All News Local News Peace

ရသေ့တောင်တွင် ပေါက်ကွဲမှုဖြစ်၍ ၈ တန်းကျောင်းသားတစ်ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ဒဏ်ရာအပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာတွင် ယနေ့ နံနက်ပိုင်း ပေါက်ကွဲဖြစ်ပွား၍ ၈တန်းကျောင်းသားတစ်ဦး သဆေုံးပြီး ကလေးငယ် ၂ ဦး ဒဏ်ရာရရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောသည်။

ယနေ့ နံနက် ၉ နာရီက ပေါက်ကွဲမှုဖြစ်၍ အသက် (၁၅) နှစ်အရွယ် ၈ တန်းကျောင်းသား အောင်မျိုးလှိုင် သေဆုံးခဲ့ပြီး ညီဖြစ်သူ အောင်မျိုးဝင်း (၁၃) နှစ်နှင့် (၄) နှစ်အရွယ် မိန်းခလေး မသိန်းမေဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“အခုက ကျောင်းသားတစ်ဦး သေတယ်။ ကလေး ၂ ဦးက အခု ဒဏ်ရာ ပြင်းထန်လို့ စစ်တွေဆေးရုံကို ပို့လိုက်တယ်လို့ပြောတယ်” ဟု အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

လက်ရှိတွင် ပေါက်ကွဲမှုသည် မိုင်းလား၊ ဗုံးလား၊ လက်နက်ကြီးကျည်ဆိုသည်ကို ခွဲခြား မသိရှိသေးကြောင်း သိရှိရသည်။

ခရုချောင်းကျေးရွာမှာ ကျေးရွာသား ဦးလှသိန်းမောင်က ပေါက်ကွဲမှု ဖြစ်ပွား၍ ကျေးရွာသားများ ထိတ်လန့်နေပြီး တိုက်ပွဲများဖြစ်ပွားစဉ် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာသားများ စိုးရိမ်နေကြောင်း ပြောဆိုသည်။

ဓာတ်ပုံ- အသက် (၁၅) နှစ်အရွယ် ၈ တန်းကျောင်းသား အောင်မျိုးလှိုင်၏ ရုပ်အလောင်းကို ရသေ့တောင်ဆေးရုံသို့ သယ်ယူလာစဉ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts