All News Local News Peace

ဒေါက်တာအေးမောင်တို့ကို စစ်တွေမှ အင်းစိန် ထောင်ပြောင်း ရွှေ့မှု စစ်အာဏာရှင်ခေတ်ပုံစံ ပြုမူနေသလား

ရန်ကုန်၊ ဧပြီ ၈

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုများဖြင့် ထောင်ဒဏ် ၂၂ နှစ်ချမှတ်ခံ ထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို စစ်တွေ အကျဉ်း ထောင် မှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့မှုသည် စစ်အာဏာရှင်ခေတ်က နိုင်ငံရေး အကျဉ်းသားများကို ပြုမူသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။

ရခိုင်အမျိုးသားပါတီ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ၊ တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သူ ဒေါ်အေးနုစိန်က ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ထောင်ပြောင်း ရွှေ့မှုကြောင့် မိသားစုတွင် အခက်အခဲဖြစ်ရပြီး ယခင်ခေတ် စစ်အာဏာရှင်ပုံစံ ဖြစ်နေ ကြောင်း၊ ထောင်ပြောင်းရွှေ့ရာတွင် ရွှေ့သည့်အကြောင်းအရင်းနှင့် မိသားစုကို ကြိုတင် အသိပေးမှု မရှိကြောင်း ဟုဆိုသည်။

“ဘာကြောင့် ရွှေ့လဲဆိုတာတော့ကျမတို့မသိဘူး။ ထောင်ရွှေ့တဲ့ အစဉ်အလာကတော့ ဟိုခေတ် တွေမှာလည်း ကြုံဖူးတယ်လေ။ မြစ်ကြီးနားတို့ ပူတာအိုတို့ ကျိုင်းတုံတို့ ကလေးတို့ သရက်တို့ ဒီလိုပဲ ဝေးလံခက်ခဲတဲ့ နေရာတွေကို ပို့တယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ တရားခံတွေကိုပေါ့။ ဦးခွန်ထွန်းဦးတို့ကအစ မင်းကိုနိုင် ဦးပညာစာရ စသည်ဖြင့် ပေါ့လေ။ အများကြီးပါပဲ။ အမျိုးသမီးတွေရော အမျိုးသားတွေရော၊ သမ္မတကြီးတို့လည်း အဲဒီလို ပြောင်းတဲ့အထဲမှာ ပါချင်လည်းပါမှာပေါ့။ တိတိကျကျမသိတာ။ ထောင်ကတော့ နှစ်ရှည် ကျခဲ့ တာတော့ သိတယ်။ အခုလည်း အဲလိုပြောင်းလိုက်တယ်ဆိုတော့ မိသားစု ရှိတာက စစ်တွေ၊ အယူခံတက်ရမယ့် ရုံးကလည်း တရားခံ ရုံးကို မထွက်ရပေမယ့် ရခိုင်ပြည်နယ် တရားလွှတ်တော်က စစ်တွေမှာပဲရှိတယ်” ဟု ဒေါ်အေးနုစိန်ကပြောသည်။

ထောင်ပြောင်းရွှေ့ခြင်းကြောင့် မိသားစုအနေဖြင့် ထောင်ဝင်စာ တွေ့ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အဲဒီအချိန်မှာပဲ စစ်တွေက ပြောင်းလိုက်တယ်ဆိုတော့ ဟိုတုန်းက ခေတ်တွေအတိုင်းပဲ မပြောင်း လဲသေးဘူး ဆိုတဲ့ ခံစားချက်တော့ ဖြစ်တယ်။ ကျမတို့ကတော့ အခက်အခဲ ဖြစ်သွား တာပေါ့။ ကားနဲ့ဆိုရင်လည်း တစ်ညအိပ်၊ လေယာဉ်နဲ့ဆိုရင်လည်း စရိတ်က အစ အရမ်းများ တယ်ဆိုတော့လေ။ ထောင်ဝင်စာတွေ့ရတဲ့ အခက်အခဲတွေပေါ့။ အယူခံတင် သွင်းရင် အကျဉ်းသား နံပါတ်လိုတယ်။ အရေးတကြီးမပါမဖြစ်လိုတယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။

နှစ်ရှည်ထောင်ကျခံခဲ့ရပြီး ထောင်ပြောင်းခံခဲ့ရသော နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဦးမြအေးက မူအားဖြင့် မိသားစုကို အသိပေးခြင်း မရှိဘဲ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ထောင်ပြောင်း ခြင်းကို လက် မခံ ဟုဆိုသည်။

“မူအားဖြင့်တော့ လက်မခံဘူး မိသားစုကို အသိမပေးဘဲ ဒီလို အဝေးဆုံးထောင်တွေကိုပြောင်း တာကို။ မိသားစုကိုလည်း ကိုယ်ချင်းစာတယ်။ အခက်အခဲတွေ အများကြီးနဲ့။ အသိမပေးဘဲ ဒီလိုပြောင်းတာမျိုးက အရင်ခေတ်ပုံစံဖြစ်တယ်။ သို့သော်လည်း စစ်တွေမှာ လုံခြုံရေးကြောင့် လား၊ ဘာကြောင့်လဲတော့မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာအေးမောင်နဲ့ ကျနော်ရဲ့ နိုင်ငံရေးယူဆချက်က လုံးဝဆန့်ကျင်တယ်။ ဒါပေမယ့် သူတို့ဟာ မတူတဲ့အမြင်ကြောင့် ထောင်ကျခံရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်တယ်” ဟု ဦးမြအေးက ဆိုသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကိုနိုင်ငံရေးအကျဉ်းသားအဖြစ် အာဏာရ NLD ပါတီက လက်မခံသော်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက် ရေး အသင်း (AAPP) ကမူ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ကြေညာထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com