All News Local News

မန္တလေးတွင် ဆေးခြောက်ပင် ၃ သိန်းခွဲကျော်ကို ဧက ၂၀ တွင် စိုက်ပျိုးထားသူ အမေရိကန် ၁ ဦး အပါအဝင် ၃ ဦးကို ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၂၄

မမန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်း၊ အမှတ်(၂)လုပ်ကွက်အတွင်းတွင် ဆေးခြောက်ပင် ၃ သိန်းခွဲကျော်ကို ဧက ၂၀ ဖြင့် စိုက်ပျိုးသူ အမေရိကန် ၁ ဦးအပါအဝင် ၃ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များသည် III M Glabal Nutracetical Company စိုက်ခင်းသို့ သွားရောက်စစ်ဆေးရာ စိုက်ခင်း ဧက ၂၀ တွင် ဆေးခြောက် အပင်ပေါင်း ၃၄၉,၂၉၀ ခန့်၊ ပျိုးပင် ၅၂၀ဝ ခန့်ရှိပြီး ဆာလာအိတ် ၁၉ အိတ်အတွင်းမှ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလို၊ ဖန်ပုလင်းအတွင်းမှ ဆေးခြောက်အဆီ ၁,၈၀၄ ဂရမ်၊ Formic Acid ၁ လီတာ၊ အက်သနော အရည် ၄၅ ဒသမ ၆ လီတာ၊ အယ်ကိုဟောအရည် ၂၂.၈ လီတာ၊ Bio Maxs အစိမ်းရောင်အရည် ၆ လီတာ၊ Acetone အရည် ၅ လီတာ၊ Acetonitrile အရည် ၅ လီတာ၊ Concort Water ၃ လီတာ၊ Methonal အရည် ၁၂ ဒသမ ၅ လီတာ၊ အမိုနီယမ်ဖော့စဖိတ် ၅၀ဝ ဂရမ်ပါ မော်တော်ယာဉ် ၂ စီး၊ ဆေးခြောက် ၂၇၀ ဒသမ ၅ ကီလိုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ရှိန်းလတ်(၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး(၂၃)နှစ်၊ အမေရိကန်နိုင်ငံသားများဖြစ်ကြသော Mr. John Fredric Todoroki (၆၃)နှစ်နှင့် Mr. Alexander Skemp Todoroki (၄၉)နှစ်(စုံစမ်းဆဲ)တို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com