All News Local News Peace

ဘူးသီးတောင်တွင် လေကြောင်း ပစ်ခတ်မှုကြောင့် မွတ်စလင်၇ ဦးထက်မနည်းသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရဟုဆို

ရန်ကုန်၊ ဧပြီ ၄

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဧပြီလ ၃ ရက်နေ့ လေကြောင်းမှ ပစ်ခတ်မှုကြောင့် မွတ်စလင်များ သေဆုံးဒဏ်ရာ ရရှိကြောင်း ဘူးသီးတောင်မြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောကြားသည်။

ယမန်နေ့ညနေ ၄ နာရီခန့်က လေကြောင်းမှပစ်ခတ်မှုများကြောင့် မွတ်စလင် ၇ ဦး ထက်မနည်းသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကမူ အရေအတွက် တိကျစွာမသိရှိရသော်လည်း ရာအိမ်မှူးများထံမှ သိရှိရချက်အရ ၅ ဦးသေဆုံးပြီး ဆေးရုံတွင် ၁၃ ဦးခန့် ရောက်ရှိနေသည်ဟု ဆိုသည်။

“ဒီမနက် ဆေးရုံကို သွားကြည့်တာ။ လူနာ ၁၃ ယောက် ၊ မနေ့ညက ၉ ယောက် ရောက်လာတယ်။ ဒီမနက် ၄ ယောက်ရောက်တယ်။ ဘင်္ဂါလီလူမျိုးလေ။ လက်ရှိတော့ ဘူးသီးတောင်ဆေးရုံမှာ တင်ထားတယ်။ သေဆုံးတာက ရွာမှာ သေတယ်လို့ ပြောကြတယ် ။ ရွာမှာ သေဆုံးတာရှိတယ်။ ရွာကနေ သူတို့ ဒဏ်ရာတွေနဲ့ ပြေးလာကြတယ်။ မနေ့က ညနေ ၄ လောက်ဖြစ်တာ။ သူတို့ကို မေးကြည့်တော့ လေကြောင်းက ပစ်သွားတယ်လို့ ပြောတယ်” ဟု ဦးမောင်ကျော်ဇံကေ ပြာသည်။

သေဆုံးထိခိုက်ဒဏ်ရာရရှိသူများသည် ကျေးရွာသားများဖြစ်ပြီး ဒဏ်ရာရရှိသူများမှာလည်း စိုးရိမ်ရကြောင်း သိရှိရသည်။

“ဘူးသီးတောင်မြို့နယ်နားက ဘင်္ဂါလီတွေက ပိန်းနယ်ချောင်းတွေမှ ဝါးခုတ်ကြတယ်။ သစ် ခုတ်ကြတယ်။ ရွာကိုပစ်တာတော့ မဟုတ်တော့ဘူး။ တိုက်တင်ချောင်းထဲမှာ ဖြစ်တာ။ တောင်ကြားထဲကို၊ ရွာမှာ သေတာက အဲ့ဒီမှာ သရက်ပြင်အုပ်စု ရေထမ်းပင်ရွာက ရာအိမ်မှူးနဲ့ တွေ့တယ်။ ရာအိမ်မှူးက ပြောတယ် ။ သူတို့ ရွာမှ ၂ ယောက်သေတယ်။ ည ၁၀ ၊ ၁၁ နာရီလောက် ဒဏ်ရာနဲ့ လာတယ်။ နောက် သေသွားတယ် နောက်ထပ်သူတို့ ရွာနားက တင်းတောင်ရွာမှ တစ်ယောက်ထပ်သေတယ်။ မကျည်းကုန်းရွာမှ ၂ ယောက် သေတယ်။ အဲဒီလိုပြောတယ်။ ဆေးရုံကလူတွေတော့ စိုးရိမ်ရလား မသိဘူး။ ခုတင်မှာပဲ တွေ့ခဲ့တယ်” ဟု ဦးမောင်ကျော်ဇံက ပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ်မရရှိပေ။

ဓာတ်ပုံ- သေဆုံးဒဏ်ရာရသူများကို သယ်ဆောင်လာစဉ်။ Photo Credit – Arakan Human Right Fund

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts