All News Local News Peace

မြောက်ဦးတွင် ကျည်ကျ၍ ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် မိခင် ဒဏ်ရာရ၊ ကလေးငယ် အဆုတ်တွင် သွေးစိမ့်နေ

ရန်ကုန်၊ ဧပြီ ၁၀

ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် ယမန်နေ့ညကတည်းက တိုက်ပွဲများ ပြင်းထန်နေပြီး ချောင်းသစ်ကျေးရွာတွင် ကျည်ကျ၍ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ဒဏ်ရာရရှိကြောင်း ကရုဏာလှိုင်း သွေးလှူရှင်များအသင်း (မြောက်ဦး)မှ သိရှိရသည်။

တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ် ၊ ချောင်းသစ်ကျေးရွာနေ ဒေါ်လှနု အသက် (၂၅)နှစ် နှင့် သမီး မမြတ်အေးခင် အသက် (၁ နှစ် ၉ လ)သည်မိမိတို့နေအိမ်တွင်မလုံခြုံသဖြင့် ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံထဲတွင်ခိုလှုံနေစဉ် မိခင်၏ယာရင်ဖတ်နှင့်သမီး၏ဝဲရင်ဖတ်ပေါ်သို့ကျည်ထိမှန်ခဲ့ကြောင်း၊ အသင်းက ကလေးငယ်နှင့် မိခင်ကို မြောက်ဦးမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြောက်ဦးဆေးရုံရောက်ရှိပြီးနောက် ကလေးငယ်မှာ အဆုတ်တွင်သွေးစိမ့်ပြီး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း အသင်းထံမှ သိရှိရသည်။

အခင်းဖြစ်ပွားချိန်မှာ ယမန်နေ့ည ၁၀ နာရီကတည်းက ဒဏ်ရာရရှိနေခြင်းဖြစ်သော်လည်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသောကြောင့် နံနက်ပိုင်းမှ ဆေးရုံပို့ ဆောင်ပေးနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒဏ်ရာရရှိသွားသော ကလေးငယ်နှင့် မိခင်။ Photo Credit – ကရုဏာလှိုင်း သွေးလှူရှင်များအသင်း(မြောက်ဦး)

ဓာတ်ပုံ- ဒဏ်ရာရရှိသွားသော ကလေးငယ်နှင့် မိခင်။ Photo Credit – ကရုဏာလှိုင်း သွေးလှူရှင်များအသင်း(မြောက်ဦး)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com