All News Crime

တောင်ကြီးတွင် အသက်၇ လအရွယ်ကလေးအပါအဝင် ၄ လောင်းပြိုင်လူသတ်မှုဖြစ်

တောင်ကြီး၊ ဧပြီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အသက် ၇ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် မိသားစုလိုက် လေးလောင်းပြိုင် အသတ်ခံရမှု ယနေ့ နံနက်ပိုင်းတွက် ဖြစ်ပွားခဲ့သည်။

တောင်ကြီးမြို့ ကံသာရပ်ကွက် မင်္ဂလာလမ်း အမှတ် ၁၁၈ ရှိ မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက် အိမ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးရဲတပ်ဖွဲ့မှ ကနဦးသတင်းရရှိသည်။

မနက် ၈ နာရီ ခွဲ အချိန်ခန့် အဆိုပါ နေအိမ်ကို သက်ဆိုင်ရာကသက်သေများနှင့် ဝင်ရောက်စစ်ဆေးခဲ့ရာ အသက် ၂၇ နှစ်အရွယ် စိုင်းဆေမွန်၊ အသက် ၂၃ နှစ်အရွယ် နန်းခမ်းလှိုင်၊ အသက် ၇ လသားအရွယ် မောင်ဖဖ နှင့် အသက် ၁၇ နှစ်အရွယ် အိမ်ဖော်ဖြစ်သူမအေးမိုး တို့ အသတ် ခံထားရသည်ကို တွေ့ရှိရကြောင်း သိရသည်။

အားလုံးဒဏ်ရာဒဏ်ချက်ကိုယ်စီနှင့် အိပ်ယာအတွင်း၊ အိမ်တွင်းရှိ မော်တော်ယာဉ် နံဘေး စသဖြင့် နေရာအသီးသီးတွင် သေဆုံးနေမှုကို တွေ့ရှိရကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် အဆိုပါ မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်တွင် အလုပ်လုပ်နေသော အသက် ၁၉ နှစ်အရွယ် မနန်းပြည့်ပြည့် သည် အလုပ်ဆင်းရာလာစဉ် နေအိမ်အောက်ထပ်၌ အမျိုးသားတစ်ဦးသွေးများဖြင့်သေဆုံးနေကြောင်း တွေ့ရှိရာသက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

UZ

Photo- တောင်ကြီးရဲတပ်ဖွဲ့

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts