆီးကျတာပါ့ ။ အဲ့ဒီလူတွေကအရင်တုန်းကတော့ ထောင်ကျတာပေါ့လေ။

အခုဒီမူးယစ်ဆေးဝါးပြုပြင်လိုက်တဲ့ဥပဒေအရ ပုဒ်မ ၁၅ သုံးစွဲတဲ့သူ၊ ဆေးသမားကို အရေးမယူတော့ဘူး။ အကျင့်စာရိတ္တပြုပြင်ရေး စခန်းတွေဘာတွေပဲပို့ဖို့ ရှိတော့တာပေါ့လေ။ အဲ့တော့ ၂၀၁၈ ခုနှစ်မူးယစ်ဆေးဝါးဥပေ ဒကိုပြင်ပြီးတဲ့နောက်ပိုင်းမှာ ဒီပုဒ်မ ၁၅ သမားတွေကထောင်မကျတော့ဘူး။

ဒါပေမယ့်အဲ့ဒီမတိုင်ခင်က ၁၅ နဲ့ထောင်ကျတဲ့သူတွေက အခုထိမလွတ်သေးဘူး။ အဲ့တော့သူတို့ကလဲ လွတ်ချင်တာပေါ့လေ။ ဥပဒေအရ ၁၅ ကြီးကအကျုံးမဝင်တော့ဘူးဆိုပေမယ့် ၊ အရင်တုန်းကအကျုံးဝင်ခင်ကရှိခဲ့တဲ့ လူတွေကို ဥပဒေအရ မလွတ်သော်လည်း သမ္မတအာဏာနဲ့လွတ်လို့ရတာပဲ ၊ ဒါလေးကိုလွတ်ပေးစေချင်တာပေါ့နော် သူတို့ပြောချင်တဲ့သဘောက။

အဲ့ဒါတစ်ခုပေါ့ ၊ နောက်ထပ်တစ်ခုကတော့ ၂၀၁၉ ဧပြီလ နှစ်ဆန်းတစ်ရက်နေ့မှာလွတ်လိုက်တဲ့သူတွေက ပုဒ်မ ၁၆ သမားတွေလက်ဝယ်တွေ့ရှိတွေပေါ့လေ။ ဆေးပြား ၂၉ ပြားနဲ့အောက်ပေါ့လေ ၊ အဲ့လူတွေကလွတ်ကုန်တာဗျ။လွတ်ကုန်တဲ့အခါကျတော့ အခုသူတို့ကကျန်နေတာက ပုဒ်မ ၁၅ နဲ့ ပုဒ်မ ၁၆ တွဲရက်သမားတွေကျန်နေတာ။

သဘောကပုဒ်မ ၁၆ သမားလည်းလွတ်တယ် ၁၅ သမားကလည်း ဥပဒေအရပြင်လိုက်ပြီ မလိုတော့ဘူး။ ဒါပေမယ့် ၁၆ သမားလွတ်တဲ့အချိန်မှာ သူတို့ကမလွတ်ဘူး ၊ ဟာမင်းတို့ဘာလို့မလွတ်လဲဆိုတော့ ကျွန်တော်တို့က ၁၅ ၊ ၁၆ တွဲရက်တွေဆိုတော့ အဲ့မှာပြဿနာတက်နေတာ။ ၁၅ နဲ့ ၁၆ ကိုဘာလို့ချန်ထားလဲ ကျွန်တော်ကတော့နားမလည်ဘူးအဲ့ဒါကို အဲ့ဒါတစ်ခုပေ့ါနော် ။ ၁၆ က လက်ဝယ်တွေ့ရှိပေါ့နော် ၊ အဲ့တော့ လက်ဝယ်တွေ့ရှိဆိုတဲ့နေရာမှာ အပြား ၃၀ နဲ့အထက် သဘောကတော့ ၂၉ ဆိုရင် ၁၆ ၊ ၁၆ ဆိုရင် အခုလွတ်ငြိမ်းချမ်းသာမှာပါပြီ ၊ ဆိုရင် ၃၁ ပြားကောင်ကျတော့ ဒါ (၁၉ က) ဖြစ်သွားရော ၊ ရောင်းဝယ်ဖောက်ကားတဲ့အဆင့်ရောက်သွားရော။

   ဆေး ၃၁ ပြားဆိုတာနဲ့ ဒီကောင်ကရောင်းဝယ်ဖောက်ကားဖြစ်သွားရော ၊ အဲဒီကလေးတွေကမလွတ်ဘူးဖြစ်တာ။ အဲ့ဒီကလေးတွေက ၃၁ ပြားနဲ့ဆိုရင်မလွတ်တော့ဘူး ၊ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာမပါဘူး။ ဆိုတော့ အပြားအရေအတွက်ကိုမစဉ်းစားပဲနဲ့ ပုဒ်မနဲ့စဉ်းစားလိုက်တဲ့အခါမှာ သူကမလွတ်တော့ဘူး။

အဲ့ဒါပြဿနာတစ်ခုပေါ့နော်။ တကယ်တမ်းကြတော့ ရောင်းဝယ်ဖောက်ကားဆိုရင် အပြား ၄၀၀၀၀ ဆိုရင် ဖမ်းထားရမှာပေါ့ဗျာ ဆက်ပြီးတော့။ ၃၁ ပြားဆိုရင်တော့ နည်းနည်းစဉ်းစားသင့်တာပေါ့နော် ၊ ဟုတ်တယ်မှတ်လား ၂၉ ပြားနဲ့ဘာမှမကွာတော့ဘူးလေ အဲ့ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်ကဘာလဲဆိုတဲ့အခါကြတော့ ဥပမာ ဆရာသာလွန်ကမူးယစ်ဆေးဝါးလက်ထဲမှာကိုင်ထားတယ် ၊

ကျွန်တော်က ဆရာသာလွန်နဲ့အတူစကားလာပြောတယ် အဲ့အချိန်မှာ ရဲကလာဖမ်းတဲ့အခါကြတော့ ဆရာသာလွန်လက်ထဲမှာ မူးယစ်ဆေးဝါးတွေတွေ့တော့ ၁၆ နဲ့ဖမ်းရော ကျွန်တော်ကကြတော့ ကျွန်တော့်လက်ထဲမှာ မူးယစ်ဆေးဝါးကလဲဘာမှမရှိဘူး ဆီးစစ်တော့လဲ မကျဘူး ၊ ဒါပေမယ့်ကျွန်တော်က ဆရာသာလွန်နဲ့ထိုင်နေတဲ့ပုဒ်မနဲ့ ကျွန်တော်က ၂၁ ဆိုပြီး ကျွန်တော့်ကိုထောင်ချရော။ ခင်ဗျားကိုအားပေးတယ်ဆိုပြီးထောင်ချရော။

ကျတော့ကျွန်တော်လဲမတတ်နိုင်ဘူးလေ ထောင်ထဲဝင်သွားတာပေါ့ ၊ ဝင်သွားပြီးတဲ့အခါကျမှ ပုဒ်မ ၁၆ သမားတွေတော့ လက်ဝယ်တွေ့ရှိသမားတွေလွတ်ဆိုတဲ့ အခါကျတော့ ဆရာသာလွန်ကလွတ်သွားရော၊ ခင်ဗျားနဲ့တူတူထိုင်မိတဲ့ကောင်က မလွတ်ဘူးဖြစ်နေတယ်။

မေး ။ ။ အားပေးတွေလည်း လွတ်ရမှာပေါ့နော်တကယ်တော့။

ဖြေ ။ ။ လက်ဝယ်လည်းမတွေ့ရှိဘူး ဟိုလူလက်ဝယ်တွေ့တဲ့သူကိုတော့ လွတ်လိုက်ပြီးတော့ သူနဲ့အတူကပ်ထိုင်မိတဲ့ပုဒ်မနဲ့ ၂၁ နဲ့ မလွတ်တဲ့ကောင်က အခုလွတ်ငြိမ်းချမ်းသာထဲမှာ မပါဘူး။ အဲ့ဒါတွေကို မုပ္ပလင် ကတောင်းဆိုတာ။ နောက်တစ်ခုကကြတော့ အကျဉ်းသားအားလုံးဘုံလိုအပ်ချက်ကဘာလဲဆိုတော့ အကျဉ်းသားအားလုံး တစ်နှစ်ဆိုတစ်နှစ် အဲ့ဒါကိုလိုချင်တာ။

အကျဉ်းသားအားလုံး တစ်နှစ်လျော့ချလိုက်သည် ဒါသူတို့ကျေနပ်တယ်ပြီးပြီ အခုမလွတ်လည်းကျေနပ်တယ်။ သဘောက ၁၆နှစ်ကျတဲ့သူသည် တစ်နှစ်သက်သာခွင့်ရတော့ ၁၅ နှစ်ပဲကျန်တော့မှာပေါ့။ ၁၀ နှစ်သမားသည် တစ်နှစ်သက်သာတော့ ၉ နှစ်ပဲကျန်မှာပေါ့ ဒီလိုလေးပေါ့။ အဲ့လိုသူတို့ကလိုချင်တာ။ တန်းတူညီတူမရဘူးဆိုတာ အဲ့ဒါကိုပြောတာပါ။

မေး ။ ။ ဆိုတော့ ဒီမှာကလေ ၄၇ ထောင်လုံးမှာ အားလုံးပေါင်းအကျဉ်းသားဦးရေက ဘယ်လောက်ရှိလဲ။

ဖြေ ။ ။ ကျွန်တော်သိသလောက်ကတော့ ရှစ်သောင်းကျော်တယ်ထင်တယ်။

မေး ။ ။ ရှစ်သောင်းကျော်ဆိုတော့ အခုပြန်လွတ်တာက နှစ်သောင်းလောက်ပြန်လွတ်ထားတယ်။

ဖြေ ။ ။ ဆိုတော့ ခြောက်သောင်းလောက်ကျန်တာပေါ့။

မေး ။ ။ အဓိကကလေထောင်တွေမှာ ပြဿနာတက်နေတာကလေ နေရာကြပ်နေတယ်ဆိုပြီးတော့ ပြောနေတယ် ဘာကြောင့်အဲ့လိုဖြစ်နေတာလဲ။

ဖြေ ။ ။ အဓိကအဲ့ဒါပဲလေ ၊ သူက ၂၀၀ ရာခိုင်နှုန်း ကျော်တဲ့ထောင်တွေတောင်ရှိတာကို ။

မေး ။ ။ဟုတ်ဘယ်ထောင်တွေလဲဆရာ ၊ ၂၀၀ ရာခိုင်နှုန်းကျော်တဲ့ထောင်တွေက။

ဖြေ ။ ။ မြစ်ကြီးနားထောင်ထင်တယ် ၊ ၂၀၀ ရာခိုင်နှုန်း ဆိုတာက ၁၀၀ ရာခိုင်နှုန်း ဆန့်တဲ့ထောင်ကို ၃၀၀ ရာခိုင်နှုန်း ဖြစ်နေတာ။ ၃ ဆဖြစ်သွားတာပေါ့နော်။ လူ ၁၀၀ ဆန့်တဲ့ထောင်ကို ၃၀၀ ဖြစ်သွားတာပေါ့နော် ၊ ၂၀၀ ကျော်သွားတာပေါ့။ သူဆန့်တာက ၁၀၀ လေ သူဆန့်တဲ့ဟာထက် နောက်ထပ် ၂ ဆ ကျော်သွားတယ်ဆိုတော့ ၃၀၀ ဖြစ်သွားတာပေါ့နော်။

ကျွန်တော်မှတ်ထားတာကတော့ ၂၀၀ ရာခိုင်နှုန်း ကျော်တာ ထောင် ၃ ခုလောက်ရှိတယ်ဗျ။ ၁၀၀ ရာခိုင်နှုန်း ကျော်တာက ထောင် ၇ ခုလောက်ရှိတယ်ဗျ။ ၉၀ ရာခိုင်နှုန်း ကျော်တာက ထောင် ၂ ခုလောက်ရှိတယ်ဗျ။ ၅၀ ရာခိုင်နှုန်း ကျော်တာက ထောင် ၂ ခုလောက်ရှိတယ်ဗျ။ ၄၀ ရာခိုင်နှုန်းကျော်တာက ထောင် ၃ ခုပါ။ ၃၀ ရာခိုင်နှုန်း ကျော်တာ ထောင် ၄ ခု အဲ့လိုရှိတယ်။

မေး ။ ။ ထောင်တွေလည်း ကျပ်တယ်။ ဒါပေမယ့်လည်းရှေ့မှာလည်း ပြစ်မှုကျူးလွန်တဲ့သူတွေကလဲရှိထားတော့ အဲ့ဒီဟာတွေကိုလွတ်လိုက်ပြန်တော့လဲ မဖြစ်ပြန်ဘူး။ အဲ့တော့ဘယ်လိုလုပ်မလဲဆရာ အဓိကက။

ဖြေ ။ ။ ကုစားမှုကတော့ ကျွန်တော်တို့ဆီမှာက ဥပဒေအရပြုပြင်ထိုက်ပေမယ့် ကျွန်တော်တို့မှာ မူးယစ်ဆေးဝါးဖြတ်တဲ့စခန်းတွေရှိတယ်။ ကျွန်တော်တို့ ဝက်ထီးကန်တို့ဘာတု့ိလေ အဲ့မှာ ဖြတ်တဲ့စခန်း ၃ ခုလောက်ရှိတယ်။ တကယ်တမ်းကြတော့ function ဖြစ်နေတာက ဝက်ထီးကန်တစ်ခုပဲရှိတယ်။ ကျန်တဲ့ဟာတွေက function မဖြစ်ဘူး။ ဒါတွေအသက်ပြန်သွင်းဖို့လိုတာပေါ့နော်။ ဒါလဲကျွန်တော်အကြံပြုထားတဲ့အထဲမှာ ပါတယ်။

မေး ။ ။ အဓိကကတော့ မူးယစ်ဆေးဝါးကြောင့်ထောင်ကျတဲ့အမှုက အများဆုံးဖြစ်နေတာပေါ့နော် အကျဉ်းသားထဲမှာ။

ဖြေ ။ ။ ဟုတ်ပါတယ် ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူကများနေတာ ၊ သုံးစွဲတဲ့သူများတဲ့အခါကြတော့လဲ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေရဲ့ promotion အဟာဗျူဟာကတော်တော်လေးကိုထူးခြားတယ်။ သူ့ရဲ့မဟာဗျူဟာကဘာလဲဆိုတော့ လူငယ်လေးတစ်ယောက်ကို မူးယစ်ဆေးဝါးစကျွေးလိုက်တာပေါ့ဗျာ။ အလကားကျွေးတာပေါ့ ၊ အလကားကျွေးတော့ ဒီကောင်လေးကစွဲသွားရောစွဲသွားတော့သူက မူးယစ်ဆေးဝါးတစ်ပြားကို ၅၀၀ လားမသိဘူး ဈေးနှုန်းလေးပေါ့နော် ၊ ဒီကောင်တစ်နေ့ကို ၅ ပြားစားတယ်ပေါ့ဗျာ ၊ ၅ ပြားဆိုတော့ ၂၅၀၀ လောက်ကျတာပေါ့ ၊ မင်းအဲ့ပိုက်ဆံဘယ်ကရလဲဆိုတဲ့အခါကြတော့ သူကကျွန်တော့်ကို အပြား ၅၀ ပေးတယ်တဲ့ ၊ အဲ့ဒါကိုသူက သူ့သူငယ်ချင်းတွေဆီကိုဖြန့်ပေးရတယ်။

ဖြန့်ပေးလိုက်တော့ သူစားချင်တဲံ ၅ ပြားကိုလည်း အလကားစားရတယ်ပေါ့ဗျာ ၊ မုန့်ဖိုးကလည်း ၂၀၀၀၀ လောက်ရတယ်ပေါ့ဗျာ ဒီလိုပေါ့။ အဲ့တော့သူ့အတွက်ကတော်တော်အဆင်ပြေတာပေါ့ သူစားချင်တာလဲ စားရတယ် မုန့်ဖိုးလဲရတယ်။ အဲ့ marketing ကသိပ်ကြောက်ဖို့ကောင်းတယ်။ ကျန်တဲ့သူငယ်ချင်းတွေကိုစည်းရုံးတာပေါ့နော် ဟိုကောက်သူဌေးကစည်းရုံးစရာမလိုဘူး ဒီကောင်ကလျောက်စည်းရုံးတာ ၊ လျောက်စည်းရုံးတော့ သူ့သူငယ်ချင်းကလဲပဲ သူလိုပဲ အမေ့ဆီကပိုက်ဆံမတောင်းရဘဲနဲ့ မခိုးရဘဲနဲ့ ပိုက်ဆံလဲရတယ် သုံးလို့လဲရတယ်ဆိုတော့ အဲ့တော့နောက်တစ်ယောက်ကထပ်လုပ်ပြန်ရော။ ဒါကကျွန်တော်တို့ဘာခေါ်လဲဆိုတော့ အခုပြဿနာတတ်နေတဲ့ဟာတစ်ခုရှိတယ် ဈေးရောင်းတဲ့ဟာပဲ ဆင့်ပွားလုပ်တဲ့ပုံစံမျိုး မူးယစ်ဆေးဝါးသမားတွေကလုပ်နေတာ။

လုပ်နေတဲ့အခါကြတော့ ဘုမသိဘမသိကလေးတွေက အဲ့ဒီမှာ ပိုက်ဆံကလဲ အိမ်ကမချမ်းသာ အမေကလဲမပေးနိုင် သူတို့ကလဲပျော်စရာပါးစရာကမရှိဆိုတော့ ဒါကိုချကြတာလေ။ အဲ့တော့ တစ်ယောက်ကအစ တစ်ရာဆိုပြီးတော့ ပွားထွက်သွားတာပေါ့နော်။ အဲ့စနစ်ကိုကျွန်တော်တို့ပြင်ရမှာ။

မေး ။ ။ အဲ့တော့ဆရာအခု မူးယစ်ဆေးဝါးသုံးတဲ့အမှုနဲ့ကျတဲ့သူက ရာခိုင်နှုန်းနဲ့တွက်လို့ရှိရင်ဘယ်လောက်လောက်ရှိမလဲဆရာ။

ဖြေ ။ ။ အဲ့ဒါတော့ကျွန်တော်က သတိမထားမိဘူး ၊ ကျွန်တော်ထင်တာတော့ သုံးတဲံသူကပိုပြီးတော့ သုံးပုံနှစ်ပုံလောက်တော့ရှိမယ်ထင်တယ်။ ရောင်းဝယ်ဖောက်ကားတဲ့သူတို့ဘာတို့ကတော့ နည်းတာပေါ့နော်။ တကယ်တမ်းအဓိကထုတ်လုပ်တဲ့သူကတော့ ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်း လောက်ပဲထင်တယ်။နည်းနည်းပဲကျမှာ သူတို့က အခုကအဲ့လိုဖြစ်နေတယ် မရှိဘူး သူတို့ကိုမမိတာများတယ်လေ။ မိတာကဘုမသိဘမသိသမားတွေမိတာ။ နောက်တစ်ခုက ကားကြီးတွေတစ်စီးလိုက်ကြီးမိတာကလဲ ပိုင်ရှင်မဲ့ဖြစ်သွားတယ် ၊ ပိုင်ရှင်မဲ့ဖြစ်တယ်ဆိုတာကလဲ ရဲကိုဝိုင်းဆဲနေကြတယ် ၊

တကယ်တမ်းကြတော့မလွယ်ဘူး။ မလွယ်ဘူးဆိုတာသူကဒီလို သူကဆရာသာလွန်ဆီကိုဖုန်းဆက်လိုက်တာပေါ့ဗျာ ၊ ဆရာသာလွန် တက္ကသိုလ်ရိပ်သာလမ်းနဲ့အင်းယားလမ်းထောင့်မှာ ကားတစ်စီးရပ်ထားတယ် သော့တန်းလမ်းနဲ့ ကိုသာလွန်အဲ့ကားကိုယူပြီးတော့ မြောက်ဥက္ကလာဘယ်လမ်းထောင့်ကိုပို့ပေးပါ ၊ ပို့ပြီးလို့ရှိရင် ဆရာသာလွန့်ရဲ့ဘဏ်စာရင်းထဲကို ပိုက်ဆံဘယ်လောက်ရောက်လာမယ် ဒါပဲ။ဆရာသာလွန်ဘယ်သူမှမသိရဘူး ဘယ်ကကားမှန်း ဘယ်သူ့ကားမှန်းမသိဘူး သွားမောင်းပြီးတော့ ဟိုနေရာပို့ပေးရုံပဲဒါပဲ။ ဟိုရောက်လို့ရှိရင် အဲ့ကားကထားခဲ့ ၊ ပြီးရင် ကျွန်တော့်ကိုဖုန်းဆက် ယုလွင်အောင် မြောက်ဥက္ကလာဘယ်ထောင့်မှာကားတစ်စီးရပ်ထားတယ် အဲ့ဒါကိုယူပြီးတော့ အင်းစိန်ဘယ်နားကိုပို့လိုက်ဆိုပြီးတော့ ၊

အဲ့လိုမောင်းပို့တဲ့အတွက်ကျွန်တော်တို့က တစ်သိန်းရမယ် နှစ်သိန်းရမယ်ပေါ့ဗျာ ။ ဆင်းရဲသားပိုက်ဆံရှာဖို့ခက်တဲ့အချိန်မှာ ဆင်းရဲသားကလဲလုပ်မှာပဲဗျ။ ဆိုတော့အဲ့ကားကြီးရပ်ပြီးထားခဲ့တဲ့အချိန်မှာ ရဲကသွားမိတော့ ပိုင်ရှင်မဲ့ဖြစ်သွားတာပေါ့။ ကားကလဲလိုင်စင်မဲ့လေ အဲ့လိုတွေဖြစ်တာ အဲ့လိုတွေကြောင့် ပိုင်ရှင်မဲ့တွေမိတယ်ဆိုတာ ရဲကိုလှိမ့်ဆဲနေလို့မရဘူး မူးယစ်ဆေးဝါးသမားကလဲ အရမ်းကိုကျွမ်းကျင်တာအဲ့လိုဖြစ်နေတယ်။

မေး ။ ။သူတို့ရဲ့ system တွေအရမ်းကောင်းနေတာပေါ့။

ဖြေ ။ ။ ခုနက marketing စနစ်ကလည်း ကလေးတွေကို ခိုင်းစားတဲ့စနစ်ပေါ့နော်။ နောက်တစ်ခုကကြတော့ မူးယစ်ဆေးဝါးဖြတ်တဲ့စနစ်က ဘယ်မှာလဲဆိုတော့ ဝက်ထီးကန်ရှိတယ် နာမည်က ရွှေပြည်သာစခန်းပေါ့နော်၊ ကယားပြည်နယ် ဖယ်ခုံမှာ ရွှေပြည်အေးစခန်းတဲ့ ၊ ရှမ်းပြည်နယ် မူဆယ်မြို့နယ်တီးမားမှာ ရွှေပြည်သစ်စခန်းဆိုပြီး ၃ ခုရှိတယ်။ အဲ့ ၃ ခုမှာ ဝက်ထီးကန် ရွှေပြည်သာစခန်းပဲ အလုပ်ဖြစ်တယ် ကျန်တဲ့ ၂ ခုက အလုပ်မလုပ်ဘူး။

နောက်တစ်ခုကပြန်လည်ထူထောင်ရေးစခန်းတွေပေါ့ ၊ ပြည်လည်ထူထောင်ရေးစခန်းတွေက လူကယ်ပြန်ဝန်ကြီးဌာနအောက်က ရန်ကုန် ၊ မန္တလေး ၊ မြစ်ကြီးနာ ၊လားရှိုး ၊ကျိုင်းတုန် ၊ တာချီလိတ် ၊ တောင်ကြီး ၊ မြဝတီရယ် ၊ကော့်သောင်းရယ် စုစုပေါင်း စခန်း ၉ ခုရှိတယ်။ ဒါပေမယ့်တော်တော်များများကပိတ်ထားတယ်။ ၆ ခုလောက်ပဲအလုပ်လုပ်နိုင်တယ် ၊ ဒါပေမယ့် အလုပ်လုပ်နိုင်တဲ့ဟာတွေကလဲ သိပ်မလွယ်လှဘူးဗျ။ အဲ့လိုဖြစ်နေတယ် အဲ့ဟာတွေကိုကျွန်တော်တို့က အကောင်ထည်ဖော်ဖို့လိုတာပေါ့ဗျာ။

မေး ။ ။ အကျဉ်းသားကလည်းများတယ် ၊ ထောင်ကလဲ ၄၇ ထောင်ပဲရှိတယ်ဆိုတော့ ထောင်တွေထပ်ချဲ့ဖို့ မရဘူးလားဆရာ။

ဖြေ ။ ။ ရတယ် ၊ ထောင်တစ်ထောင်ချဲ့ဖို့ဆိုတာ ပိုက်ဆံအရမ်းလိုတာ ဆရာ ၊ မြေသိမ်းရမယ် ၊ အဆောင်အအုံတွေဆောက်ရမယ် နည်းတဲ့ပိုက်ဆံမဟုတ်ဘူး ၊ ပြီးတော့ ကျွန်တော်တို့က အကျဉ်းသားအချင်းချင်းဖမ်းစီးနှိပ်ဆက်တယ် ဆိုတဲ့ကိစ္စတွေက တန်းစီးခန့်တာပေါ့နော် ၊ အဲ့ဒီဟာတွေကလဲ ကျွန်တော်တို့ရဲ့ထောင်စနစ်ကြောင့်ဖြစ်နေတာလေ။ ထောင်စနစ်ကနိုင်ငံခြားကထောင်တွေက တစ်ခန်းမှာ နှစ်ယောက်တို့ လေးယောက်တို့အဲ့လိုထားတာလေ ၊ ကျွန်တော်တို့ဆိမှာက hall type ဆိုပြီးတော့ အခန်းကြယ်ကြီးထဲမှာ လူ ၆၀ ၁၀၀ ထားတာကို။ ဆိုတော့အကျဉ်းသားအချင်းချင်းအုပ်ချုပ်တဲ့သူမထားလို့ရှိရင် သတ်ကုန်မှာပေါ့။

အဲ့မှာ အကျဉ်းသားအချင်းချင်းအုပ်ချုပ်တဲ့စနစ်ထားချင်းအားဖြင့် အချင်းချင်းအနိုင်ကျင့်တာတွေပေါ်လာတာပေါ့။ အဲ့ဒါမျိုးမလုပ်ဘူး cell type လုပ်မယ်ဆိုရင် အဲ့ဒီ cell type က အခန်းတိုင်းအခန်းတိုင်းမှာ အိမ်သာရေချိုးခန်းပါတယ်လေ ၊ ဆိုတော့အဲ့လို အိမ်သာရေချိုးခန်းထည့်ပြီဆိုလို့ရှိရင် ပိုက်ဆံကမနည်းဘူးကုန်မှာပေါ့ ၊ နောက်ပြီး အကျယ်အဝန်းကလဲအများကြီးလိုမှာပေါ့ ၊ အခုဆိုရင်လူတစ်ယောက်ကို တစ်ပေခွဲလောက်ပဲရှိတာလေ ၊ ခုနက cell type ဆိုရင်လူတစ်ယောက်ရဲ့ capaticy ကအပြည့်ပဲ လမ်းလျှောက်ဖို့တောင် အထဲမှာနေရာရှိသေးတယ်။ ဟုတ်တယ်မှတ်လား စာဖတ်ဖို့အတွက်စားပွဲနဲ့ အိပ်ယာနဲ့ ဟုတ်တယ်မှတ်လား။

မေး ။ ။ buget အများကြီးလိုတာပေါ့ဆရာ။

ဖြေ ။ ။ အကြီးအကျယ် buget အများကြီးလိုတာပေါ့ ၊ အဲ့ဒါကြောင့်မို့ကျွန်တော်တို့က ထောင်ချဲ့ဖို့ဆိုတာတော်တော်ကိုခက်တယ်။

မေး ။ ။၄၇ ထောင်မှာရောဆရာ အခုရှိနေတဲ့ Buget နဲ့ရအောင်လုပ်နေရတဲ့သဘောပေါ့။

ဖြေ ။ ။၄၄ ထောင်ဗျ ၊ ၄၄ ထောင်မှာ အချုပ်ထောင်လေးတွေရှိသေးတယ် တောင်ကြီးတို့ ဘာတို့ပေါ့နော် နေပြည်တော် တောင်ကြီး အချုပ်ထောင်တွေပေါ့။ ထပ်ချဲ့တဲ့ထောင်တွေကလဲ မကွေးထောင်မျိုးဆိုရင် လိုအပ်ချက်အရထောင်ထပ်ဆောက်ရတာပေါ့။ နောက်ပြီးတော့ မော်လမြိုင် ကျိုက်မရောတို့ဘာတို့မှာ ထောင်တွေထပ်ဆောက်ရတာပေါ့နော်။ ဒါတွေကလဲ မပြီးနိုင်သေးဘူး မကွေးဆိုနောက် ၂ နှစ် ၃ နှစ်လောက်မှပြီးမယ် ၊ အဓိကတော့ buget ပဲ ပိုက်ဆံမလေက်ဘူး။

မေး ။ ။အခုကကျတော့ အကျဉ်းသားတစ်ယောက်အတွက်ကို ဘယ်လောက်သုံးလဲဆရာ buget အရပေါ့လေ။

ဖြေ ။ ။ ထမင်းစားရိတ်ကတော့ ၉၆၀ သုံးတယ် ၊ တစ်ရက်ကို ၉၆၀။

မေး ။ ။ အဲ့ဒါကို ခြောက်သောင်းကျော်နဲ့ မြှောက်လိုက်ရင် တစ်နေ့အသုံးစရိတ် buget ထွက်လာတာပေါ့နော်ဆရာ။

ဖြေ ။ ။ ဘယ်နည်းမတုန်းဟုတ်တာပေါ့ ၊

မေး ။ ။ဒါတောင်ဝန်ထမ်းအကျဉ်းသားစရိတ်မပါဘူးပေါ့နော်။

ဖြေ ။ ။ ဟုတ်တယ်ဝန်ထမ်းစရိတ်တွေမပါသေးဘူးလေ။ အဲ့မှာ ရေတို့ဘာတို့မပါသေးဘူးလေ ၊ ဝတ်စုံစရိတ်တို့ ဆပ်ပြာတို့ဘာတို့မပါသေးဘူးလေ ။

မေး ။ ။ ဆရာအခုလိုမျိုးလေ ဟိုနားကလဲဆူလိုက်ဒီနားကလဲဆူလိုက် ဆရာတို့ကိုလဲတွေ့ခွင့်တောင်းလိုက် ဆိုတော့ ဆရာတို့ဘယ်လိုကိုင်တွယ်မလဲ ၊ ထောင်တွေကလဲအများကြီးဆိုတော့။ အခုကလေဆိုရင်ဆရာတို့မသွားနိုင်တော့ဘူးလေ။

ဖြေ ။ ။ လောလောဆယ်တော့ အဲ့ကဒေသန္တရအာဏာပိုင်ပေါ့နော်……..သူတို့ပြောချင်တာပြောလိုက်ရရင်ကျေနပ်သွားတာပါပဲ ဒါပါပဲ။ ကျွန်တော်တို့ကတော့ အဲ့လိုလှည့်လုပ်မယ် ၊ လိုအပ်တဲ့ဟာတွေကို သမ္မတကြီးဆီ အကြံပြုချက်တွေရေးမယ် ဒီလောက်ပဲကျွန်တော်တို့ကတတ်နိုင်တယ်။

မေး ။ ။ လူများတဲ့ထောင်တွေလဲ ဒီလိုမျိုးမဖြစ်အောင် ဆရာတို့လှည့်မယ်ပေါ့နော်။

ဖြေ ။ ။ လှည့်ရမယ် လှည့်ရမယ် အဲ့ဒါလဲ plan ဆွဲပြီးလှည့်ဖို့ပြင်ရမယ်။သူတို့တွေ့ချင်တယ်လို့ အော်တာနဲ့ ကျွန်တော်တို့ပြေးနိုင်အောင်ကြိုးစားရမှာပေါ့။ အဓိကကတော့ ထောင်မဆူဖို့လိုတာပေါ့နော်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts