All News interview

လေယာဉ်နဲ့ရဟတ်ယာဉ် သုံး တိုက်ပွဲဖြစ်နေတဲ့ မြောက်ဦးမြို့ အခြေအနေ ဘယ်လိုရှိလဲ

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်ပေးသည့် သင်္ဂဟ ကမ်းလက် ရက္ခိတ အဖွဲ့ – ဒု ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဧပြီလ ၉ ရက်နေ့ ညပိုင်းအချိန်မှစ၍ တိုက်ပွဲများ ပြင်းထန်နေပြီး တပ်မတော်က လေကြောင်းပစ်ခတ်မှု သုံးသည်အထိ အခြေအနေ ဆိုးဝါးနေရာ မြောက်ဦးမြို့ အခြေအနေနှင့်ပတ်သက်ပြီး သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဒု-ဥက္ကဌ ဦးဌေးအောင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ လက်ရှိမြောက်ဦးမြို့ ရဲ့ အခြေ အနေ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ဒေသရဲ့ အခြေအနေက ကျနော်တို့လည်း အပြင်မသွားရဲဘူး။ အခြေအနေတွေကို လိုင်းပေါ်ကပဲ ကြည့်ရတယ်။ မြောက်ဦးမြို့ ၊ မြောက်ဘက်ခြမ်းအခြေအနေတော့ တည်ငြိမ်မှု မရှိပါဘူး။ မနက်ကတော့ ပစ်ခတ်သံတော့ ကြားရတယ်။ ဒီလမ်းမပေါ် ၊ နှစ်ဖက် တိုက်ပွဲတော့ မကြားရဘူး။ တပ်မတော်ဘက် ပစ်တယ်လို့ ကြားတယ်။

မေး ။ ။ တိုက်ပွဲကြောင့် ရဟတ်ယာဉ်တွေ အသုံးပြုတယ်လို့ သိထားတော့ ဘာမြင်ရလဲ။

ဖြေ ။ ။ ပျံသန်းတာတော့ တွေ့တယ်။ ပစ်တာတော့ တွေတော့ မတွေ့ရဘူး။ မြောက်ဦးမြို့ပေါ်တော့ တွေ့ရတယ်။ ကျနော်တို့နယ်ဘက်တော့ မတွေ့ရဘူး။ ဒါပေမဲ့ ဒီရွာထဲက ပျံသန်းတာတော့ တွေ့ရတယ်။ မြင်ရတယ်။ မနက်ကျတော့ ရဟတ်ယာဉ် ၂ စီး ကျောက်တော်ဘက်ကို ပျံသန်းတာ တွေ့ရတယ်။

မေး။ ။ လက်ရှိမြောက်ဦးမြို့ ရှိ စစ်ဘေးရှောင့် ဒေသခံတွေ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ။ လက်ရှိကတော့ ကျီညှိကျေးရွာမှာ နေပြီး ကယ်ဆယ်ရေးစခန်းတွေ ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီး အကောင်အထည်ဖော် လုပ်နေတာ ရှိတယ်။ ကယ်ဆယ်ရေးစခန်းတွေ ကျီညှိရွာမှာ ဆောက်နေတာ ရှိတယ်။ အောက်သားကန်ရွာမှ ဖြစ်ပွားတဲ့ ကိစ္စ နဲ့ ရွာသားတွေ အပြင် ၊ နောက်ထပ်ဒုက္ခသည်တွေ နေလိုရအောင် မိုးရာသီအတွင်း နေလိုရအောင် စခန်းတွေ ဆောက်နေတာ ရှိတယ်။ အခုဆောက်နေတာတော့ ကျနော်တို့ ဦးဆောင်ပြီး ဆောက်လုပ်တာ မဟုတ်ဘူး။ ကျီညှိ ရွာကလူကြီးတွေ ၊ မြောက်ဦးက ဆရာတော်တစ်ပါး ဦးဆောင်ပြီး ဆောက်လုပ်တာပါ။

မေး ။ ။ လက်ရှိ မြောက်ဦးမြို့လူထုတွေကရော ဘယ်လိုဖြစ်နေလဲ။

ဖြေ။ ။ လုံးဝမငြိမ်သက်သေးဘူး။ မနက်ခင်းကဆိုရင် မြောက်ဦးဘက် အများကြီး ဖြစ်သွားတယ်လို ကြားရတယ်။ အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတော့ ကျနော်တို့ အနေနဲ့ ချိင့်ချိန်ပြီး သွားရတယ်။ သူတို့ ၉ နာရီ အထိ မကျော်ခိုင်းဘူး ။ ကျနော်တို့ သွားလာဖို့ လွတ်သွားတဲ့ဟာရှိတာပေါ့။ အဲ့ဒီအချိန် ကျနော်တို့ သွားရင် သူတို့ ပစ်သတ်ရင် ကျနော်တို့ ခံရမှာလေ။ ဘာကြောင့်လဲဆိုတော့ သူတို့က တရားဝင် ထုတ်ပြန်ထားတာ ဖြစ်လို့ ၊ အဲ့တာကြောင့် ဒီမှာက သွားရေးလာရေးက တိတ်ဆိတ်သွားတဲ့ သဘောပေ့ါ။ အကုန်လုံးက ငြိမ်သွားတယ်။ အခက်အခဲက အဓိက ကတော့ သွားရေးလာရေး ခက်ခဲသွားတယ်ဆိုတော့ လူတွေအကုန်လုံး ၊ စီးပွားရေးလုပ်တဲ့ သူတွေကော အများကြီးရှိတယ်။ အခက်အခဲတွေက ။ အဲ့တာတွေ သိပ်တော့ မပြောတက်တော့ဘူး။

မေး ။ ။ မြောက်ဦးမြို့ မြောက်ဘက်မှာ တည်ငြိမ်လား။

ဖြေ။ ။ မြောက်ဘက်တော့ တိုက်ပွဲ နည်းနည်းတော့ ငြိမ်တယ်။ ဒါပေမဲ့ မနက်က မြောက်ဦး ကျီညှိရွာနဲ့ နီးနီးလေး တစ်ခု ၊ တိုက်ပွဲတော့ မဟုတ်ဘူ။ တပ်ဘက်က ပစ်ခတ်သံ ထင်တယ်။ ပစ်သံတော့ နာရီဝက် ၊ ၁ နာရီတော့ ပစ်သွားတယ်။ ရန်ကုန် – စစ်တွေ လမ်းမထက်ပေါ်မှာ ။ ဒါပေမဲ့ နှစ်ဖက်တိုက်ပွဲတော့ မဟုတ်ဘူးလို့ သုံးသပ်မိတယ်။

မေး။ ။ လက်ရှိ မြောက်ဦးမြို့ အတွင်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ လေးမြို့ချောင်းဘက်ကို ကယ်ဆယ်ရေးသွားဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ ဒီနေ့ ဖျက်လိုက်ရမယ် ထင်တယ်။ တိုက်ပွဲတွေက နည်းနည်း ပြင်းထန်နေတယ်ဆိုတော့ ။ အဲ့တာတွေတော့ အခက်အခဲရှိတာပေါ့။ တိုက်ပွဲတွေရှိရင် ကယ်ဆယ်ရေးသွားရတာ အခက်အခဲ ရှိတာပေါ့။ သူတို့ ပစ်တာ ပါသွားရင်။ ဖြစ်နိုင်ရင်တော့ တိုက်ပွဲကိုတော့ ရပ်စေချင်တယ်။ နှစ်ဦးနှစ်ဖက်လုံးက ပြေလည်အောင် ညှိနှိုင်းပြီးတိုက်ပွဲတွေ တကယ်ကို ရပ်တန့်သွားစေချင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com