Photo Essay

မန္တလေးမြို ့ ဆိတ်ရိုင်းသုံးကောင် ဖိနပ်စက်ရုံ မီးလောင်

မန္တလေးမြို့ ဆိတ်ရိုင်းသုံးကောင် ဖိနပ်စက်ရုံ မီးလောင်မှုဖြစ်ပွား Photo – Kaung Zaw Hein / MPA မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၇၃)လမ်း မြဝတီလမ်းနှင့် ကျန်စစ်သားလမ်းကြားရှိ ဆိတ်ရိုင်းသုံးကောင် ဖိနပ်စက်ရုံကို ယနေ့ ဧပြီလ (၂၁)ရက်နေ့ နံနက် (၁၀)နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။
ဖိနပ်စက်ရုံမှ ဝါယာလျှော့ဖြစ်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကို level (2) အဆင့် သတ်မှတ်ပြီး မီးသတ်ယာဉ် (၃၀)ဖြင့် ငြိမ်းသတ်ခဲ့ရပါသည်။
မီးလောင်မှုကြောင့် ဆိတ်ရိုင်းသုံးကောင် ဖိနပ်စက်ရုံနှင့် ကပ်လျက်ရှိ နေအိမ် ခေါင်မိုးတစ် လာင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး သိန်း (၂၀)နှင့် (၃)သောင်း ပျက်စီး ဆုံးရှုံးခဲ့ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts