All News Local News Peace

မြောက်ဦးရဲတပ်ရင်းဌာနချုပ်ကို AAက နေရာ ၃ ခုမှ ဝင်တိုက်၊ ရဲများ ကျဆုံးထိခိုက်ပြီး ရဲမေတချို့ အဖမ်းခံထားရဟုဆို

ရန်ကုန်၊ ဧပြီ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှိ ရဲတပ်ရင်းဌာနချုပ်၊ အိမ်ထောင်သည်လိုင်းခန်းကို ဧပြီလ ၉ ရက်နေ့က ည ၁၀ နာရီခန့်တွင် ရက္ခိုင်တပ်မတော် ( AA ) ဘက်က နေရာ ၃ ခုမှ ဝင်ရောက်တိုက်ခိုက်ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

AA က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တပ်မတော်ကစစ်ကူ အချိန်မီရောက်ရှိသည်ဟု ၎င်းက ဆိုသည်။

“ ကျနော်တို့ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးသွားမှာပါ။ မနေ့က ညနေ ၁၀ နာရီလောက် ၊ မြောက်ဦးမှာ ရှိတဲ့ ရဲတပ်ရင်း ( အိမ်ထောင်သည်လိုင်း) ကို နေရာ ၃ နေရာကနေ ပစ်ပါတယ်။ ကျနော်တို့ ပြန်ခုခံတယ်။ ၂ နာရီ ခွဲ ၊ ၃ နာရီလောက်မှာ အင်အား အလုံးအရင်းနဲ့ ဝင်ပစ်တာ ၊ မြောက်ဦး မှ ရှိတဲ့ ရဲတပ်ဖွဲ့ ဌာနချုပ် အရှေ့ဘက် ၊ အိမ်ထောင်သည်လိုင်းခန် းဘက်ကို ပြန်ဝင်တိုက်ပါတယ်။ တိုက်တဲ့အခါ အိမ်ထောင်သည်လိုင်းခန်းဘက်က ကလေးတွေ ၊ ရဲမေတွေအချို့ကို ဖမ်းပြီး ရှေ့ကနေ တင်ပြီး တိုက်တယ်။ တိုက်တော့ ကျနော်တို့က စစ်ကူပစ် ကူအဖွဲ့တွေကလည်း အချိန်မီ ရောက်ပါတယ်။ ၄ နာရီခွဲလောက်မှတော့ ပြန်ဆုတ်သွားတယ်” ဟု တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

လက်ရှိတွင် ဓားစာခံ ဖမ်းဆီးမှုများရှိနေသည်ဆိုသော သတင်းများ အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုခြင်းမရှိဘဲ သတင်းအချက်အလက်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ လက်ရှိမှတော့ AA အလောင်းနဲ့ လက်နက် ရတာတွေ ရှိတယ်။ ကျနော်တို့ဆီကလည်း စစ်သားအချို့ ဒဏ်ရာ ရတာ ရှိတယ်။ ရဲမေအချို့တော့ ဖမ်းဆီးခံရတာ ရှိပါတယ်။ အဲဒါတာတော့ အတည်မပြုနိုင်သေးပါဘူး။ သတင်းတော့ ထုတ်ပြန်ပေးသွားမှာပါ။ ကျနော်တို့ဘက်ကတော့ လိုအပ်တဲ့ လေကြောင်း စစ်ကူပစ်တာတွေ လုပ်ပါတယ်။ လက်ရှိတော့ ဒဏ်ရာ ရတဲ့သူတွေကို ရဲတပ်ရင်းမှာပဲ ဆေးတပ်သားတွေ ပါတော့ ဆေးကုသပေးနေပါတယ် “ ဟု တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး ရက္ခိုင်တပ်မတော်(AA )တပ်ဖွဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ ။

မြောက်ဦးတွင် တိုက်ပွဲပြင်းထန်မှုကြောင့် မြောက်ဦးမြို့ ၊ အရှေ့ဘက်ခြမ်း၊ ချောင်းသစ်ကျေးရွာအတွင်း ကျည်ကျရောက်ပြီး ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com