All News Local News

ခန္တီးတွင် တပ်သား ၁ ဦး ပစ်ခတ်၍ ဆေးမှူးဗိုလ်ကြီး ၁ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး၊ တပ်မတော်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ခန္တီးတွင် တပ်သား ၁ ဦး ပစ်ခတ်၍ ဆေးမှူးဗိုလ်ကြီး ၁ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး၊ တပ်မတော်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ တွင် တပ်မတော်က ဝင်ရောက်ထိန်းချုပ်ထားသည့် နာဂ NSCN-K ဌာနချုပ် “တကား” စခန်းတွင် မေလ ၂၉ ရက်နေ့ တပ်မတော်သား ၁ ဦးပစ်ခတ်မှုကြောင့် ဆေးမှူး ဗိုလ်ကြီး ၁ ဦးနှင့် အရပ်သား တစ်ဦး သေဆုံးကာ တပ်မတော်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တပ်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် တပ်သားအောင်မျိုးထွန်းသည် လက်နက်ဖြင့် အတွဲလိုက်ပစ်ခတ်ရာ ဆေးမှူး ဗိုလ်ကြီးတင်စိုးဟိန်း သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် နေရာတွင်ပင် ကွယ်လွန်ခဲ့ကြောင်း၊ အရပ်သားတစ်ဦးဖြစ်သူ ကိုကိုအောင်(ခ) အငယ်လေးသည် သေနတ်ဒဏ်ရာ ၁ ချက်ဖြင့် ကွယ်လွန်ခဲ့ကြောင်း၊ တပ်သား သန့်ဇင်ဖြိုးနှင့် ဗိုလ်ကြီးအောင်မင်းခန့်သည် စိုးရိမ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်များထံ ဆက်သွယ်သော်လည်း အသေးစိတ် မသိရှိသေးဟု ပြောဆိုကြသည်။

တကားစခန်းသည် နာဂလက်နက်ကိုင်အဖွဲ့ NSCN-K အဖွဲ့၏ ဌာနချုပ်စခန်းဖြစ်ပြီး အဆိုပါဒေသတစ်ဝှိုက် အိန္ဒိယနိုင်ငံဘက်အခြမ်းမှ လက်နက်ကိုင်အဖွဲ့အချို့ဝင်ရောက်ခိုလုံမှုကြောင့် တပ်မတော်က ဝင်ရောက်ထိန်းချုပ်ထားသောနေရာဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts