All News

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ “ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ” အမည်ဖြင့်မှတ်ပုံတင်တော့မည်

ရန်ကုန်၊ ဧပြီ ၉ ( သတင်းတမန် )

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက “ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ-UNDP” အမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အမည်နာမကို ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့ အစည်းအဝေးတွင်ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ပါတီတွင် ဥက္ကဌအဖြစ်တာဝန်ယူမည်ဟု သတင်းကြီးနေသော ဦးစောနိုင်းနိုင်းက ပြောသည်။

လာမည့် ဧပြီ ၂၁ ရက်နေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပရန်ရှိသေးကြောင်း ၎င်းကဆိုသည်။

ဥက္ကဌတာဝန်နှင့်ပတ်သက်၍ ဦးစောနိုင်းနိုင်းက “ကျွန်တော်ကမလုပ်ချင်ဘူးဗျ။ ပါတီမှာပါမယ့် အမှုဆောင်တွေကရွေးတော့မှပဲစဉ်းစားမယ်ဗျာ။ ကျွန်တော်ကတော့မလုပ်ချင်ဘူးလို့ပြောထားတယ်” ဟု ဆိုသည်။

ပါတီ၏ logo(အမှတ်အသားတံဆိပ်)ကို ပုဆိန် ၂ လက်ပုံ ရွေးချယ်ထားကြောင်း ထပ်လောင်းရှင်းပြသည်။

ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲကာလက အနိုင်ရရှိခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်ဟောင်းများဖြစ်ပြီး ၎င်းတို့မှာ NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ကြသူများဖြစ်သည်။

Y ( သတင်းတမန် )

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com