All News Crime

မန္တလေးကျူံးရှေ့ လက်ပစ်ဗုံးကွဲဆိုသော သတင်းမဟုတ်မှန်

ရန်ကုန်၊ ဧပြီ ၁၅

လူမှုကွန်ရက် Facebook တွင် Nyein Chan account က မန္တလေးကျုံးရှေ့ လက်ပစ်ဗုံးကွဲ၊ ရန်ကုန်- မကွေး-မုံရွာ-တောင်ငူ ကျန်မြို့ကြီးများသတိရှိပါ၊ သူတို့ကြေငြာထားတဲ့မြို့တွေဟု ဖော်ပြထားမှုသည် မဟုတ်မှန်ကြောင်း မန္တလေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့် ချမ်းအေးသာစံမြို့နယ်၊ ၂၆x၇၀ လမ်းမပေါ်ရှိ ပေါ်ဦး ရေကစားမဏ္ဍပ်ပေါ်မှ ရေကစားနေသူ မသဇင်မြင့်၊ ချမ်းမြသာစည်မြို့နယ်နေသူသည် ရေကစားရင်း အွန်လိုင်းမှ တစ်ဆင့်ဝယ်ယူထားသော Color Smoke စာတမ်းပါ မီးခိုးရောင်၊ အရှည်(၆)လက်မခန့်၊ လုံးပတ်(၁)လက်မခန့်၊ ရောင်စုံ ကာလာအခိုးအငွေ့များ ထွက်သည့် မီးပန်းအား မဏ္ဍပ်ပေါ်တွင်လက်မှကိုင်၍ ဝှေ့ရမ်းခဲ့ခြင်းသားဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း အင်တာနက်လူမှုကွန်ယက်သတင်းဖော်ပြပါ ရှိမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့် မီးပန်းအားဝှေ့ရမ်းခဲ့သည့်အပေါ် ရေကစားသူများ အထိတ်တလန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts