All News Local News

အိုက်ဗရီကို့စ်တွင် မြန်မာဆန် ၁၈၀၀၀ ဖျက်ဆီးခံရမှု မြန်မာအမှားမဟုတ်

ရန်ကုန်၊ ဧပြီ ၂၃

အိုက်ဗရီကို့စ် နိုင်ငံတွင် စားသုံးရန် မသင့် ဟု ဆိုပြီး မြန်မာဆန်တန်ချိန် ( ၁၈၀၀၀ ) ကို ဖျက်ဆီးခြင်းခံရမှုသည် မြန်မာနိုင်ငံ၏ အမှားမဟုတ်ဘဲ သင်္ဘောပေါ်တွင် အချိန်ကြာမြင့် စွာသိုလှောင်ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းချုပ်က ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ ( UMFCCI ) တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

ဖျက်ဆီးခံရသည့် ဆန်များသည် မြန်မာနိုင်ငံက အမှားမဟုတ်ဘဲ သင်္ဘာပေါ်တွင် အချိန်ကြာမြင့်စွာ သိုလှောင် ထားမှုကြောင့် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံက ဆန်များသည် အရည်အသွေးပြည့်ဝပြီး အဆင့်အတန်းရှိသည့်အတွက် ယုံယုံကြည်ကြည်စားသုံးသင့်ကြောင်း ၊ ယခုကဲ့သို့ ဆန်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆောင်ရွက်သွားရန် ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

“ ကျနော်တို့ကတော့ အိုင်ဗရီကို့စ် နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာ ရှိပါတယ်။ အဓိက ကတော့ ပြည်သူတွေကို ပေးချင်တဲ့ message ကတော့ မြန်မာဆန် အရည်အသွေးပိုင်း ဆိုင်ရာ အကြောင်းတွေပါ။ ဒီဟာသည် ကြာမြင့်စွာ သိုလှောင်ထားတဲ့ သင်္ဘာရဲ့ အားနည်းချက် ကြောင့် ဖြစ်တဲ့ ကိစ္စတွေ ဖြစ်တယ်လို့ ပြည်သူတွေကို Message ပေးချင်တယ်။ တစ်ဖက်ကတော့ အိုင်ဗရီကို့စ် နဲ့ ချိတ်ဆက်ပြီး လုပ်ရမယ့်အပိုင်း ၊ နောက် ဝယ်သွားတဲ့ Olam International Co.Ltd နဲ့ ဆက်စပ်ပြီး လုပ်ရမယ့် အပိုင်းတွေကို ဆက်စပ်ပြီး လုပ်နေပါတယ်။ Olam International Co.Ltd လည်း မကြာခင် သူတို့လည်း သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပါလိမ့်မယ် ၊ ဆိုတာကလည်း စင်ကာပူ အစိုးရကနေ အစုရှယ်ယာ ထည့်ထားတယ်။ ဂျပန်နိုင်ငံက မစ်ဆူဘီရှီကလည်း အစုရှယ်ယာ ထည့်ထားတဲ့ နိုင်ငံတကာ အဆင့်မီ ကုမ္ပဏီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆန်တွေကို ပုံမှန်ဝယ်ယူနေတဲ့ Buyer တွေလည်း ဖြစ်တယ်။ ဒါလေးတွေကို ရေရှည်အတွက် စဉ်းစားပြီး သူတို့ကိုလည်း သတင်းထုတ်ပြန်ပေးဖို့ ပြောဆိုထားတယ် “ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့က အိုင်ဗရီကို့စ် နိုင်ငံတွင် ဖျက်ဆီးခံရသည့် ဆန်များကို မြန်မာနိုင်ငံက ကုမ္ပဏီ ၃ ခုဖြစ်တဲ့ ရွှေဝါရောင် ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ၊ ဧရာဟင်္သာကုမ္ပဏီ တို့က ရောင်းချခဲ့တာဖြစ်ပြီး ရန်ကုန်အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် Olam International Co.Ltd က ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆန်များကို MV Ocean Prince ဖြင့် သင်္ဘာတင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသင်္ဘာသည် ရန်ကုန်ဆိပ်ကမ်းကို ၂၀၁၈ ခုနှစ် ၊ သြဂုတ်လကုန်က ရောက်ရှိခဲ့ကြောင်း ၊ ယင်းကာလအတွင်း မိုးရွာသဖြင့် ဆန်တင်ဆောင်မှု ၂ လခွဲအချိန်ကာလကြာမြင့်ခဲ့ကြောင်း ၊ မြန်မာနိုင်ငံက ဆန်တန်ချိန် ၂၂၀၀၀ ကို တင်ဆောင်သွားပြီး ရန်ကုန်မြို့မှ ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။

အိုင်ဗရီကို့စ် က မြန်မာဆန် တန်ချိန် ၁၈၀၀၀ ကို စားသုံးရန် မသင့် ဟု ဆိုကာ ဖျက်ဆီးခဲ့ ဟု သတင်းဌာန တချို့၏ ဖော်ပြချက်များသည် မြန်မာဆန်ကို နာမည်ပျက် ၊ စွပ်စွဲသလို ဖြစ်စေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒု ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ၎င်းက အမြင်ကို ပြောသည်။

“ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ဆိုတာ သိတယ်။ ကျနော်တို့ စိုးရိမ်တာက စားသုံးသူပဲ ။ တစ်ဖက်နိုင်ငံက ဝယ်ယူစားသုံးနေတဲ့ နိုင်ငံသားတွေ ၊ကိုယ်နိုင်ငံမှာ ပြည်တွင်းမှရှိနေတဲ့ စားသုံးသူတွေ ဒီနှစ်ခုကိုပဲ ကျနော်တို့က အဓိက ၊ ဆန်လုပ်ငန်းအပေါ် ပေါ်မှာရှိနေတဲ့ ဝယ်သူ ၊ စားသုံးသူ ၊ ကြိတ်ခွဲသူတွေဟာ ဒီဟာသည့် ဘာကြောင့် ဖြစ်လဲ ၊ ဒါသည့် စားသုံးသူ မသင့် စကားလုံးသည် သက်သက်ဆောင်ရွက်တာ။ ကျနော်တို့ နိုင်ငံအတွက် စွပ်စွဲခံရတာပဲ ကျနော်တို့ သိတ ယ်။ ဒါကြောင့် အဓိက စိုးရိမ်တာက နှစ်ဖက်စားသုံးသူ တွေပဲ။ အာဖရိကနိုင်ငံက စားသုံးသူတွေနဲ့ မြန်မာနိုင်ငံက စားသုံးသူတွေပါ မြန်မာဆန်အပေါ် ယုံကြည်မှု ရှိလာအောင် အရေးကြီးပါတယ် “ ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒု ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

မြန်မာ့ဆန်သည် ပြည်ပတင်ပို့မှုသာမက ပြည်တွင်းဈေးကွက်အတွက် အရေးကြီးသည့် ကုန်စည်ဖြစ်ပြီး ဆန်စပါး ထုတ်လုပ်မှု ရာခိုင်နှုန်း ၈၀ က ပြည်တွင်းတွင် စားသုံးပြီး ရာခိုင်နှုန်း ၂၀ ခန့်သာ ပြည်ပသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အိုင်ဗရီကို့စ်တွင် ဖျက်ဆီးခံရသော မြန်မာ့ဆန်များ။

Photo Credit – Pulse Ghana

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com