All News Local News Peace

သတင်းမီဒီယာများကို ခြိမ်းခြောက်သူများကို စုံစမ်းဖော်ထုတ်ရန် သမ္မတထံ MPC အကူအညီတောင်းမည်

ရန်ကုန်၊ ဧပြီ ၄

ရန်ကုန်ရှိ သတင်းမီဒီယာများကို AA အဖွဲ့မှ ပုံစံဖြင့် ခြိမ်းခြောက်စာပေးပို့ပြီး ရခိုင်ရှိ သတင်းမီဒီယာ များကို တပ်မတော်အဖွဲ့မှ ပုံစံဖြင့် ခြိမ်းခြောက်စာ ပေးပို့ခဲ့သူများကို စုံစမ်းဖော်ထုတ်နိုင်ရန် နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC) က အကူအညီတောင်းခံမည်ဖြစ်ကြောင်း သိရှိရသည်။

MPC ၏ ဒုတိယဥက္ကဋ္ဌ စာရေးဆရာထက်မြက်က သတင်းမီဒီယာများကို ခြိမ်းခြောက်မှုကိစ္စကို ယနေ့ ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့် စာရေးသားပေးပို့ အကူအညီတောင်းခံရန် သဘောတူညီထားကြောင်းပြောသည်။

“သမ္မတနဲ့ သတင်းမီဒီယာကောင်စီ တွေ့ဆုံတုန်းက သမ္မတက ပြောဖူးတယ်။ သူ့မှာ စက်တွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး အကူအညီတောင်းခံနိုင်တယ်လို့ပြောတယ်။ အွန်လိုင်းပေါ်ကိစ္စတွေနဲ့ ပတ်သက်လို့။ အဲဒီတော့ အဲဒါ အကူအညီတောင်းမယ်။ ဘာမှ ရေရေရာရာမသိဘဲနဲ့တော့ ကြေညာချက်ထုတ်လို့မရဘူး။ သမ္မတဆီ အကူအညီတောင်းမယ်။ ကောင်စီအနေနဲ့ စာရေးမယ်။ ဖော်ထုတ်ပေးဖို့ တရားခံအစစ်အမှန်ကို” ဟု စာရေးဆရာ ထက်မြက်ကပြောသည်။

AA အဖွဲ့ကမူ AA တပ်ဖွဲ့အနေဖြင့် မီဒီယာများကို ခြိမ်းခြောက်စာပေးပို့ခြင်းမရှိကြောင်း၊ လူထုအထင်အမြင်မှားစေရန် စနစ်တကျ လုပ်ဆောင်သော မီဒီယာထိုးစစ်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts