All News Local News

ဖားကန့်တွင် ၅၄ ဦးသေဆုံးပြီးနောက် နွံ့ကန်ပေါက်၍ ၂ ဦးထပ်မံ သေဆုံးပြန်

ရန်ကုန်၊ ဧပြီ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်တွင် နွံ့ကန်ပေါက်၍ ဧပြီလ ၂၃ ရက်နေ့က ၅၄ ဦးသေဆုံးပြီးနောက် ယင်းနေ့ ညပိုင်းတွင်ပင် နွံ့ကန်ပေါက်၍ လူ ၂ ဦး ထပ်မံ သေဆုံးသွားကြောင်း ကချင်ပြည်နယ်အစိုးရ၊ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

သစ်တော၊သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက မြေပြိုကျမှု လုပ်ကွက်အား ထပ်ပြိုကျမှုမဖြစ်စေရန် အန္တရယ်နယ်မြေအဖြစ် ပိတ်ထားရန်၊ အသက် ဘေးအန္တရာယ်ကင်းရှင်းရန် ခေါင်မိုးမြေဖယ်ရှားရေး၊ မြေစာပုံဖယ်ရှားရေးများဆောင်ရွက်ရန် ကုမ္ပဏီများ လုပ်ငန်းရှင်များ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ပျောက်ဆုံးနေသောဝန်ထမ်း မိသားစုဝင်များကို ကူညီစောင့်ရှောက်ပေးရန် ညွှန်ကြားထားကြောင်း ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ည ၁၀နာရီ နွံ့ကန်ပေါက်သည့် ကျောက်စိမ်းလုပ်ကွက်မှာ KNDPC ကုမ္ပဏီ အကျိုးတူလုပ်ကွက်ဖြစ်ပြီး အလောင်းပြန်လည် ရရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com