All News

ဘူးသီးတောင်တွင် အမျိုးသမီး ၁ဦးကို တပ်မတော်သား ၁ ဦးက ကာယိန္ဒြေ ပျက်ပြားအောင် ကျူးလွန်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိဟု သတင်းထုတ်ပြန်

ရန်ကုန်၊ ၊ ဧပြီ – ၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ၌ ဧပြီ ၇ ရက် မွန်းလွဲပိုင်း တွင် တပ်မတော်သား စစ်သည် ၁ ဦးက အမျိုးသမီး ၁ ဦးကို ကာယိန္ဒြေပျက်ပြားအောင် ကျူးလွန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ် ဆေးလျက်ရှိသည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

၎င်းသတင်းတွင် ပြင်ရှည်ကျေးရွာအနီး ကြက်ဟင်းခါးခြံ၌ ဒေါ်ခိုင်စောရီ(၄၀နှစ်) သည် သားဖြစ်သူနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါကျေးရွာရှိ နယ်မြေခ ံတပ်မှ တပ်သားစိုင်းစိုးမြင့် ဆိုသူရောက်ရှိလာပြီး ကာယိန္ဒြေပျက်ပြားအောင် ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့သဖြင့် သားဖြစ်သူမှ သွားရောက် အကူအညီတောင်းခံခဲ့ရာ ရွာသားများက စစ်သည်အား ဝိုင်းဝန်းဖမ်းဆီးချုပ်နှောင်၍ သက်ဆိုင်ရာသို့အကြောင်းကြားအပ်နှံခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေး အတွက် စစ်သည်အား လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဘက်အချုပ်၌ထားရှိကာ တာဝန်ရှိသူများဖြင့် စုံစမ်း စစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးတွေ့ရှိချက်နှင့် အရေးယူ ဆောင်ရွက်ချက်များအား သတင်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com