All News China Watch Peace

ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် ပိုးလမ်းမ BRI ဖိုရမ် တက်ရန် တရုတ်သွားမည်

ရန်ကုန်၊ ဧပြီ ၂၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ် ကြားချက်အရ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် တရုတ်သွားမည်ဖစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အပြီးတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဟွန်ဆင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ်ခရီးစဉ်တွင် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး ခွင့်ပြုချက်ပေးမည်ဆိုသော ယူဆချက်များရှိနေပြီး တရုတ်နိုင်ငံဘက်ကလည်း နည်းလမ်းပေါင်းစုံဖြင့် မြစ်ဆုံစီမံကိန်း လုပ်ကိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com