interview political news

“ရဲတွေလည်းပျက် ၊ ဥပဒေဝန်ထမ်းတွေလည်းပျက် ၊ တရားသူကြီးတွေလည်းပျက် ၊ ရှေ့နေတွေလည်းပျက် ၊ ပြည်သူတွေလည်းပျက်ပေါ့။ တရားသူကြီးချုပ်ကတော့ စစ်တပ်ကပဲ”

ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် နှင့်တွေ့ဆုံခြင်း

By စိုးထွန်းသိန်း/ရန်ကုန်ခေတ်သစ်

NLD အစိုးရလက်ထက် ၃ နှစ်တာကာလအတွင်း တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါည်။

မေး ။ ။ လက်ရှိတရားစီရင်ရေးစနစ်အပေါ်သုံးသပ်ချက်လေးသိချင်ပါတယ်ဆရာ။

ဖြေ ။ ။ လက်ရှိတရားစီရင်ရေးစနစ်ကတော့ စမ်းသက်ဆဲကာလတွေကိုဖြတ်နေရတုန်းပဲ။ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်က ၁၉၆၂ ထဲကနေတက်လာပြီးတော့ ၁၉၇၄ မှာ ဒီမိုကရေစီတရားစီရင်ရေးစနစ်ကိုဖျက်ပလိုက်တာကို။ ဖျက်ပြီးတော့ ဆိုရှယ်လစ်တရားစီရင်ရေးစနစ်ကိုလုပ်ခဲ့တယ် ၊ နောက်တခါ ၁၉၈၈ ကျတော့ ဆိုရှယ်လစ်တရားစီရင်ရေးပျက်သွားပြီးတော့ ဒီဘက်စစ်အာဏာရှင်လက်ထက်မှာ ၂၀၁၀ အထိပေါ့နော်။ ဦးသိန်းစိန်တက်လာသည်အထိကို စစ်အာဏာရှင်တရားစီရင်ရေးနဲ့လုပ်ခဲ့တာကို ၊ အဲဒီ ၂၀၁၈ ကနေ ၂၀၁၀ ခုနှစ်အထိကတော့ တရားစီရင်ရေးစနစ်ကလုံးဝကိုပျက်တာပါပဲ။ သူတို့စစ်တပ်အမိန့်ပေးတာလုပ်ရတယ်။ ထောက်လှမ်းရေးတွေချုပ်ကိုင်တယ် တာဝန်ရှိတဲ့နေရာတွေမှာ စစ်ခုံရုံးတွေနဲ့စစ်တယ် ။ ဥပဒေမရှိတော့ဘူးပေါ့ ။အခြေခံဥပဒေလည်းမရှိဘူး။ အဲဒီကာလကြီးကိုဆရာတို့ဖြတ်ရတဲ့အချိန်မှာ ရဲတွေလည်းပျက် ၊ ဥပဒေဝန်ထမ်းတွေလည်းပျက် ၊ တရားသူကြီးတွေလည်းပျက် ၊ ရှေ့နေတွေလည်းပျက် ၊ ပြည်သူတွေလည်းပျက်ပေါ့။ အဲဒီလိုအပျက်ကြီး ၅ ပျက်နဲ့ အဲဒီကာလကိုဖြတ်ခဲ့ရတဲ့အတွက် တရားစီရင်ရေးဆိုတာ ပုံပြင်လိုဖြစ်တာပေါ့နော် အဲဒီကာလတွေက။

မေး။ ။ တရားစီရင်ရေးစနစ်ပြန်ပြီးကောင်းလာအောင် ဆရာအနေနဲ့ဘာအကြံပေးချင်လဲ။

ဖြေ။ ။ ၂၀၁၀ နောက်ပိုင်းမှာတော့ ၂၀၀၈ အခြေခံဥပဒေကြီးက စစ်တပ်ရဲ့ထိန်းချုပ်မှုလျော့သွားတယ်ပေါ့နော်။ ဒါပေမယ့် တရားသူကြီးချုပ်ကတော့ စစ်တပ်ကပဲ။ အခုထိလည်း စစ်တပ်ကပဲ ။ နောက်တခါအဖွဲ့ဝင်တွေမှာလည်း ဗိုလ်ချုပ်တွေကြီးပဲ ၊ အရပ်သားတွေတော့တိုးလာတယ်ပေါ့နော် ၊ နောက်တခါ ကရင်တို့မွန်တို့မှာဆိုလည်း စစ်ဗိုလ်တရားစီရင်ရေးပဲ ၊ အဲဒီတော့ စစ်ဗိုလ်တရားစီရင်ရေးကတော့ အခုထိတော့ မလွတ်သေးဘူး။ သို့သော်စနစ်ကတော့ ပြောင်းလာပြီပေါ့နော်။ လူကတော့ မပြောင်းသေးဘူး။

စစ်ဗိုလ်တရားစီရင်ရေးမပြောင်းသေးဘူး။ သို့သော်လည်းတရားစီရင်ရေးစနစ်ကတော့ပြောင်းလာပြီ ။ နောက်ထပ်တရားရုံးချုပ်တွေမှာ အရပ်သားတရားသူကြီးတွေဝင်လာကြပြီးတော့ ကြိုးစားအားထုတ်နေတာတော့တွေ့တယ်ပေါ့နော် ။ အဲဒီလိုတွေ့တဲ့နေရာမှာလည်း အထိုက်အလျောက်တော့အောင်မြင်ပါတယ်။ အထူးသဖြင့် လဘ်ပေးလဘ်ယူပေါ့ ၊ လဘ်ပေးလဘ်ယူကအရမ်းကြီးလွန်းအားကြီးတယ်။ ဒီတရားစီရင်ရေးမှာ သူကအဆုံးဖြတ်ပေးနိုင်တာကိုနော်။ တရားစီရင်ရေးကောင်းတာမကောင်းတာဆိုတာထက် ဥပဒေနဲ့ညီမညီဆိုတာထက် လဘ်မစားဖို့ကိုမနည်းကြိုးစားနေရတယ်အဲ့ဒါကိုသွားတွေ့ရတယ်။

မေး ။ ။ ဒါဆိုရင် လဘ်ပေးလဘ်ယူကိစ္စတွေနဲ့ စစ်တပ်ရဲ့ထိန်းချုပ်မှုတွေလျော့သွားမှ လက်ရှိတရားစီရင်ရေးစနစ်ကပြန်ပြီးတော့ကောင်းလာနိုင်မယ်လို့ဆိုလိုတာလား။

ဖြေ။ ။ လောလောဆယ်တော့တရားသူကြီးချုပ်က စစ်ဗိုလ်ဆိုတော့ တပ်နဲ့သူနဲ့က inline ဖြစ်နေတာပေါ့နော် တပ်ကစွဲတဲ့အမှုတွေဆိုလို့ကတော့ သေဖို့သာပြင် တရားသူကြီးချုပ်ကလည်း စစ်ဗိုလ်ဆိုတော့ အဲဒီလိုဖြစ်နေတယ်။ ဆရာတို့က အဲ့ဒါကိုတော့ စိတ်မချမ်းမြေ့ဘူးပေါ့နော် ၊ တပ်ကစွဲတဲ့ အမှုတွေဆိုလို့ကတော့ တပ်ကပြန်ရုပ်ရင်ရုပ် မရုပ်လို့ကတော့ အပီပြင်အပစ်ပေးတာတွေသွားတွေ့ရတယ်။ စစ်ဗိုလ်တရားသူကြီးချပ်ကလည်း ရှိနေတော့ အောက်ကလည်းကြောက်ပြီးတော့ ဒီတိုင်းလိုက်လုပ်နေရတယ်ပေါ့နော်။ ဒီလိုအရေးကြီးတဲ့နိုင်ငံရေးအမှုတွေဆိုရင် အောက်ခြေကနေပြီးတော့ တရားသူကြီးချုပ်ဆီကို အစီရင်ခံစာတွေတင်နေရတယ်ပေါ့နော် ၊ ဒါတွေဟာမလွတ်လပ်ဘူးပေါ့နော်။

မေး ။ ။ တရားသူကြီးတွေကျမ်းကျိန်ဆိုဖို့လွှတ်တော်ကဆုံးဖြတ်ထားတာဘာထူးလဲ။

ဖြေ။ ။ အဲဒါကတော့ တရားသူကြီးတွေကျမ်းကျိမ်တယ်ဆိုတာကတော့ ကျမ်းကျိမ်ပြီးတော့လည်း လုပ်ချင်တာလုပ်နေကြတာပဲလေ ၊ ကျမ်းကျိမ်တယ်ဆိုတာတော့ ပြည်သူလုထုကကောင်းမလာဆိုပြီးတော့ လွှတ်တော်ကြီးကလည်း ဆုံးဖြတ်လိုက်တာပေါ့နော် ၊ ဒါပေမယ့်ဆရာ့အနေနဲ့ကတော့ ခုနတုန်းကပြောသလို အရည်ချင်းတွေလျော့နေသမျှကာလပတ်လုံး စစ်ဗိုလ်တရားသူကြီးချုပ်ရှိနေသမျှကာလပတ်လုံး ၊နောက်တခါ လဘ်စားတာတွေရှိနေသမျှတော့ ကျမ်းကျိမ်လဲ အလကားပဲ။

မေး ။ ။ NLD အစိုးရ လက်ကျန် ၂ နှစ်တာကာလအတွင်း တရားဥပဒေစိုးမိုးရေးဘယ်လိုဆက်ဖြစ်မလဲ။

ဖြေ။ ။ ဆရာကတော့ဘာမှထူးခြားလာမယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ ဒီတရားသူကြီးချုပ်အောက်မှာပဲလုပ်နေရတဲ့အခါကျတော့ တရားသူကြီးချုပ်ပြောင်းရင်ပြောင်းပေ့ါနော်။ နောက်ပြီးတော့ ဆရာကတော့ ဂျူရီ စနစ်ကိုပိုကြိုက်တယ်။ ဂျူဒီစနစ်နဲ့တရားစီရင်ရေးကိုလုပ်သင့်တယ် အဲ့လိုဂျူဒီစနစ်မရသမျှကာလပတ်လုံး တရားမျှတမှုဆိုတာ ရှိမှာမဟုတ်ဘူး။ နောက်တခုကတော့ဘာလဲဆိုတော့ ဟိုတုန်းကတော့ မဆလ လက်ထက်တုန်းကတော့ ၃ ပါးထိုင်ပေါ့နော်။ အဲ့တုန်းကတရားသူကြီးရဲ့ အရည်အချင်းတွေက ကျခဲ့တာကြောင့်မို့လို့ ၊ အဲ့ ၃ ပါးထိုင်ဟာ ၁၉၈၈ ခုနှစ်ကနေ ခုနောက်ပိုင်းထက်စာရင် အဲ့ ၃ ပါးထိုင်ဟာ ပြည်သူလူထုကိုကိုယ်စားပြုတယ် လဘ်ပေးလဘ်ယူလည်း အရမ်းနည်းတယ် ၊ သို့သော်လည်းပဲ သူတို့ရဲ့အရည်အချင်းတွေကတော့ နည်းနည်းနည်းတာပေါ့နော် ၊ အရည်ချင်းနည်းပေမယ့်လို့ အဲ့ဒီက သူတွေကစေတနာမနည်းဘူး နောက်တခါလဘ်မစားဘူး ၊ အဲဒါကြောင့်ဆရာကတော့ ဂျူဒီစနစ်ကိုပြန်စမယ်ဆိုရင် လဘ်ပေးလဘ်ယူမှုတွေနည်းပါးမယ် ပြည်သူလူထုရဲ့ယုံကြည်မှုတွေပိုရလာမယ်ဆို ယုံကြည်တယ်။

မေး။ ။ တရားရုံးတွေရဲ့အခန်းကဏ္ဍဘယ်လိုမြင်ရလဲ။

ဖြေ။ ။ လက်ရှိတရားရုံးတွေရဲ့အနေအထားတွေက ဘယ်လိုပြောရမလဲဆိုတော့ သူတို့ကိုပြည်သူလူထုနဲ့လွှတ်တော်က ကင်းရပါ့မလားဆိုပြီးတော့ သူတို့ကလည်း ပြန်တင်းချင်တဲ့ ပုံပေါက်နေတယ်။ အဲဒီအတွက်တော့ဆရာစိတ်မကောင်းဘူး ၊ အဲဒီတော့ သူတို့ကဒီထက်ပိုပြီးတော့ စိတ်ကောင်းစေတနာကောင်းရှိရှိတဲ့ ပြည်သူနဲ့တိုင်းပြည်ကိုမျက်နှာမှုပြီးတော့ ကောင်းကောင်းမွန်မွန် ကိုယ့်အရည်အချင်းတက်အောင်လည်းကြိုးစား တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာလည်း စေတနာထားပြီးတော့ ဆက်ဆံရေးတွေလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံမယ်ဆိုရင်တော့ တိုးတက်မယ်။ ခုပုံဆံအတိုင်းကတော့ သူတို့ဟာ တရားသူကြီးတွေဟာ အရမ်းမာနကြီးပြီး မောက်မာလွန်းတယ်ဆိုတော့ ဆရာတွေ့ရပါတယ်။

မေး ။ ။ သမ္မတကရှေ့နေဥပဒေသမားဆိုတော့ တရားစီရင်ရေးကထူးထူးခြားခြားတိုးတက်လာလား။

ဖြေ။ ။ သမ္မတကြီးကိုတော့အားကိုးတယ်၊ သမ္မတကြီးကအတက်နိုင်ဆုံးစိတ်ကောင်းလည်းရှိတယ် ၊ တက်နိုင်သမျှသူကြိုးစားအားထုတ်နေတယ်ဆိုတာကိုလည်း တွေ့ရတယ် ၊ သမ္မတကြီးကတရားစီရင်ရေးလမ်းကြောင်းမှာဝင်ပြီးတော့ ဘေးကနေတည့်မတ်ထိန်းကြောင်းပေးတာကိုလည်းတွေ့ရတယ်။ရှေ့လျောက်လည်းသူ့ကိုကြိုဆိုတယ်၊ သူကကောင်းတဲ့ဟာမှန်သမျှလုပ်ဖို့အဆင်သင့်ပဲ ၊ သူကိုယ်တိုင်လည်းကြိုးစားတယ် လူကောင်းတွေလည်းထပ်ထပ်ပြီးခန့်နေတာတွေတွေ့ရတယ်လေ သမ္မတကြီးနဲ့ပတ်သက်လို့ တရားစီရင်ရေးမှာတော့ ဆရာတို့ကတော့ကျေနပ်ပါတယ်။

မေး။ ။ NLD တရားရေးဝန်ကြီးဌာနလုပ်မယ်ပြောတဲ့အပေါ်ဘယ်လိုမြင်လဲ။

ဖြေ။ ။ တရားရေးဝန်ကြီးဌာနခေါ်တာပေါ့။ အဲဒါက ဟိုတုန်းကခေတ်အဆက်ဆက်မှာ ဦးနေဝင်းလက်ထက်ကလွဲလို့ပေါ့နော်။ ဟိုဘက်ပါလီမန်ခေတ်တလျောက်လုံးမှာ တရားရေးဝန်ကြီးဌာနဆိုတာရှိတယ်။ တိုင်းပြည်တိုင်းလိုလိုမှာ တရားရေးဝန်ကြီးဌာနဆိုတာရှိတယ်။ ဒါကြောင့်မို့ဆရာတို့တိုးပြည်မှာလည်း တရားရေးဝန်ကြီးဌာနရှိတာကို ဆရာကြိုဆိုတယ် ၊ ဘာလို့လဲဆိုတော့ တရားသူကြီးချုပ်ကိုယ်တိုင်က စီမန်ခန့်ခွဲရေးတွေလည်းကိုင် သူကိုယ်တိုင်လည်း တရားစီရင်နေတယ်ဆိုရင် ဒါဘယ်လိုမှမဖြစ်နိုင်ဘူး။ လစ်ဟာမှုတွေရှိတယ် ။ အဂတိတွေရှိတယ် ၊ သူ့မှာအာဏာကြီးလွန်းတယ်ပေါ့နော် အဲ့တော့တရားရေးဝန်ကြီးဌာနထားခြင်းအားဖြင့် စီမံအုပ်ချုပ်မှုပိုင်းတွေပိုကောင်းလာမယ်ဆို ဆရာကတော့ကြိုဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com