All News China Watch

မစ်ဆုံစီမံကိန်း အပြီးသတ်ရပ်ဆိုင်းပေးရန် ကာဒီနယ်ချာလ်းဘို သဘောထားထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၂

ကာဒီနယ် ချားစ်မောင်ဘို က မြစ်ဆုံစီမံကိန်းအပြီးသတ်ရပ်ဆိုင်းပေးရန် သဘောထားကြေညာချက် ဧပြီ ၁၁ ရက်နေ့တွင်ထုတ်ပြန်ပြီး သဘောထားကြေညာချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

၁။ မေခနှင့် မေလိခ စီးဆင်းသောနေရာသည် ကချင်လူမျိုးများ၏ သမိုင်းဝင်အချက်အခြာနေရာဖြစ်ပါသည်။ မြစ်ဆုံရေကာတာ ဆောက်လုပ်ခြင်းအားဖြင့် ကချင်လူမျိုးများ၏ သမိုင်းနှင့် ရိုးရာအ မွေအနှစ်များဆုံးရှုံးပျောက်ကွယ်သွားမည်ဖြစ်သည်။

၂။ မေခနှင့် မေလိခ ဆုံစီးရာ မိခင်ဧရာဝတီမြစ်ကြီးသည် မြန်မာတစ်နိုင်ငံလုံးအတွက် အသက်သွေးကြော ဖြစ်သည်နှင့် အညီ၊ မြစ်ဆုံရေကာတာတည်ဆောက်ခဲ့လျှင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှီတင်းနေထိုင်ကြသော နိုင်ငံသားများအာလုံးဆိုးဝါးသော ဆိုးကျိုးများကို ရင်ဆိုင်ခံစားကြရမည်ဖြစ်သည်။

၃။ မမျှော်မှန်းနိုင်သော သဘာဝဘေးတစ်ခုခုကြောင့် ဖြစ်ဆုံဆည်ကျိုးပေါက်ပျက်စီးခြင်းဖြင့်ကြုံရလျှင် လူ့အသက်ပေါင်းသိန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ရမည်ဖြစ်သည်။ ဤအန္တရာယ်ကြုံတွေ့ရမည်ကို ကြိုတင်ခန့်မှန်းမြင်နေရသော နိုင်ငံသားများအနေဖြင့် ပူပင်သောက ရင်တက်မအေးဖြစ်နေကြရပါသည်။

၄။ နိုင်ငံတကာ ဥပဒေအရ လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်သော်လည်းကောင်း၊ ၎င်းတို့၏အသက်ရှင်ရပ်တည်နေနှိုင်မှုအတွက်လည်းကောင်း ကူညီပံ့ပိုးပေးရန် သက်ဆိုင်ရာအစိုးရ၌တာဝန်ရှိပါသည်။
သို့ဖြစ်ပါ၍ ယခုအချိန်တွင် နိုင်ငံတော်အား ဦးဆောင်ဦးရွက်ပြုနေကြသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရကိုလည်းကောင်း ဤမြစ်ဆုံဆည်တည်ဆောက်ရန်ကြိုးစားနေမှုအား လုံး၀ (လုံးဝ) အပြီးအပိုင်ရပ်ဆိုင်းပေးပါရန် မြန်မာနိုင်ငံသားများအားလုံး၏ ကိုယ်စား လေးနက်စွာ ကြေညာချက်ထုတ်ပြန်အပ်ပါသည်။
မြစ်ဆုံရေကာတာ ဆောက်လုပ်ရန်ကြိုးစားနေကြသော သက်ဆိုင်ရာ ပုဂ္ဂိုလ်များအမြင်မှန်ရရှိလျှက် ပြည်သူများ၏သဘောဆန္ဒများကို လိုက်လျောလာနိုင်ရန် မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် အထူးဝိုင်းဝန်းဆုတောင်းပေးကြပါရန် တစ်ပါတည်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ကချင်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသူ- ဖာသာရ် ဘားနဒ်ဒါရှီးတန်
Credit: Fr. Bernard Dashi Tang of RVA Kachin Service

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com