Peace Web TV

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောက်တန်းကျေးရွာသား တွေ ဆူပူအော်ဟစ်လို့ သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော ( ရုပ်/သံ)

ဆူပူေအာ္ဟစ္လို႔ ေသနတ္နဲ႔ ပစ္ခတ္ႏွိမ္နင္းဟု ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းေျပာ

တပ္မေတာ္က ဖမ္းဆီးထိန္းသိမ္းထားတဲ့ ေက်ာက္တန္းေက်းရြာသား ေတြ ဆူပူေအာ္ဟစ္လို႔ ေသနတ္နဲ႔ ပစ္ခတ္ႏွိမ္နင္းဟု ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းေျပာ ( ႐ုပ္/သံ)ရန္ကုန္၊ ေမ ၂ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မႉး ခ်ဳပ္ ေဇာ္မင္းထြန္း"က်ေနာ္တို႔က ဧၿပီ ၂၃ ရက္ကေန ၃၀ ရက္အထိ မလြဲမ ေတာင္ေပၚမွာ တိုက္ပြဲ ျဖစ္ခဲ့တယ္။ အဲ့တိုက္ပြဲျဖစ္ေတာ့ စခန္းေတြ သိမ္းရတယ္။ အဲ့အဖြဲ႕က ေက်ာက္တန္းမွ အရပ္သားအသြင္နဲ႔ ဝင္ေရာက္ခိုလႈံတယ္လို သတင္းရတယ္။ ဧၿပီ ၃၀ ရက္ေန႔မွာ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ၊ တပ္မေတာ္က လုံၿခဳံေရးအဖြဲ႕ေတြက ႐ြာထဲကို ဝင္ၿပီး စစ္တယ္။ စစ္ေတာ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ က အိမ္ေထာင္စုစာရင္းေတြနဲ႔ ကိုင္တြယ္ၿပီး တိုက္ခံ စစ္ေဆးတယ္။ အိမ္ေထာင္စုစာရင္းမွ မပါတဲ့ ၊ မသကၤာစရာေကာင္းတဲ့ အသက္ ၁၅ ႏွစ္ ကေန ၅၀ ႏွစ္ ကို အိမ္ေထာင္စုစာရင္းေတြနဲ႔ တိုက္ၿပီး စစ္ေဆးတယ္။ သြင္ျပင္ေတြကို စစ္တယ္။ လူ ၂၇၅ ေယာက္ကို အဲ့႐ြာက စာသင္ေက်ာင္းမွာ ေခတၱ ခဏ ထိန္းသိမ္းထားတယ္။ စစ္ေဆးမႈေတြ လုပ္တယ္" "ဒီေန႔မနက္ ၂ နာရီမွေတာ့ အဲ့ထဲက လူအုပ္ထဲက လုံၿခဳံေရးလုပ္ေနတဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ဝင္ေတြကို ေအာ္ဟစ္ၿပီး တိုက္ခိုက္တာေတြ ရွိတယ္။ အဲ့တာကို က်ေနာ္တို႔ဆီက လူစုလူေဝးေတြကို ထိန္းသိမ္းတဲ့ ပုံစံအတိုင္း ပထမဦးဆုံးေတာ့ ေအာ္ဟစ္သတိေပးတယ္ ။ ၿပီးေတာ့ ေသနတ္ကို မိုးေပၚေထာင္ၿပီးေတာ့ ေျခာက္လွန႔္ ပစ္ခတ္လူစုခြဲတယ္။ လူစု မခြဲဘူး။ အဲ့မွာ ရွိေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ လက္နက္ေတြ လုလာႏိုင္တဲ့အထိ လုပ္ေဆာင္လာတာ ရွိတယ္။ ဒါေၾကာင့္မို႔ ပတ္ခတ္ႏွိမ္နင္းတာေတာ့ ရွိတယ္။ က်ေနာ္တို႔ ကေနဦးသတင္းအရ ပစ္ခတ္ႏွိမ္နင္းတာ ၆ ဦးက ေသဆုံးတာ သတင္းရတယ္။ ၈ ဦး ဒဏ္ရာ ရတယ္လို႔ သတင္းရတယ္။ ၄ ဦးကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားတယ္။ အဲ့ ၈ ဦးကေတာ့ တပ္ဘက္က ေဆးဘက္ဆိုင္ရာ အဖြဲ႕ေတြ ပါေတာ့ ၊ သူတို႔နဲ႔ ေဆးကုသမႈလုပ္တယ္။ ၿပီး ရင္ တိုက္နယ္ ေဆး႐ုံကို ပို႔တယ္။ အခုေလာေလာဆယ္ေတာ့ စစ္ေတြေဆး႐ုံ ကို ထပ္ပို႔တယ္လို႔ သိရတယ္" "အဓိက ေတာ့ တပ္က ဝိုင္းစစ္ေဆးေနတဲ့ ပုံစံမွ ပထမဦးဆုံး ကေနဦး ေဖာ္ထုတ္စစ္ေဆးခ်က္အရ AA တပ္ဖြဲ႕ဝင္လည္း ပါတဲ့ လူေတြ ရွိတယ္။ က်ေနာ္တို႔ကေတာ့ စစ္ေဆးၿပီးတာနဲ႔ လုပ္ထုံးလုပ္နည္းအရ တရားစြဲဆိုတာ ေဆာင္႐ြက္ရမယ္။ လုပ္ထုံးလုပ္နည္းအရ ရဲလက္ကို အပ္ရမယ္ ။ အဲ့တာေတြကလည္း လုပ္ထုံးလုပ္နည္းအရ ေဆာင္႐ြက္ရမွာ ။ မေဆာင္႐ြက္လို မရဘူး။ ျဖစ္ေအာင္ေဆာင္႐ြက္ရမယ္။ ရဲမွာ အမႈဖြင့္ရမယ့္ လူေတြရွိတယ္။ က်ေနာ္တို႔ စစ္ေဆးတဲ့အခါ မသကၤာရာ မျဖစ္ဘူး။ လြတ္ကင္းတဲ့သူေတြကိုေတာ့ ျပန္လႊတ္ေပးရမယ္" အဲ့ဒီ ျဖစ္တဲ့လူေတြက ၂၇၅ ထဲက လူေတြပဲ။ ထိန္းသိမ္းထားတဲ့အေျခအေနပဲ။ ထိန္းသိမ္းထားၿပီး စစ္ေဆးမယ္။ ပါဝင္ပတ္သက္တဲ့သူေတြက AA တပ္ဖြဲ႕ဝင္ျဖစ္ရင္ တရားဥပေဒအရ အေရးယူရမွာပဲ။ အမာခံျဖစ္တယ္ဆိုလည္း တရားဥပေဒအရ အေရးယူရမွာပဲ။ ဘာမွ ပတ္သက္မႈ မရွိရင္ေတာ့ က်ေနာ္တို႔က လႊတ္ေပးရမွာပဲ။ တရားဥပေဒအတိုင္းပဲ ဆက္လက္ေဆာင္႐ြက္သြားမွာပါ။ ပုဒ္မေတြေတာ့ က်ေနာ္တို႔ မသိရေသးဘူး။ သူတို႔ရဲ႕ ပါဝင္ပတ္သက္မႈက ဘာေတြ ရွိမွန္းမသိရေသးဘူး။ အဲ့ဒီအေပၚမူတည္ၿပီး အမ်ိဳးမ်ိဳး ကြဲလြဲသြားမွာပါ။

Posted by Khit Thit Media on Thursday, 2 May 2019

ရန်ကုန်၊ မေ ၂

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း

“ကျနော်တို့က ဧပြီ ၂၃ ရက်ကနေ ၃၀ ရက်အထိ မလွဲမ တောင်ပေါ်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်။ အဲ့တိုက်ပွဲဖြစ်တော့ စခန်းတွေ သိမ်းရတယ်။ အဲ့အဖွဲ့က ကျောက်တန်းမှ အရပ်သားအသွင်နဲ့ ဝင်ရောက်ခိုလှုံတယ်လို သတင်းရတယ်။ ဧပြီ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ တပ်မတော်က လုံခြုံရေးအဖွဲ့တွေက ရွာထဲကို ဝင်ပြီး စစ်တယ်။ စစ်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က အိမ်ထောင်စုစာရင်းတွေနဲ့ ကိုင်တွယ်ပြီး တိုက်ခံ စစ်ဆေးတယ်။ အိမ်ထောင်စုစာရင်းမှ မပါတဲ့ ၊ မသင်္ကာစရာကောင်းတဲ့ အသက် ၁၅ နှစ် ကနေ ၅၀ နှစ် ကို အိမ်ထောင်စုစာရင်းတွေနဲ့ တိုက်ပြီး စစ်ဆေးတယ်။ သွင်ပြင်တွေကို စစ်တယ်။ လူ ၂၇၅ ယောက်ကို အဲ့ရွာက စာသင်ကျောင်းမှာ ခေတ္တ ခဏ ထိန်းသိမ်းထားတယ်။ စစ်ဆေးမှုတွေ လုပ်တယ်”

“ဒီနေ့မနက် ၂ နာရီမှတော့ အဲ့ထဲက လူအုပ်ထဲက လုံခြုံရေးလုပ်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်တွေကို အော်ဟစ်ပြီး တိုက်ခိုက်တာတွေ ရှိတယ်။ အဲ့တာကို ကျနော်တို့ဆီက လူစုလူဝေးတွေကို ထိန်းသိမ်းတဲ့ ပုံစံအတိုင်း ပထမဦးဆုံးတော့ အော်ဟစ်သတိပေးတယ် ။ ပြီးတော့ သေနတ်ကို မိုးပေါ်ထောင်ပြီးတော့ ခြောက်လှန့် ပစ်ခတ်လူစုခွဲတယ်။ လူစု မခွဲဘူး။ အဲ့မှာ ရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေ လုလာနိုင်တဲ့အထိ လုပ်ဆောင်လာတာ ရှိတယ်။ ဒါကြောင့်မို့ ပတ်ခတ်နှိမ်နင်းတာတော့ ရှိတယ်။ ကျနော်တို့ ကနေဦးသတင်းအရ ပစ်ခတ်နှိမ်နင်းတာ ၆ ဦးက သေဆုံးတာ သတင်းရတယ်။ ၈ ဦး ဒဏ်ရာ ရတယ်လို့ သတင်းရတယ်။ ၄ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ အဲ့ ၈ ဦးကတော့ တပ်ဘက်က ဆေးဘက်ဆိုင်ရာ အဖွဲ့တွေ ပါတော့ ၊ သူတို့နဲ့ ဆေးကုသမှုလုပ်တယ်။ ပြီး ရင် တိုက်နယ် ဆေးရုံကို ပို့တယ်။ အခုလောလောဆယ်တော့ စစ်တွေဆေးရုံ ကို ထပ်ပို့တယ်လို့ သိရတယ်”

“အဓိက တော့ တပ်က ဝိုင်းစစ်ဆေးနေတဲ့ ပုံစံမှ ပထမဦးဆုံး ကနေဦး ဖော်ထုတ်စစ်ဆေးချက်အရ AA တပ်ဖွဲ့ဝင်လည်း ပါတဲ့ လူတွေ ရှိတယ်။ ကျနော်တို့ကတော့ စစ်ဆေးပြီးတာနဲ့ လုပ်ထုံးလုပ်နည်းအရ တရားစွဲဆိုတာ ဆောင်ရွက်ရမယ်။ လုပ်ထုံးလုပ်နည်းအရ ရဲလက်ကို အပ်ရမယ် ။ အဲ့တာတွေကလည်း လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရမှာ ။ မဆောင်ရွက်လို မရဘူး။ ဖြစ်အောင်ဆောင်ရွက်ရမယ်။ ရဲမှာ အမှုဖွင့်ရမယ့် လူတွေရှိတယ်။ ကျနော်တို့ စစ်ဆေးတဲ့အခါ မသင်္ကာရာ မဖြစ်ဘူး။ လွတ်ကင်းတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးရမယ်”

အဲ့ဒီ ဖြစ်တဲ့လူတွေက ၂၇၅ ထဲက လူတွေပဲ။ ထိန်းသိမ်းထားတဲ့အခြေအနေပဲ။ ထိန်းသိမ်းထားပြီး စစ်ဆေးမယ်။ ပါဝင်ပတ်သက်တဲ့သူတွေက AA တပ်ဖွဲ့ဝင်ဖြစ်ရင် တရားဥပဒေအရ အရေးယူရမှာပဲ။ အမာခံဖြစ်တယ်ဆိုလည်း တရားဥပဒေအရ အရေးယူရမှာပဲ။ ဘာမှ ပတ်သက်မှု မရှိရင်တော့ ကျနော်တို့က လွှတ်ပေးရမှာပဲ။ တရားဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ပုဒ်မတွေတော့ ကျနော်တို့ မသိရသေးဘူး။ သူတို့ရဲ့ ပါဝင်ပတ်သက်မှုက ဘာတွေ ရှိမှန်းမသိရသေးဘူး။ အဲ့ဒီအပေါ်မူတည်ပြီး အမျိုးမျိုး ကွဲလွဲသွားမှာပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com