All News Local News Peace

AA တပ်ဖွဲ့က ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များ၏ အမျိုးသမီးနှင့် ကလေး စုစုပေါင်း ၇ ဦးကို ပြန်လွှတ်

ရန်ကုန်၊ ဧပြီ ၁၂

ရခိုင်တပ်ဖွဲ့က မြောက်ဦးမြို့နယ်ရှိ ရဲတပ်ရင်းဌာနချုပ်ကို ဝင်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသော ရဲတပ်ဖွဲ့ဝင်များ၏ အမျိုးသမီးနှင့်ကလေး စုစုပေါင်း ၇ ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီဟု သိရှိထားကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

“ဒီမနက်သိရတာက ပြန်လွတ်သွားပြီလို့ကြားတယ်။ သတင်းတွေ လည်းတက်နေပြီဆိုတော့ သေချာလောက်ပါတယ်။ လွတ်သွားတာတော့ သေချာပါတယ်”ဟု ဦးဦးလှစောက ပြောသည်။

ဧပြီလ ၉ ရက်နေ့ ညပိုင်းက မြောက်ဦး ရဲတပ်ရင်းဌာနချူပ်ကို AAက လာရောက် တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်များကျဆုံး ထိခိုက်ခြင်း၊ ပျောက်ဆုံးခြင်းရှိပြီး AAအဖွဲ့ဝင်ဆိုသူ ၂၃ ဦးကိုလည်း အရှင်ဖမ်းမိကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များ၏ မိသားစုဝင် ၇ ဦးကို AAက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ဖမ်းဆီးခံထားရသော ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို AA တပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။
Photo Credit – ညိုထွန်းအောင်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com