China Watch Peace political news

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင် ဘာတွေ ဆွေးနွေးခဲ့လဲ

ရန်ကုန်၊ ဧပြီ ၂၅

မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ပင်တို့သည် တရုတ်နိုင်ငံတွင် ယမန်နေ့က တွေ့ဆုံပြီး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာ ယင်းဆွေးနွေးမှုများထဲမှ ထင်သာမြင်သာရှိသော အချက်များကို ကောက်နုတ်တင်ပြလိုက်ပါသည်။

တရုတ်သမ္မတရှီကျင့်ပင်က မြန်မာနှင့်ပတ်သက်၍ ပြောကြားချက်များ အောက်ပါအတိုင်း ဖြစ်သည်။

၁- နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖောက် ဆက်ဆံရေးကို ရှေ့ဆက် မြှင့်တင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးတူပူးပေါင်းဆောင်ရွက် စဉ်ဆက်မပြတ်အရှိန်မြှင့်မည်။

၂- လာမည့် နှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အဖြစ် နှစ်နိုင်ငံ အကြား၊ နှစ်နိုင်ငံပြည်သူများအကြား ပူးူပေါင်း ဆောင်ရွက်မှု မြှင့်တင်ပြီး အလွှာစုံ ပူးပေါင်း ဆောင်ရွက်ရန်၊ ယဉ်ကျေးမှု ဖလှယ်ရေး အပါအဝင် ပြည်သူများ၏ ဘ၀ မြင့်မားတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံချစ်ကြည်ရေးတွင် ပြည်သူများ၏ ထောက်ခံမှု ခိုင်ခိုင်မာမာရရှိရေး ဆောင်ရွက်မည်။

၃- တရုတ်အနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ဘ၀ တိုးတက်မြင့်မားရေး အတွက် ထောက်ပံ့ကူညီမည်ဖြစ်ပြီး ယွမ်သန်း ၁၀၀၀ ကူညီမည်။

၄- မြန်မာအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထောက်ခံကြိုဆို ချီးကျူး ဂုဏ်ပြုသည်။

၅- တရုတ်အနေဖြင့် မြန်မာ- တရုတ်နယ်စပ်တွင် လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင် တည်ငြိမ်အေးချမ်းရေး အတွက် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

၆- ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း မြန်မာအစိုးရ ဦးဆောင် ကော်မတီဖွဲ့စည်းမှုအပေါ် ချီးကျူးဂုဏ်ပြုသည်။

၇- တရုတ်အနေဖြင့် မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် နှစ်နိုင်ငံ အကျိုးတူဖြစ်ထွန်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေး ကော်ရစ်ဒါ စီမံကိန်း အရှိန်အဟုန်မြှင့်တင်မည်။ ယင်းစီမံကိန်းများကြောင့် ခိုင်မာသော အကျိုးရလဒ်များ နှစ်နိုင်ငံပြည်သူများ ရရှိခံစားစေရေး ရည်ရွယ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်သမ္မတထံ ပြန်လည်ပြောဆိုမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁-တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အရင်းနှီးဆုံးချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီမှု များအတွက် ကျေးဇူးတင်သည်။

၂- မြန်မာသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းကို စတင်ချိန်ကတည်းက ထောက်ခံခဲ့ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစာ ပါဝင်လျက်ရှိသည်။

၃- ပိုးလမ်းမနှင့်ရပ်ဝန်း စီမံကိန်းတွင် ပါဝင်မှုသည် ပိုမိုကောင်းမွန်သော အကျိုးဖြစ်ထွန်းမှု ကမ္ဘာတွင် ဖြစ်ပေါ်လာစေမည်ဟု ယုံကြည်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံပြည်သူများအတွက် ခိုင်မာသော အကျိုးရလဒ်များ ရရှိစေမည်ဟု ယုံကြည်သည်။

၄- မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်လိုသည်။

၅- မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် စည်းမျည်းများ အတိုင်း တရုတ်၏ ရပ်တည်ချက်ကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ နယ်ပယ်ပေါင်းစုံတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်လိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts