All News Local News

ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်အဖြစ် NLD ပါတီမှ ဦးစိုးလွင် ရွေးချယ်ခံရ

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်အဖြစ် NLD ပါတီမှ မြို့တော်စည်ပင်ကိုယ်စားလှယ်လောင်း ဦးစိုးလွင် ကိုရွေးချယ်လိုက်ကြောင်းသိရသည်။

ဦးစိုးလွင်သည် စည်ပင်ရွေးကောက်ပွဲနိုင်ထားသော ကော်မတီဝင် ၆ ဦးအတွင်းမှ တစ်ဦးဖြစ်ပြီး မဲဆန္ဒနယ် အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူဖြစ်သည်။

စည်ပင်ရွေးကောက်တွင် အနိုင်ရရှိလာကြသော ကော်မတီဝင် ၆ ဦးနှင့် အတူ ယခင်ရှိပြီးသော ကော်မတီဝင် ၅ ဦး ၊ စုစုပေါင်း ၁၁ ဦးတို့က လှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ကြရာ စိုးလွင်သည် ဆန္ဒမဲ ၆ မဲဖြင့် ဒုတိယမြို့တော်ဝန်ဖြစ်လာခဲ့သူဖြစ်သည်။

သတင်းတမန်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts