All News China Watch Peace

မြန်မာပြည်သူများကို လျစ်လျူရှု၍ မြစ်ဆုံစီမံကိန်း လုပ်လျှင် မျိုးဆက်နှင့်ချီ၍ နာကျင်စွဲမှတ် မည်ဟု တရုတ်သမ္မတထံ စာပေးပို့မည်

ရန်ကုန်၊ ဧပြီ ၂၂

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်လည် ရွေးယူရန်အတွက် တရုတ်သမ္မတ ရှီကျင့်ပင်ထံ ဧပြီလ ၂၃ ရက်နေ့တွင်Save the Irrawaddy by offering compensation က တရားဝင် စာပေးပို့မည်ဖြစ်ပြီး မြန်မာပြည်သူများကို လျစ်လျူရှု၍ မြစ်ဆုံစီမံိကန်းလုပ်ဆောင်လျှင် မျိုးဆက်နှင့်ချီ၍ နာကျင်စွဲမှတ်သွားမည်ဖြစ်ကြောင်း Save the Irrawaddy by offering compensation ၏ တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သမ္မတထံ ပေးပို့သည့်စာတွင် အချက် ၅ ချက် ပါဝင်ပြီး ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်မည့် အစီအစဉ်ကို ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ရာမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကပြန်လည် တည်ဆောက်လိုကြောင်း သတင်းစကား ထွက်ပေါ်နေသောကြောင့် မြန်မာပြည်သူများ စိတ်ပူနေကြကြောင်း၊ ဧရာဝတီသည် အမျိုးသားလက္ခဏာကြီးကောမည့်အရေး ၊ ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်ပျက်သုန်းမည့် အရေး၊ သဘာ၀ ပတ်ဝန်းကျင် အပေါ် လွန်စွာ ပျက်ပြားစေမည့် အရေးနှင့် ငြိမ်းချမ်းရေးအလားအလာကိုပါ ထိခိုက်စေမည့် အရေးကို အလေးအနက် ဂရုပြုစေလိုကြောင်းဖော်ပြထားသည်။

ထို့ပြင် ပြည်သူကို လျစ်လျူရှု၍ စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မည်ဆိုပါက အနိုင်အထက်ပြုကျင့်ခံရသည်ဟု မျိုးဆက်နှင့်ချီ၍ နာကျင်စွဲမှတ်မည်ဖြစ်ပြီး ရပ်ဝန်းနှင့် လမ်းကြောင်း အစီအမံ (BRI) အောက်တွင် အခွင့်အလမ်းကောင်းများ ရှိနေသော တရုတ်- မြန်မာ ဆက်ဆံရေး ပြန်လည်ပြင်ဆင်ရန် ခက်ခဲသော ဆိုးကျိုးများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မြစ်ဆုံအပါအဝင် မည်သည့် ဆည်တည်ဆောက်မှုကိုမဆို လက်မခံနိုင်ဘဲ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ စာချုပ်ပါအတိုင်း ပြန်လည်ပေးလျာ်ရွေးယူခြင်းကို အဖြေ အဖြစ် ကမ်းလှမ်းလိုကြောင်း၊ မြစ်ဆုံဆည်စီမံကိန်းအား ပေးလျော် ရွေးယူရန် မိမိတို့၏ ကမ်းလှမ်းမှုကို BRI မှ ရည်ညွန်းသော အခွင့်အလမ်း ပလက်ဖောင်းတစ်ရပ်အဖြစ် သမ္မတကြီးက လက်ခံပေးစေလိုကြောင်း၊ BRI ကိုလည်း ပွင့်လင်းမြင်သာမှုဖြင့် အကောင်အထည်ဖော်ရန် သက်သေပြရန် လိုကြောင်း ရေးသားထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts