All News Local News

တောင်ဒဂုံရှိ အစ္စလမ် ယာယီဝတ်ပြုဆောင် ၃ ခုကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပြန်လည် ဝတ်ပြုခွင့်ပြု၊ ဝတ်ပြုချိန် လုံခြုံရေးပေးမည်ဟုဆို

ရန်ကုန်၊ မေ ၁၆

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မိုက်ကယ်ကျော်မြင့် ဆိုသူ ဦးဆောင် လူအုပ်စုက ပိတ်ပင်ရန် အင်အားသုံး ဖိအားပေးခဲ့သော အစ္စလမ် ဥပုသ်ကာလ ဝတ်ပြုဆောင် ၃ ခုကို ယနေ့ညမှစ၍ ပြန်လည် ဝတ်ပြုခွင့်ပြုမည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြား လာကြောင်း သိရှိရသည်။

“သက်ဆိုင်တဲ့ ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ပြောတယ်။ ဝတ်ပြု ခွင့်ပေးမယ်။ သူတို့ လုံခြုံရေး အစောင့်အရှောက်တွေလည်း ပေးမယ်ပေါ့။ ဝတ်ပြုလို့ရတယ်ဆိုတာ အသိပေးထားတယ်။ အဲဒါ က ကျနော်တို့ နောက်ဆုံးသိထားတာပါ” ဟု မွတ်စလင်အသိုင်းအဝိုင်းမှ လူ့အခွင့်အရေး လှုပ်ရှား ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးမျိုးဝင်း(Smile) က ပြောသည်။

ရန်ကုန်ခေတ်သစ်က ဒဂုံ မြို့သစ်တောင်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်ကမူ ယာယီဝတ်ပြုဆောင် ၃ ခု ပြန်လည် ခွင့်ပြုသည့်သတင်းအပေါ် အလုပ်မအား၍ မဖြေနိုင်ကြောင်း၊ နံနက်စာ မစားရသေး၍ နားလည်ပေးစလိုကြောင်း ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။

မေလ ၁၄ ရက်နေ့ နှင့် မေလ ၁၅ ရက်နေ့ ညများတွင် လူအင်အား ၂၀၀ ခန့်ရှိသော လူအုပ်စုက အစိုးရ ခွင့်ပြုထားသော အစ္စလမ် ဥပုသ် ယာယီဝတ်ပြုဆောင် ၃ ခုကို ပိတ်ပင်ရန် ဖိအားပေးခဲ့ပြီး မြို့နယ် အာဏာပိုင်များက ဝတ်ပြုခွင့် ပိတ်ပင်ခဲ့သည်။

ဓာတ်ပုံ- ယမန်နေ့ညက လူအုပ်စု ၂၀၀ ခန့်က ယာယီဝတ်ပြုဆောင်များကို ဝင်ရောက်စစ်ဆေးပြီး ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com