All News Peace

ကျောက်တော် စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည် အမျိုးသားတစ်ဦး ဝါးခုတ်သွားစဉ် မိုင်းထိ

ရန်ကုန်၊ မေ ၈

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦးသည် ယနေ့ နံနက်ပိုင်း တဲဆောက်ရန် ဝါးခုတ်သွားစဉ် မိုင်းထိဒဏ်ရာရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးက သတင်းထုတ်ပြန်သည်။

ဝါးတောင်စခန်းမှ မြိုတိုင်းရင်းသား ဦးပန်းအောင်ချေ (၃၄) နှစ် မိုးရာသီအတွက် တဲဆောက်ရန် မြို့ချောင်းအနီး တောထဲသို့ ဝါးခုတ်ရန်သွားစဉ် မိုင်းထိခြင်းဖြစ်ကြောင်း၊ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ကျောက်တော်မြို့နယ်၊ ဝါးတောင် စစ်ဘေးဒုက္ခသည်စခန်းတွင် အိမ်ထောင်စု (၂၃၄) စု၊ လူဦးရေ အားဖြင့် (၁၂၂၁) ခိုလှုံလျှက်ရှိပြီး ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင် ၄ သောင်းနီးပါး ရောက်ရှိနေပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts