All News

တောင်ဒဂုံ ၁၀၆ ရပ်ကွက်ရှိ အစ္စလမ် ဘာသာ ဥပုသ်ကာလ ယာယီ ဝတ်ပြုဆောင်ကို လူအင်အား ၁၀၀ ကျော် ဖြင့် ဝိုင်းဝန်း ပိတ်ပင်မှု ထပ်မံဖြစ်ပွား

ရန်ကုန်၊ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒဂုံမြို့သစ်တောင်ပိုင်း(တောင်ဒဂုံ) ၁၀၆ ရပ်ကွက်တွင် အစ္စလမ်ဘာသာဝင်များ ဥပုသ်လ ယာယီ ဝတ်ပြုရန် ခွင့်ပြုထားသည့် ဝတ်ပြု အဆောက်အအုံကို ယနေ့ညပိုင်းတွင် ဘုန်းကြီးတချို့ အပါအဝင် လူအင်အား ၁၀၀ ကျော်ဖြင့် ဝိုင်းဝန်းပြီး ဝတ်ပြုခွင့် ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံအစ္စလမ်ဘာသာရေး အဖွဲ့မှ ဦးဇော်မင်းလတ်က ပြောသည်။

“လူအင်အား ၁၀၀ လောက်နဲ့ ဝိုင်းပြီး တိုင်းဒေသကြီးအစိုးရ ခွင့်ပြုထားတဲ့ ယာယီ ဝတ်ပြုဆောင်ကို ဝင်စစ်တယ်။ မြို့နယ် ထွေ/အုပ် ပါတယ်၊ ရဲမှူးပါတယ်။ အခုတော့ ဝတ်ပြုဆောင်ကို ပိတ်ပင်လိုက်တယ်။ အမှန်က အဲဒီ ၁၀၆ ဝတ်ပြုဆောင်ကလည်း တိုင်းဒေသကြီးအစိုးရက ဥပုသ်လ ၁ လ ဝတ်ပြုဖို့ ခွင့်ပြုထားတာ။ ခွင့်ပြု အမိန့်စာလည်းရှိတယ်” ဟု ဦးဇော်မင်းလတ်က ဆိုသည်။

ဘုန်းကြီးတချို့ ပါဝင်သော လူအုပ်စုသည် မေလ ၁၄ ရက်နေ့ညပိုင်းက တောင်ဒဂုံ၊ ၂၆ ရပ်ကွက်ရှိ အစ္စလမ် ယာယီ ဝတ်ပြုဆောင်ကို ဝိုင်းဝန်း ပိတ်ပင်မှု လုပ်ဆောင်ခဲ့သည်။

တောင်ဒဂုံတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခွင့်ပြုထားသော အစ္စလမ် ဥပုသ်လ ယာယီ ဝတ်ပြုဆောင် ၃ ခုရှိပြီး ၂ခုမှာ လူအုပ်စုဖြင့် အင်အားသုံး စစ်ဆေး ပိတ်ပင်မှုများ ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။.

ဓာတ်ပုံ- တောင်ဒဂုံ ၁၀၆ ရပ်ကွက်ရုံးကို လူအင်အား ၁၀၀ ကျော်ဖြင့် ဝိုင်းဝန်းပြီး ယာယီ အစ္စလမ်ဝတ်ပြုဆောင်ကို ပိတ်ပင်ခိုင်းခဲ့ ကြသည်။

ဓာတ်ပုံ- ကိုကျော်ကြီး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts