All News Local News

ကယားအစိုးရ၏ တရားစွဲဆိုမှု ဂုဏ်သိက္ခာရှိစွာဖြင့် ရင်ဆိုင်မည်ဟု ကရင်နီလူငယ်များပြော

ရန်ကုန်၊ မေ ၂၁

ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ကရင်နီလူငယ် ၆ ဦးတို့ကို အမှုဖွင့်ထားမှုနှင့်ပတ်သက်ပြီး ပတ်သက်ပြီး ကရင်နီလူငယ် ၆ ဦးမှ ဂုဏ်သိက္ခာရှိစွာဖြင့် တရားရင်ဆိုင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကရင်နီလူငယ်များက ပြောဆိုလိုက်သည်။

လက်ရှိတွင် ကရင်နီလူငယ် ၆ ဦးတို့ကို င့်ခေါ်စာဖြင့် အကြောင်းကြားခြင်း မရှိဘဲ ယနေ့ မနက်ပိုင်းတွင် လွိုင်ကော်မြို့မရဲစခန်းက ဖုန်းဖြင့် ဆက်သွယ်အကြောင်းလာကြောင်း ၊တွေ့သည့်နေရာတွင် ဖမ်းဆီးရန် ညွန်ကြားထားကြောင်း ၊ မိမိတို့ဘက် လူစုံရင် တရားဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်ပြီး အာမခံ ရ ၊ မရ သည် တရားရုံးဆုံးဖြတ်ချက်အပေါ် မူတည်နေကြောင်း ကိုဒီးဒီးက ပြောသည်။

“ ရဲစခန်းက ကျနော်တို့ဆီ ဖုန်းဆက်တယ်။ သူတို့ တွေ့တာနေရာမှ ရှာဖွေပြီးဖမ်းဖို့ ဆိုတာ ဟုတ်ပါတယ်။ ကျနော်တို့က ပြောတယ်။ ကျနော်တို့ လူစုံအောင် စောင့်နေတယ်။ လူစုံရင် တစ်စုတစ်စည်းတည်း ဂုဏ်သိက္ခာရှိရှိ တရားရင်ဆိုင်မယ်။ ဒီကြားထဲမှ ၂ ၊ ၃ ရက် လောက်ကျနော်တို့ကို အချိန်ပေးရမယ်။ ပြီးရင် ကျနော်တို့မိသားစုတွေ ဖိအားပေးနှောက်ယှက်တာတွေ မလုပ်ရင် ပိုကောင်းမယ်။ အကယ်၍ ဆက်လက်ပြီး နှောက်ယှက်ပေးနေရင်တော့ မလိုလားအပ်သော အခက်အခဲ တွေဖြစ်မယ်လို ကျနော်တို့ ပြောထားတယ်။ ကျနော်တို့အပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့က ၂ ၊ ၃ ရက်လောက်စောင့်ခိုင်းထားပါတယ်။ ကျနော်တို့ ကို ရှင်းရှင်းပြောရရင် လာအဖမ်းခံခိုင်းတာ ။ အာမခံပေးလို့မရဘူး။ ။ တရားရုံးက အာမခံဆုံးဖြတ်မယ်။ သူတို့ကဖမ်းဆီးပြီး တရားရုံးကို ခေါ်မယ်။ ရမန်ယူမယ်။ အာမခံ ရ ၊ မရတော့ တရားရုံးက ဆုံးဖြတ်မယ်လို့ ရဲစခန်းက အဲ့လို ပြောတယ် “ ဟု ကရင်နီပြည်လူငယ်အင်အားစု ၊ ကိုဒီးဒီးက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ရဲတပ်ဖွဲ့ဝင် များက ကရင်နီလူငယ်ခေါင်းဆောင် ၆ ဦးတို့ ၏ နေအိမ်ကို လာရောက်မေးမြန်းခြင်း ၊ စောင့်ကြည့်လေ့လာခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ ကျနော်တို့ အိမ်ကို စောင့်ကြည့်နေတာတွေ ရှိပါတယ်။ ကျနော်တို့အိမ်ကို အုပ်ချုပ်ရေးမှူးတွေ လာပြီးတော့ ရှိလား ၊ မရှိဘူးလား လာမေးမြန်းတာတော့ လုပ်နေပါတယ်။ ကျနော်တို့ကတော့ ရှေ့နေတွေ ဌားပြီးတော့ တရားရင်ဆိုင်သွားမှာပါ။ ဘယ်နေ့မှ တရားရင်ဆိုင်သွားမလဲဆိုတာတော့ မပြောနိုင်သေးဘူး ။ ကျနော်တို့ အချက်အလက်တွေ စုရမယ်။ လူလည်း တစ်စုတစ်စည်းတည်းရှိအောင်လုပ်နေပါတယ်။ လူလည်း စုံသလောက်တော့ ရှိနေပါတယ်” ဟု ကရင်နီပြည်လူငယ်အင်အားစု ၊ ကိုဒီးဒီးက ပြောသည်။

မေလ ၁၆ ရက်နေ့တွင် ကရင်နီပြည်လူငယ်အင်အားစု အဖွဲ့ဝင် ၆ ဦးတို့ကို အရေးပေးရန် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင်က တရားလိုအနေဖြင့် လွိုင်ကော်မြို့နယ်တရားရုံးသို့ ဦးတည်လျှောက်ထားကာ တရားစွဲဆိုထားကြောင်း သိရှိရသည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts