All News

အကျဉ်းသား ၆၉၄၈ ဦး ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေး၊ ၁ လအတွင်း အကျဉ်းသား ၁၆၄၉၉ ဦးကို လွှတ်ပေး

ရန်ကုန်၊ ဧပြီ ၂၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုနှစ်အတွင်း ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် အကျဉ်းသား ၉၀၀၀ ကျော်ကို ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီးနောက် ဧပြီလ ၂၆ ရက်နေ့ တွင် အကျဉ်းသား ၆၉၄၈ ဦးကို ထပ်မံ၍ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

နှစ်ဆန်း ၁ ရက်နေ့ လွှတ်ပေးသည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်ပြီး ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့လည်း ပါဝင်ခြင်းမရှိပေ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း AAPP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၄၄ ဦးရှိပြီး တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။

အကျဉ်းဦးစီးဌာနကမူ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား လုံး၀ မရှိဘဲ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ၊ အကျဉ်းသားများသာရှိကြောင်း ကြေညာချက်တစ်ရပ် ယခုလအတွင်း ထုတ်ပြန်ခဲ့သည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com