All News Peace

စစ်ကြောခံနေရသော ကျေးရွာသား ၂၇၅ ဦး အနက်မှ ၈ ဦးမြောက်ထပ်မံ သေဆုံး၊ ကျောက်တန်းကျေးရွာတစ်ခုလုံးကို တပ်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ထား

ရန်ကုန်၊ မေ ၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် အစိုးရတပ်မတော်က ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးလျက်ရှိသော ကျေးရွာသား ၂၇၅ ဦးအနက်မှ ၈ ဦးမြောက်အဖြစ် ရွာသားတစ်ဦး ထပ်မံ သေဆုံးသွားပြီး ကျေးရွာတစ်ခုလုံးကိုလည်း စစ်တပ်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ ထားကြောင်း သိရှိရသည်။

“သေဆုံးတာ ၈ ယောက်ရှိပြီး ၊ ၇ ယောက်ကတော့ နာမည်ရတယ်။ ၈ ဦးမြောက် နာမည်တော့ မရသေးဘူး။ ကျန်တဲ့ရွာသားတွေ အခြေအနေလည်း ပြောလို့မရသေးဘူး။ သူတို့လည်း မပြေးဘဲ အဲဒီမှာပဲ ရှိမှာပါ။ သူက တပ်ကဝိုင်းထား ၊ ခြံစည်းရိုးကလည်း အခိုင်အမာရှိတော့ သူတို့ ပြေးလို့ မရဘူး” ဟု အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

ယမန်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သွားရောက်၍ စုံစမ်းမေးမြန်းသော်လည်း ဝင်ခွင့်မရရှိဘဲ ဖြစ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ကတော့ လွှတ်တော်အမတ် တစ်ယောက်သွားတယ်။ အထဲကို ဝင်ခွင့်မပေးတာ။ ရွာကို ပိတ်ထားတယ်လို ပြောတယ်။ အထက်အမိန့်အရ ရွာမှာ လူဝင်လူထွက် မရှိရဘူးပြောတော့ အဲဒီလွှတ်တော်အမတ်လည်း ပြန်လာရတယ်။ အခြေအနေကဖုန်းတောင်ဆက်လို့မရဘူး။ ဖုန်းတွေ သိမ်းထားတယ်။ အဆက်အသွယ်မရဘူး။ နယ်ခြားစောင့်ရဲစခန်း ဌာနချုပ်က စေတီပြင်ဆိုတဲ့ ရွာမှာ ရှိတယ်။ အဲဒီကို သယ်နေတယ် ။ ရသေ့တောင် ၊ ဘူးသီးတောင်က နယ်ခြားစောင့်တပ်ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိတယ်။ ပုံမှန် ပြည်သူရဲအောက်မှာ မရှိဘူး။ လူနာတွေကို နောက်ကျေးရွာကြီး တစ်ရွာဖြစ်တဲ့ စေတီပြင် ဌာနချုပ်ကို သွားပြီးတော့ ပို့နေတယ်။ အဲဒီမှာ ခွဲစိတ်မှုတွေ လုပ်မှာပေါ့” ဟု အမတ် ဦးခင်မောင်လတ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က တပ်မတော်ဘက်မှ အတည်ပြု ချက်များရရှိရန် ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

ကျနော်တို့လည်း စောင့်ကြည့်နေရတယ်။ အခြေအနေထူးရင် ထပ်ပြောမယ်။ အရင်က ဒဏ်ရာရတဲ့ လူနာ က ၈ ယောက် ၊ ဆုံးတဲ့သူက ၈ ယောက် ၊ ဒီလောက်ပဲ ခန့်မှန်းလို့ ရသေးတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com