All News Local News

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို သူရဦးရွှေမန်း၏ UBPက ပါတီဝင်ရန် တရားဝင်ကမ်းလှမ်း

ရန်ကုန်၊ ဧပြီ ၂၉

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို သူရဦးရွှေမန်းဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) က ပါတီဝင်ရန် ကမ်းလှမ်းထားကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော့်ကို သူရဦးရွှေမန်းပါတီက ကမ်းလှမ်းထားပါတယ်။ တရားဝင်ကမ်းလှမ်းတာပါ။ ပါတီမှာ ပါဝင်ဆောင်ရွက်ဖို့ပါ။ ဒါပေမယ့် ကျနော် ဘာမှ မဆုံးဖြတ်ရသေးဘူး။ အခုက နိုင်ငံရေးကို လေ့လာနေပါတယ်” ဟု ဦးမိုးရန်နိုင်က ပြောသည်။

နိုင်ငံရေးတွင် ပါဝင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပြီး ခေတ်အဆက်ဆက် အုပ်ချုပ်သော အစိုးရ အဆက်ဆက်တွင် ပါဝင်သော လူညံ့များကြောင့် ပါဝင်အုပ်ချုပ်နေမှုကို မကြိုက်နှစ်သက်၍ နိုင်ငံရေးတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဦးမိုးရန်နိုင်သည် ရိုက်တာ သတင်းထောက် ၂ ဦး တရားစွဲဆိုခံရမှုတွင် တရားလိုသက်သေ အဖြစ် ပါဝင်ခဲ့သော်လည်း ရိုက်တာသတင်းထောက် ၂ ဦးကို ရဲမှူးချုပ် တင်ကိုကို၏ ထောင်ချောက်ဆင်ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် တရားဝင်ထွက်ဆိုခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts