All News interview

“လူညံ့တွေ အုပ်ချုပ်တာမခံချင်လို့ပါ။ နိုင်ငံရေးလောကထဲကိုပါဖို့လိုအပ်တယ်လို့ယူဆလို့ပါ”

By အောင်သက်ဝိုင်း(ရန်ကုန်ခေတ်သစ်)

ရိုက်တာသတင်းထောက် ၂ ဦး အမှုတွင် ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းသည်ဟု တရားလိုပြသက်သေအဖြစ်ဖြင့် တရားရုံးတွင် ထွက်ဆိုမှုကြောင့် အမှန်တရား ဘက်တော်သားအဖြစ် ဆုများစွာ ရရှိခဲ့သော ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် နိုင်ငံရေးလောက ထဲဝင်ရောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ရာ ယင်းပြောဆိုမှု အပေါ် ရန်ကုန်ခေတ်သစ်က ၎င်းထံ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ နိုင်ငံရေးထဲကို ဘာကြောင့်ဝင်ဖို့ ဆုံးဖြတ်တာလဲ။

ဖြေ ။ ။ အမှန်တိုင်းပြောရရင်တော့ အရင်ရောအခုရောလို့ ပြောရမှာပေါ့ဗျာ ၊ အခုကတော့ အားမရတာပေါ့ ၊ အားမရဘူးဆိုတာက ကိုယ်ဖြစ်စေချင်တာကို လက်ရှိအစိုးရက ထိထိရောက်ရောက်ကူညီပေးနိုင်မှုမရှိဘူးပေ့ါ ၊ ဒါတွေကအားရတဲ့ကိစ္စတွေမဟုတ်ဘူးပေါ့။ ဥပမာလေးတခုအနေနဲ့ ကျနော်ေြာပတာပါ။ အရင်အစိုးရဆိုတာက ဒါစစ်အစိုးရအုပ်ချုပ်တောဆိုတော့ အထူးပြောစရာမရှိဘူး။အဲ့တော့ဒီတိုင်းအနေနဲ့တော့ ကိုယ်ကနိုင်ငံသားတယောက်အနေနဲ့သင့်တော်တဲ့အချိန်မှာ နိုင်ငံရေးလောကထဲကိုပါဖို့လိုအပ်တယ်လို့ယူဆလို့ပါ။ ဘယ်ပါတီဆိုတာတော့ခုလောလောဆယ်တော့ပြောဖို့ စောပါသေးတယ် ကျနော်လ့လာနေတုန်းပါ။ လူညံ့တွေအုပ်ချုပ်တာ မခံချင်လို့ပါ။

မေး ။ ။ သူရရွှေမန်းဦးဆောင်တဲ့ UBP ပါတီကနေပြီးတော့ ကမ်းလှမ်းတယ်လို့ သိထားတော့ အဲဒါဟုတ်ပါသလား။

ဖြေ ။ ။ ဟုတ်ကဲ့ကမ်းလှမ်းခံရပါတယ် ၊ ကမ်းလှမ်းမှုရှိပါတယ်။

မေး ။ ။ ကမ်းလှမ်းခံရတဲ့ပါတီကိုသွားမလား။

ဖြေ ။ ။ ဟုတ်ကဲ့ အဲ့ဒါတော့ဘယ်ဟာမှမဆုံးဖြတ်ရသေးပါဘူး။ လေ့လာနေဆဲပါပဲ။

မေး ။ ။ သူရဦးရွှေမန်းရဲ့ပါတီကပဲ ကမ်းလှမ်းတာပေါ့နော် ၊ တခြား NLD နဲ့ကြံ့ခိုင်ရေးကရောကမ်းလှမ်းတာရှိလား။

ဖြေ ။ ။ NLD တို့ဘာတို့ကတော့တရားဝင်ကမ်းလှမ်းတာမရှိပါဘူး ၊ ဒါပေမယ့်စကားပြောတာလေးတွေတော့ရှိပါတယ်။ ဥပမာ နည်းနည်းပါးပါးပေါ့ဗျာ မတင်မကျပေါ့ အဲ့လိုမျိုးတော့ရှိပါတယ်။

မေး ။ ။ကြံ့ခိုင်ရေးကရောဆရာ။

ဖြေ ။ ။ကြံ့ခိုင်ရေးကတော့ မရှိပါဘူး။

မေး ။ ။၂၀၂၀ မှာရောရွေးကောက်ပွဲဝင်နိုင်လား။

ဖြေ ။ ။ ဒါတွေကတော့ ကျနော်မပြောတတ်သေးဘူးဗျ ၊ ကိုယ်ကိုယ်တိုင်ကဘယ်ပါတီဝင်မယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့အတွက် အဲ့ဒါတွေအတွက်ပြောဖို့စောပါသေးတယ်ဗျ။ အဓိကကတော့ ကျနော့်အမြင်က ဘယ်အစိုးရတက်တက်ပါ ပြည်သူလူထုကခိုင်ခိုင်မာမာနဲ့မှန်မှန်ကန်ကန်ရွေးချယ်ပြီးတော့ အမှန်တရားဘက်ကနေရဲရဲဝင့်ဝင့်ဆောင်ရွက်မယ်ဆိုရင် ဒီတိုင်းပြည်ကြီးက အမြန်တိုးတက်မယ် အမြန်ငြိမ်းချမ်းမယ်လို့ ကျနော်ကယူဆတာပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com