All News China Watch Peace

မြစ်ဆုံအပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် ဖွဲ့စည်း၍ လူထုလှုပ်ရှားမှု ဆောင်ရွက်မည်

ရန်ကုန်၊ ဧပြီ ၃၀

မြစ်ဆုံ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ကြီး ကို မေလ ၂ ရက်နေ့တွင် ဖွဲ့စည်းပြီး စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး အတွက် တစ်နိုင်ငံလုံး လူထုလှုပ်ရှား မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

မေလ ၂ ရက်နေ့တွင် အသစ်ဖွဲ့စည်းမည့် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးကွန်ရက်ကြီးတွင် မြစ်ဆုံ စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးအတွက် တတ်သိပညာရှင် ၊ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ က ပါဝင်လှုပ်ရှားသွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် က ဦးဇော်ရမ်းက ပြောသည်။

“ ဒီကိစ္စက ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ နဲ့ ရေရှည်အကျိုးစီးပွားကို ကျနော်တို့က အများကြီးစိုးရိမ်စရာ ရှိတဲ့အတွက် ဒါနဲ့ ပတ်သက်ပြီး ပြည်သူ့လူထု သဘောထားတွေက ဒီလို ရှိတယ်။ ဒါကို အတင်းဇွတ်မလုပ်ဖို့ ၊ Government To Government စာချုပ်တွေကိုပဲ အလေးထားလုပ်ဆောင်တာ မဟုတ်ဘဲ ပြည်သူကို မျက်နှာမူပြီး ပြည်သူဆန္ဒကို စဉ်းစားဆုံးဖြတ်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့ တရုတ်နိုင်ငံကိုလည်း စာပို့မှာ ဖြစ်တယ်။ လူထုအနေနဲ့ ဆန္ဒပြပွဲတွေ လုပ်တာတွေ ၊ ကမ်းပိန်းတွေ လုပ်တာတွေ ၊ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေနဲ့ တောက်လျှောက်လုပ်တာတွေ ကျနော်တို့ အခါအားလျော်စွာ လူထုရဲ့ စိတ်ပါဆောင်ရွက်မှုအပေါ် မူတည်ပြီး တစ်နိုင်ငံလုံး အနှံအပြားလုပ်သွားမှာပါ။ အခုတောင် အထက်မြန်မာပြည် လုပ်ထားတာ ရှိတယ်။ အပြင်းအထန် ဆန့်ကျင်မယ် “ ဟု ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက် မှ ဦးဇော်ရမ်းက ပြောသည် ။

တရုတ်နိုင်ငံသို့ သွားရောက်သည့် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်သော်လည်း တရုတ်အစိုးရနှင့် မြစ်ဆုံအရေး တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com