All News Local News

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ် ဆိုင်ကလုန်းအဖြစ်ပြောင်းနိုင်ပြီး အဝါရောင်အဆင့်သတ်မှတ်၊ မြန်မာ့ကမ်ရိုးတန်းဒေသများအတွက် သတိပေး

ရန်ကုန်၊ ဧပြီ ၂၇

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော မုန်းတိုင်းငယ်အဖြစ် အသွင်ပြောင်းသွားပြီး ဆိုင်ကလုန်း မုန်းတိုင်းအဖြစ် ရောက်ရှိနိုင်ကာ မြန်မာ့ကမ်းရိုးတန်းဒေသများအတွက် သတိပေးအကြံပြုချက်များ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

လတ်တလော အားကောင်းသောမုန်တိုင်းငယ်နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်း‌ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်ေ လျှာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါး ဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သ တိပြုနိုင်ပါရန် အကြံပြုကြောင်း၊ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

လတ်တလော မုန်တိုင်းငယ်သည် သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee) ၏ အရှေ့-အရှေ့တောင်ဘက် (၄၇၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင်ဘက် (၆၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ အဆိုပါ အားေ ကာင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား မည်ဟု ခန့်မှန်းရကြောင်း၊ အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေ မရှိသေး သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ အားကောင်းသောမုန်တိုင်းငယ်သည် နောက်(၁၂) နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့ လည်းကောင်း၊ နောက်(၃၆)နာရီအတွင်း အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts