All News Peace

“AA က ချင်းပြည်နယ်ထဲ နေနေတာပဲလေ။ ဖွံ့ဖြိုးရေးကိစ္စတွေ တော့ အဟန့်အတားမလုပ်စေဖို့ ကျနော်တို့ဘက်က ဖြစ်စေချင်တယ်”

ရန်ကုန်၊ ဧပြီ ၂၇

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဟန့်အတား ဖြစ်စေသည့် လုပ်ရပ်များကို AA လက်နက်ကိုင်အဖွဲ့က လုံးဝမလုပ်ကိုရန် ချင်းအရပ်ဖက် လူမှု အဖွဲ့အစည်း ကွန်ရက်များက ဧပြီ ၂၅ ရက်နေ့ တောင်းဆိုလိုက်သည်။

ချင်းပြည်နယ်ရှိ ချင်းအရပ်ဖက် လူမှု အဖွဲ့အစည်း ကွန်ရက်က ဧပြီလ ၂၅ ရက်နေ့တွင် သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပြီးနောက် ယင်းထုတ်ပြန်ချက်တွင် အဓိက အချက် ၃ ချက်ပါဝင်ကြောင်း၊ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဟန့်အတား ဖြစ်စေ နိုင်သော လုပ်ရပ်များကို လက်နက်ကိုင်တပ်ဖွဲ့လုံးဝမပြုလုပ်ရန် ၊ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် ၊ တိုက်ပွဲရှောင် ပြည်သူများသည် လုပ်ငန်းရပ်တန့်မှုကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသဖြင့် လူသားချင်း စာနာထောက်ထားမှုအားဖြင့် ကူညီပံ့ပိုးပေးသော အဖွဲ့အစည်းများ ဆက်လက်ကူညီထောက်ပံ့ပေးရန် ဆိုသည့် အချက် ၃ ချက်ပါဝင်သည်။

“ အခု ချင်းပြည်နယ်က အဆင်းရဲဆုံး ပြည်နယ်ဖြစ်သော ဖွံ့ဖြိုးရေးကိစ္စ ၊ ငြိမ်းချမ်းရေးကိစ္စတွေ လည်း ဒီထက်မက ဆောင်ရွက်နေတယ်။ အခုက AA ဘက်က ပလက်ဝမြို့ပြင်မှ လာနေထိုင်သော ချင်းပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အစိုးရအကောင်အထည်ဖော်နေတဲ့ အခါမှ AA ကြောင့် အဟန့်အတားတွေ တော်တော်များများ ရှိတယ်။ ဒါတွေကို ကျနော်တို့က မလိုလားဘူး။ ဖွံ့ဖြိုးနိုင်အောင် ဖွံ့ဖြိုးရေးကို ဆက်လက်ဆောင်ရွက်နိုင်အောင် ၊ တည်ငြိမ်အေးချမ်းရေးကိုလည်း ကျနော်တို့လိုလားတဲ့အတွက် အဓိက AA က ချင်းပြည်နယ်ရဲ့ နယ်ဒေဖွံ့ဖြိုးရေးကို အဟန့်အတား မပေးစေချင်ကြောင်း ထုတ်ပြန်တာ ဖြစ်တယ်” ဟု ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ရက်မှ ဆလိုင်းဇကုတ်ထန်းက ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင်တပ်မတော် ( AA ) အဖွဲ့တို့ အကြား စစ်ရေးပဋိပက္ခ ပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲနိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

“ သူတို့ကို နိုင်ငံရေးအရပဲ ဖြေရှင်းစေချင်တယ်။ ဒါပေမဲ့ အစိုးရဘက်ကလည်း တရားဝင် လက်မခံသေးဘူး ၊ အဲ့တော့ စစ်ရေးအရ ဖြေရှင်းနေတာဖြစ်တယ်။ လက်ခံရင် နိုင်ငံရေး အရ အတွေး အခေါ် ၊ အယူအဆက အရမ်းကျယ်ပြန့်သော သူတို့ဘက်က ဘယ်လိုပုံစံဖြစ်စေချင်တော့ ကျနော်လည်း မသိတော့ ၊ AA ကတော့ ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားလာပြီ ၊ ဒါပေမယ့် လက်ရှိတော့ AA က ချင်းပြည်နယ်ထဲ နေနေတာပဲလေ။ မနေနဲ့လို့ ပြောလိုမရဘူးလေ။ ဒါပေမယ့် စစ်ပွဲသာ မလုပ်သာ ၊ အဲဒါကြောင့်မို့ ဒီလိုအဟန့်အတား ကိစ္စတွေ ၊ ဖွံ့ဖြိုးရေးကိစ္စတွေ တော့ သူတို့က အဟန့်အတားမလုပ်စေဖို့ ကျနော်တို့ဘက်က ဖြစ်စေချင်တယ်” ဟု ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းကွန်ရက်မှ ဆလိုင်းဇကုတ်ထန်းက ပြောသည်။

၂၀၁၉ ခုနှစ် ၊ မတ်လ ၊ ပလက်ဝမြို့တွင် တည်ဆောက်နေသည့် ကုလားတန်မြစ်ကူးတံတားတွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်နေသည့် ရေယာဉ်ကို AA လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်မီးရှို့ခဲ့ပြီး ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း တာဝန်ထမ်းဆောင်နေသည့် ကုမ္ပဏီဝန်ထမ်းများကို ဖမ်းဆီးခြင်း ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခဲ့ခြင်း လုပ်ဆောင်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com